၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတရပ်ကို ရန်ကုန်မြို့တော် ခန်းမရှေ့ ဒီကနေ့ ပြုလုပ်ရာမှာ အာဏာရ NLD ပါတီကို ထောက်ခံသူ တွေတက်ရာက်ခဲ့ပေမယ့် NLD ပါတီကတော့ ဒီလို လူထုထောက်ခံပွဲတွေလုပ်ဖို့ ညွှန်ကြားထားတာမျိုး မရှိဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က မတည်မငြိမ်အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက ၈ ထောင် လောက်ကို ပြန်လည်လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။
"… ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပျက်ပြားစေမယ့် ကိစ္စမျိုးတွေ ကို လက်ခံမှာ မဟုတ်ပါဘူး။ ဥပဒေနဲ့မညီတဲ့ကိစ္စတွေ ကိုလည်း ကန့်ကွက်ပါမယ်။ ဥပဒေနဲ့ အညီ ဆောင်ရွက်တဲ့ကိစ္စတွေကို ကျနော်တို့က ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ အသင့် ပါပဲ။" (ဗိုလ်ချုပ်သန်းစိုး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်)
ရခိုင်ဒေသအတွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေ ဒီရက်ပိုင်း ပိုပြီးအရှိန်တက်လာနေပြီး မြို့နဲ့နီးစပ်လာတဲ့ နေရာတွေထိပါ တိုက်ပွဲတွေ ကူးစက်လာတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဘေးတိမ်းရှောင်လာတဲ့ ရှင်း လက်ဝရွာသား အယောက် ၂၀ ကျော်ထဲက (၁၃) ဦးကို မတရားအသင်းနဲ့ ဆက်နွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့နဲ့ တရားစွဲဆိုလိုက်ပြီး ကျန်လူတွေကိုတော့ ခံဝန်ကတိနဲ့ ပြန် လွှတ်ပေးလိုက်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ အနီးကပ်ပစ်သတ်ခဲ့တဲ့ တရားခံကြည်လင်းကို ရန်ကုန်အင်းစိန် မြောက်ပိုင်းခရိုင်တရားရုံးက ဖေဖော်ဝါရီ ၁၅ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ ဒီသတင်းကိုတော့ တရားခွင်ကို ကိုယ်တိုင်သွားပြီးသတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို မင်္ဂလာဒုံလေဆိပ်မှာ သေနတ်နဲ့ အနီးကပ်ပစ်သတ်ခဲ့ တဲ့ တရားခံကြည်လင်းကို ရန်ကုန် အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်နဲ့ ဆိုင်တဲ့ အခြေခံဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင်ဖို့ ဥပဒေကြမ်း တရပ် ကြံ့ခိုင်ဖံ့ွဖြိုးရေး ပါတီ ဖက်က တင်သွင်းပါတယ်။ ဒီပြင်ဆင်တဲ့မူကြမ်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း လက်မှတ်နဲ့ တင်သွင်းဖို့လုပ်တာဖြစ်ပါတယ်။
၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကန္ဒာဟေဝန်ပန်းခြံမှာ ကျင်းပနေတဲ့ တချိန်တည်းမှာပဲ ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူတွေကို ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက တွေ့ဆုံပြီး စေ့စပ်ညှိနှိုင်းခဲ့ပြီး သဘောတူညီချက်တချို့ ရရှိခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု လွိုင်ကော်မှာ စိုက်ထူတာကို ကန့်ကွက်တဲ့အနေနဲ့ ပြည်နယ်လုံးကျွတ် သပိတ်ပွဲကို ကရင်နီလူထုတွေက ဒီကနေ့ပြုလုပ်တာမှာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ နှိမ်နင်းခဲ့ပါတယ်။
တရုတ်ဘက်က မြစ်ဆုံဆည်စီမံကိန်းကို ပြန်စမယ့်သဘောမျိုးပြောလာပြီးတဲ့နောက် ကန့်ကွက်မှုတွေ နိုင်ငံတဝန်းမှာ ပြန်ပေါ်လာပါတယ်။ တချိန်တည်းမှာပဲ အစိုးရကလည်း ဒီစီမံကိန်းနဲ့ပတ်သက်ပြီး စဉ်းစားထားတာတွေကို ပြောလာတာပါ။ ကန့်ကွက်သူတွေနဲ့ အစိုးရ၊ နှစ်ဘက်သဘောထားတွေကို သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခက တင်ပြထားပါတယ်။
တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ နောက်ဆုံး စီရင်ချက် ချမှတ်တော့မှာဖြစ်ပါတယ်။
တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို ဖေဖော်ဝါရီလ၁၅ ရက်နေ့မှာ နောက်ဆုံးစီရင်ချက် ချမှတ်တော့မှာပါ။ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတရားခွင်မှာ နှစ်ဘက်ရှေ့နေတွေအပြီးသတ် လျှောက်လဲ ချက်ပေးပြီးတဲ့နောက် နောက်ဆုံးစီရင်ချက်ချမယ့်နေ့ကိုတရားသူကြီးက ကြေညာလိုက်တာပါ။ မမေခက သတင်းပေးပို့ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပထမဆုံး လုပ်ဆောင်ချက်တခုနဲ့ စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီလိုစတင်တဲ့အချိန်မှာပဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်တာနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး သုံးဦးကို နုတ်ထွက်စာတင်ခိုင်းတာနဲ့ပတ်သက်ပြီး ပြည်သူကို ထုတ်ပြန် ပေးဖို့ ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၃၇ ဖွဲ့က ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဆီ လိပ်မူ ပြီးတော့ ဇန်နဝါရီလ ၂၁ ရက်၊ တနင်္လာနေ့ရက်စွဲနဲ့ စာပေးပို့ထားပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦးကို ပြည်နယ်ဝန်ကြီးချုပ်က နုတ်ထွက်ခိုင်းတဲ့ကိစ္စ စုံစမ်းစစ်ဆေးဖို့ လုပ်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။
ရက္ခိုင့်တပ်မတော် AA ကို စစ်ဆင်ရေးလုပ်ဆောင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်၊ သမ္မတရုံးရဲ့ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တပ်မတော်ဘက်ကပြောဆိုလိုက်ပါတယ်။
ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနတခုက ညွှန်ကြားရေးမှူးချုပ်တဦးကို တာဝန်ကနေ ထုတ်ပယ်လိုက်တဲ့ အကြောင်း သမ္မတလက်မှတ်ထိုးပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ကထုတ်ပြန်တဲ့ အမိန့်တရပ်ထဲမှာ ဖော်ပြထားပါတယ်။
ကုန်ဆုံးသွားပြီဖြစ်တဲ့ ၂၀၁၈ ခုနှစ်အတွင်း မြန်မာလူထုအများစုရဲ့ စားဝတ်နေရေး စီးပွားရေးပိုင်းနဲ့ပတ်သက်လို့ လူထုကိုယ်တိုင် ကရော လေ့လာသုံးသပ်သူတွေကပါ အားရစရာမရှိခဲ့ဘူးလို့ ပြောကြပါတယ်။ ၂၀၁၉ ခုနှစ်အတွက်ရော ဘယ်လို သုံးသပ်ခန်းမှန်းကြပါလဲ။ သတင်းထောက်မှတ်စု အစီအစဉ်မှာ မမေခ တင်ပြထားပါတယ်။
တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု တရားခွင်ဟာ ဒီကနေ့ အကြိမ် ၁၀၀ တိတိ ပြည့်ပြီးတဲ့နောက်မှာတော့ စွပ်စွဲခံရသူတွေဘက်က တင်ပြထားတဲ့ သက်သေ သုံးဦးကိုပဲ စစ်ဆေးဖို့ ကျန်ပါတော့တယ်။ ဒါကြောင့်လည်း မကြာခင်မှာ အမှု ပြီးပြတ်နိုင်ခြေရှိတယ်လို့ တရားလိုရှေ့နေကပြောပါတယ်။ မမေခက သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်