ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးတိုက်ခိုက်မှုတွေ၊ သွေးခွဲလှုံ့ဆော် ပြောဆိုရေးသားတာတွေ မကြာခဏတွေ့ရပါတယ်။ ဒီလိုမတူကွဲပြားမှုတွေကို နားလည်လက်ခံပြီး သဟဇာတဖြစ်တဲ့ လူ့ဘောင်အဖွဲ့အစည်းမျိုး ရရှိဖို့ ဘာလုပ်နိုင်မလဲ။ သတင်းထောက်မှတ်စုမှာ မမေခက တင်ပြထားပါတယ်။
ပြည်သူတွေကို ဖိနှိပ်တာမျိုးတွေမလုပ်ကြဖို့နဲ့ ဖက်ဒရယ်စနစ်ကိုဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ လိုက်ပါဆောင်ရွက်ကြဖို့ သမ္မတဦးဝင်းမြင့်က နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ အစိုးရဝန်ထမ်းတွေကို တိုက်တွန်းလိုက်သလို အဂတိလိုက်စားမှုတွေရှိလာရင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူးလို့လည်း သတိပေးလိုက်ပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ နေရပ် ပြန်လာနိုင်ရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးရတာဟာ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ဖို့ မရှိတာကြောင့် မဟုတ်ဘဲ၊ ဘင်္ဂလားဒေရှ့်နိုင်ငံဘက် လိုက်ပါဆောင်ရွက်မှု မရှိတာကြောင့်ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီး Filippo Grandi ဟာ ဒီကနေ့ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ စစ်ရှောင်ဒုက္ခသည်တွေ နဲ့ တွေ့ဆုံပြီး အခက်အခဲတွေနဲ့ မောင်တော၊ ဘူးသီးတောင်တွင် လုပ်ဆောင်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ် အရေးပေါ်ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်းဖြစ်တဲ့ အာရ်ဆူလာမူလာဟာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်မှာ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသလို ဒုက္ခသည်စခန်းတချို့ကိုလည်း သွားရောက်ခဲ့ပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတာဟာ သတင်းလွတ်လပ်ခွင့်တိုက်ပွဲရဲ့ အောင်မြင်မှုဆိုပြီး ကြိုဆိုကြပေမယ့် မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေဟာ အားရစရာမရှိသေးဘူး ဆိုတဲ့ ထောက်ပြဝေဖန်မှုတွေလည်း ရှိနေတာပါ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ ဗွီအိုအေသတင်းထောက် မေခက တင်ပြထားပါတယ်။
မြန်မာအစိုးရဘက်က အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေတွေ ရေးဆွဲရာမှာ အလုပ်သမား သမဂ္ဂတွေရဲ့ အကြံပြုချက်တွေကို အလေးထားထည့်သွင်းဖို့ ဒီနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ မေဒေးနေ့ အခမ်းအနားမှာ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။ ကိုယ်တိုင် သတင်းသွားယူတဲ့ VOA သတင်းထောက် မမေခ ပြောပြမှာပါ။
မြန်မာအစိုးရအနေနဲ့ အလုပ်သမားအခွင့်အရေးအကာအကွယ်ပေးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးပမ်းနေပြီး၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေသစ်တွေ ပြဌာန်းဖို့ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောပါတယ်
ကျောက်တူးတဲ့ လုပ်ကွက်တွေမှာ ခုလို မြေပြိုကျမှုတွေနဲ့ သေဆုံးမှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး ဖြစ်ပွားမှုတိုင်းမှာလည်း သက်ဆိုင်ရာ အာဏာပိုင်တွေ ဘက်က ကူညီကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မှု အားနည်းသလို ကျောက်စိမ်းတူး ကုမ္ပဏီတွေ အပေါ် ဥပဒေအရ ထိန်းကွပ်မှုလည်း အားနည်းနေတုန်းပဲလို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကောင်စီ (ကာ/လုံ) ကို ဆက်လက် မထားရှိသင့်ဘူးလို့ ဆိုပြီး ဒီကောင်စီထားရှိမှုကို ဖျက်သိမ်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီက ဒီကနေ့ တင်ပြခဲ့ပါတယ်။
လူတန်းစားပေါင်းစုံပါဝင်ပျော်ရွှင်နိုင်တဲ့ နှစ်သစ်ကူးပွဲတော်ကျင်းပနိုင်တာဟာ မြန်မာနိုင်ငံရဲ့ များစွာသောပြောင်းလဲမှုတွေထဲက လူမှုရေးရှုဒေါင့်မှာ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုဖြစ်တာကြောင့် အားလုံးကလည်း ကြိုဆိုကြတာပါ။ ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်နိုင်ပါမလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြပေးထားပါတယ်။
ဒီကနေ့နှစ်ဆန်း တရက်နေ့မှာ အကျဉ်းသား ၉၀၀၀ ကျော်ကို သမ္မတ ဦးဝင်းမြင့်က ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ပါတယ်။ အခုအချိန်ထိ လွတ်မြောက်လာသူတွေ အထဲမှာတော့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း) ဒုတိယဥက္ကဋ္ဌ အပါအဝင် ဖမ်းဆီးထားသူ ၃ ယောက်ထဲက ၂ဦးကို မတရားသင်းဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ထောင် ၂နှစ်စီ ဒီကနေ့ ချမှတ် လိုက်ပါတယ်။
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်နီးကပ်လာတာနဲ့အမျှအခုဆိုရင်မြန်မာနိုင်ငံအနှံ့သင်္ကြန်ရဲ့အငွေ့အသက်တွေသိသိသာသာတွေ့မြင်နေရပါပြီ။ရန်ကုန်မြို့မှာဆိုရင်လည်းသင်္ကြန်ပွဲဆင်နွဲဖို့ထူးထူးခြားခြားပြင်ဆင်သူတွေလည်းရှိနေပါတယ်။
လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို အခမဲ့သင်ကြားပေးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တဖက်တလမ်းကကူညီပံ့ပိုးနိုင်ဖို့အတွက် စု အသက်မွေး ဝမ်းကျောင်းသိပ္ပံ ကို ဝူရီဟီမန်ကိုရီယားကုမ္ပဏီနဲ့ Korea Myanmar Social Enterprise တို့ရဲ့ အကူအညီနဲ ဆောက်လုပ်တော့မှာ ဖြစ်ပါတယ်။ မမေခ သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေအပေါ် အစိုးရရဲ့ကိုင်တွယ်ပုံကို မေးခွန်းထုတ်နေကြသလို ပြည်နယ်အစိုးရက ဒုက္ခသည်တွေကို အကူအညီပေးမှုတွေဟာလည်း အားနည်းချက်တွေ ရှိတယ်လို့ ဝေဖန်နေကြပါတယ်။ ဒီလိုအရပ်သားထိခိုက်မှုတွေ များလာနေတဲ့ လက်ရှိ ရခိုင်ပြဿနာကို ဘယ်လိုအဖြေရှာမလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြပေးထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲမော်ကို အဂတိလိုက်စားမှုနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အရေးယူ ထိန်းသိမ်းလိုက်ပါတယ်။ NLD ပါတီ အစိုးရမဖွဲ့ခင်က ကြွေးကြော်ခဲ့သလို အဂတိကင်းတဲ့အစိုးရဖြစ်အောင်လုပ်နေပြီလို့ ယူဆနိုင်ပါပြီလား။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက မတ်လ ၁၄ ရက် ကြာသပတေးနေ့ နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကော်မတီအနေနဲ့ ဘာတွေ အထောက်အကူ ပေးနိုင်မလဲ။
လက်ရှိအစိုးရအနေနဲ့ အဂတိလိုက်စားမှုတွေနဲ့ပတ်သတ်လို့ ပြင်းပြင်းထန်ထန် ကိုင်တွယ် အရေးယူသွားဖို့ မူဝါဒချမှတ်ထားတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ သမ္မတရုံး ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ အာဏာရပါတီ၊ တပ်မတော်နဲ့ ပြိုင်ဖက် ကြံခိုင်ရေးပါတီတို့ကြား ပူးတွဲဆောင်ရွက်မှုတွေ ရှိနေပေမယ့်လို့ တဖက်နဲ့တဖက်အားပြိုင်နေမှုကြောင့် အကြပ်အတည်းအခက်အခဲတွေတော့ ရှိနေပါတယ်။ အခက်အခဲတွေကို ဘယ်လို ကျော်လွှားနိုင်ပါမလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်