ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကျောင်းစာသင်ချိန် တလတိုးတဲ့ အစီအစဉ်နဲ့ပတ်သတ်လို့ ဝေဖန်မှုတွေရှိနေချိန်မှာဘဲ အခုလိုထပ်ပြီး ဖဲကြိုးစိမ်းလှုပ်ရှားမှုလို့ အမည်တပ်တဲ့ ကန့်ကွက်လှုပ်ရှားမှုတွေ ထွက်ပေါ်လာနေတာပါ။
ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကျောင်းစာသင်ချိန် တလတိုးတဲ့ အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ကို ထပ်မံဖျက်ဆီးမယ့်အစီအစဉ်တခုလို့ ပညာရေး အသိုင်းအဝိုင်း က ပြင်းပြင်းထန်ထန်ဝေဖန် ကြသလို မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ် ကတော့ စနစ်တကျ စီမံချက်ချ လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် အရပ်သားဒုက္ခသည်တွေ သိန်းဂဏန်းရှိလာပြီး အရပ်သားတွေ ဒဏ်ရာရ သေဆုံးမှုတွေ အရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေပါရှိနေပါတယ်။ ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်သူတွေအတွက် ငြိမ်းချမ်းရေးအလှမ်းဝေးနေပြီလား. သတင်းထာက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြထားပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်တွေနဲ့ မြန်မာနိုင်ငံအပေါ် ICJ မှာတရားစွဲထားတာကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ဖြေရှင်းခဲ့ ရပါတယ်။ ဒီတရားရင်ဆိုင်မှုဟာ မြန်မာနိုင်ငံအတွက် ဘယ်လိုသက်ရောက်မှု တွေရှိခဲ့ပါသလဲ။ သတင်းထောက်မှတ်စုမှာ မမေခ တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံခဲ့တဲ့ မွတ်ဆလင်ဒုက္ခသည် တွေက သူတို့ နေရပ်ပြန်ရေးမှာ သူတို့အတွက် နိုင်ငံတကာ လုံခြုံရေး တပ်ဖွဲ့တွေ တာဝန်ယူ ပေးဖို့ အပါအဝင် နိုင်ငံရေး တောင်းဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ မြန်မာအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ ေ
လူမျိုးတုံး သတ်ဖြတ်မှုကို မတားဆီးနိုင်ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက တရားစွဲဆိုထားတာကို ICJ နိုင်ငံတကာ တရားရုံးမှာ တတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ၂ ဘက်အပြန်အလှန် လျှောက်လဲချက်တွေ တင်သွင်းနေကြပါတယ်။
(Zawgyi/ Unicode) ဖြစ်စဉ်ကို ပြောပြသလို ဝန်ခံစရာ ရှိတာလည်း ဝန်ခံတာဘဲလေ။ ဆိုလိုတာက တပ်အနေနဲ့ အင်အား အလွန်အကျွံ သုံးခဲ့တယ်။ စစ်ရာဇဝတ်မှု တခု ကျူးလွန်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး သူ ဝန်ခံတာဘဲ။ ဒါပေမယ့် သူက Genocide မမြောက်ဘူးဆိုတာတော့ ခုခံပြီးတော့ ရှင်းလင်းသွားတယ်။
စစ်ပွဲနဲ့ ပဋိပက္ခတွေအတွင်းအမျိုးသမီးတွေနဲ့ ခလေးငယ်တွေ၊ အရပ်သားပြည်သူတွေ ထိခိုက်နစ်နာနေတာတွေကို အရေးယူဖြေရှင်းဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေက အဓိက ထောက်ပြပြောဆိုနေကြပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတချို့ကို ရန်ကုန်မြို့မှာ မမေခက တွေ့ဆုံ မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျရွေးကောက်ခံ အရပ်သားအစိုးရတက်လာချိန်မှာ အများက မျှော်လင့်ထားသလို လူ့အခွင့်အရေးချိုး ဖောက်ခံရမှုတွေလျော့နည်း ၊ လူ့အခွင့်အရေးနဲ့ပတ်သတ်တဲ့ စံနှုန်းတွေတိုးတက်လာတာမျိုးတွေ တွေ့ရပါလား။ နိုင်ငံရဲ့ လူ့အခွင့်အရေးအနေအထား ဘယ်လိုရှိပါလဲ။ သတင်းထောက်မှတ်စုမှာ မမေခ တင်ပြသွားမှာပါ။
တချိန်တုန်းက ဒီမိုကရေစီအစိုးရအနေနဲ့ တပါတီအာဏာရှင်ဆန်ဆန် တဘက်သတ် လုပ်ဆောင်မှုတွေကြောင့် တပ်မတော်က အာဏာသိမ်းယူခဲ့ရတဲ့အဖြစ်မျိုး အနာဂတ်မှာ မဖြစ်ဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သတ်လို့ သမိုင်းသင်ခန်းစာ ယူသင့်တယ်လို့ တပ်မတော် ကိုယ်စားလှယ်ကဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိလွှတ်တော်သက်တမ်းမှာ အပြီးဆောင်ရွက်မယ့်အကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာနေရတာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပျက်ကွက်မှုကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးအကြီးတန်အရာရှိတဦးက ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုဟာ တနှစ်ထက်တနှစ်တိုးလာနေပြီး၊ ဒီအခြေအနေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေပြဌာန်းဖို့ အစိုးရဘက်က ပျက်ကွက်နေတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက ထောက်ပြဝေဖန်ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုနိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဂန်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ နိုင်ငံတကာတရားရုံးမှာ အမှုတင်ထားပါတယ်။ မြန်မာဖက်က ဘယ်လို တုန့်ပြန်သလဲ၊ ထိရောက်မှုရှိပါ့မလား။ သတင်းထောက်မှတ်စုမှာ မမေခ တင်ပြသွားမှာပါ။
လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ရက္ခိုင့်တပ်မတော် AA ဘက်က ဖမ်းဆီးထားသူတွေ အမြန်ပြန်လွှတ်ပေးရေး တောင်းဆိုတဲ့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု လိုက်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအစိုးရဘက်က ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂရဲ့ ပင်မ တရားရေးအဖွဲ့ကြီးဖြစ်တဲ့ ICJ မှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဥပဒေအကြာင်းအရ သင့်တော်သလို တုံ့ပြန်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ငြိမ်းချမ်းရေးရဖို့အတွက် ဘာသာပေါင်းစုံကြား ဟန်ချက်ညီတဲ့ တရားမျှတမှု ရှိဖို့ ကြိုးစားသွားဖို့ တိုက်တွန်း သွားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ဘာသာရေးကို ခုတုံး မလုပ်ကြဖို့နဲ့ ဘယ်ဘာသာဝင်မဆို မြန်မာနိုင်ငံတွင်းနေထိုင်ကြသူတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် သစ္စာစောင့်သိကြဖို့ တိုက်တွန်းသွားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ အစိုးရ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် NCA လက်မှတ်ရေးထိုးထားတာ ၄ နှစ်ကျော်သွားပါပြီ။ ဒါပေမယ့် လက်ရှိအခြေအနေက အားရစရာမရှိပါဘူး။ ဒီတော့ လက်ရှိငြိမ်းချမ်းရေးလမ်းကြောင်း မှန်ကန်ပါရဲ့လား။ သတင်းထောက်မှတ်စုမှာ မေခ တင်ပြသွားမှာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က လွှတ်တော်ကိုတင်သွင်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်း ဥပဒေ ပြင်ဆင်ချက်မူကြမ်းကို ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။ အထူးသဖြင့်တော့ တပ်စခန်းတွေအတွင်းက မဲရုံတွေကို တပ်အပြင်မှာထားမယ်ဆိုတဲ့ အချက်အပေါ် အဓိက ဝေဖန်ထောက်ပြကြတာပါ။
ပြည်သူ့အစိုးရလို့ သတ်မှတ်ထားတဲ့ NLD အစိုးရ အာဏာရလာတာ အခုဆိုရင် ၄ နှစ်ကျော်လာခဲ့ပါပြီ။ ခုချိန်ထိ တရားဥပဒေ စိုးမိုးရေးပိုင်းအပိုင်းမှာ ထင်သလောက် ခရီးမရောက်ခဲ့ဘူးဆိုတဲ့ ဝေဖန် ထောက်ပြသံတွေ ပိုပြီး ကျယ်လောင်လာနေပါတယ်။ ဘယ်အချက်တွေ ပြင်ဆင်ဖို့ ထောက်ပြနေသလဲ။ သတင်းထောက်မှတ်စုမှာ မေခ တင်ပြသွားမှာပါ။
နောက်ထပ်ကြည့်ရှုရန်