အမျိုးသားရင်ကြားစေ့ရေးကို လုပ်ဆောင်မယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မယ် ဆိုတဲ့ ဂတိတွေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့အစိုးရဟာ တိုင်းရင်းသားတွေလိုချင်တဲ့ တန်းတူညီမျှရေးနဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဖြစ်လာဖို့ လက်တွေ့လုပ်ဆောင်နိုင်ပါ့မလား။ သတင်းထောက်မှတ်စုမှာ မေခ တင်ပြသွားမှာပါ။
မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် လူမှုဖူလုံရေးလုပ်ငန်းစဉ်တွေ ခေတ်နဲ့အညီ လုပ်ကိုင်နိုင်ရေးနဲ့ ကျန်းမာရေးခံစားခွင့်တွေ ဒီထက်ပေးနိုင်ရေးတို့အတွက် လုပ်ငန်းတွေကို အဆင့်မြှင့်တင်ဖို့ စတင် စမ်းသပ်လုပ်ဆောင်နေပြီလို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။
ကလေးစစ်သား စုဆောင်းအသုံးပြုမှုကို တားမြစ်တဲ့ နိုင်ငံတကာ ဥပဒေတရပ် မြန်မာနိုင်ငံအနေနဲ့ မဖြစ်မနေလိုက်နာဖို့ သဘောတူ လက်မှတ်ထိုး လိုက်ပါပြီ ။ CRC optional protocol တရပ်ဖြစ်တဲ့ ကလေးသူငယ်များ အခွင့်အရေး သဘောတူညီချက်၊ နောက်ဆက်တွဲစာချုပ်မှာ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လက်မှတ်ထိုးလိုက်တာပါ။
ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ပုံမှန် ခေါ်ယူကျင်းပဖို့ လိုအပ်တယ်လို့ တပ်မတော်က နောက်ဆုံး ပြုလုပ်ခဲ့တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တဲ့အပေါ် အာဏာရပါတီ NLD က ဝေဖန်လိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ARSA အစွန်းရောက် အကြမ်းဖက် သမားတွေ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ကြတဲ့ ဟိန္ဒူဘာသာဝင်တွေ အတွက် လူသား ချင်းစာနာထောက် ထားမှု အကူအညီတွေပေးဖို့နဲ့ မတရားသဖြင့်အသတ်ခံရ တာတွေကို နိုင်ငံတကာဘက်က အသိအမှတ်ပြုပေးဖို့ ဟိန္ဒူဘာသာဝင်တွေဘက်က တောင်းဆိုလိုက်ပါတယ်။
ARSA လက်ချက်ကြောင့် သေဆုံးခဲ့ကြတဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် စာနာထောက်ထားမှု အကူအညီတွေပေးဖို့နဲ့ မတရားသဖြင့်အသတ်ခံရတာတွေကို နိုင်ငံတကာဘက်က အသိအမှတ်ပြုပေးဖို့ ဒီနေ့မှာကျင်းပတဲ့ ရခိုင်ပြည်နယ်အတွင်း ဟိန္ဒူဘာသာဝင်တွေသတ်ဖြတ်ခံခဲ့ရတဲ့ ၂ နှစ်ပြည့်အခမ်းအနားမှာတောင်းဆိုလိုက်ပါတယ်။ မမေခ သတင်းပေးပို့ထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တပ်မတော်သားကိုယ်စားလှယ်တွေ ဒီကနေ့ တင်သွင်းလိုက်တဲ့ ဥပဒေကြမ်းကို လွှတ်တော်ဥပဒေကြမ်းကော်မီတီရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားမယ်လို့ ကော်မတီတာဝန်ရှိသူတဦးက ပြောပါတယ်။
ကျိုင်းတုံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အလားအလာကောင်းမယ်လို့ မျှော်လင့်ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားပေမယ့် တိုင်းရင်းသားအဖွဲ့တွေဘက်ကတော့ ဒီဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေလောက်သာ အဓိကထားပြောဆိုနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ ဘဏ် ငွေကြေးဂယက်ရိုက်မှုနဲ့ ပတ်သတ်ပြီး ပြည်သူတွေ မစိုးရိမ်ကြဖို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောကြားလိုက်ပြီး မရှေးမနှောင်းမှာဘဲ ဘဏ်တွေ ရဲ့ငွေကြေးလည်ပတ်မူကို စနစ်တကျစောင့်ကြည့်နေတာမို့ ပြည်တွင်းဘဏ်တွေ အနေနဲ့ ခိုင်မာတောင့်တင်းမူ ရှိကြောင်း ဗဟိုဘဏ် ဒုဥက္ကဌက လွှတ်တော်မှာ ပြောဆိုခဲ့တာပါ။
သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချဖို့ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ရဲ့ အဆိုပြုချက်ကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီရဲ့ ပြင်ဆင်ရေး လုပ်ဆောင်မှုမှာသာ ထည့်သွင်းလုပ်ဆောင်ဖို့ မဲခွဲအတည်ပြု လိုက်ပါတယ်။
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီထဲကနေ ကော်မတီဝင်နှစ်ဦး ထပ်ပြီး နုတ်ထွက်သွားပါပြီ။ တနင်္လာနေ့က ပထမကော်မတီဝင်တဦး နုတ်ထွက်ပြီးတဲ့နောက် ရခိုင် အမျိုးသားပါတီ ANP က လွှတ်တော်ကိုယ်စားလှယ် ကော်မတီဝင်နှစ်ဦး ထပ်ပြီး နုတ်ထွက်တာပါ။
ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ဆက်ရှိနေပေမယ့်၊ လာမယ့် သြဂုတ် ၃၁ ရက်နေ့ကျရင်တော့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ လေးဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
ရခိုင်ပြည်မြောက်ပိုင်းက အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တိမ်းရှောင်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် ပြန်စဖို့ ဒုတိယအကြိမ်ကြိုးပမ်းမှုအဖြစ် ဒီကနေ့ စတင်ဆောင်ရွက်ခဲ့ပေမယ့် တယောက်မှ ပြန်မရောက်လာပါဘူး။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ ကွတ်ခိုင်ဖက်တွေ မှာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒေသခံတွေ စားသောက်နေထိုင်ရေးအခက်ကြုံနေပြီး စစ်ဘေးတိမ်းရှောင်သူ ဦးရည်လည်း တိုးလာနေပါတယ်။
မြန်မာနိုင်ငံဒေသတချို့မှာ ကြုံနေရတဲ့ ရေဘေးကြောင့် လူအတော်များများ အသက်ဆုံးရှုံးခဲ့ကြရသလို လူထောင်ပေါင်းများစွာ အိုးအိမ်ပစ်ပြီး ရေဘေးရှောင်နေကြရပါတယ်။ ဒီလို နှစ်စဉ်ရေကြီး၊ ရေလျှံမှုတွေ အပြင်နောက်ဆက်တွဲ မြေပြိုမှုကို ရေရှည်မှာ ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ။ သတင်းထောက်မှတ်စုမှာ မမေခက တင်ပြထားပါတယ်။
သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချဖို့ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အဆိုပြုချက်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီမှာသာ ထည့်သွင်းဆွေးနွေးဖို့ ဥပဒေကြမ်းကော်မတီ တာဝန်ရှိသူတွေ ဒီကနေ့ပဲ လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။
ပြင်ဦးလွင်မြို့ရှိတပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နောင်ချိုမူးယစ်တိုးဂိတ်အနီး တိုက်ခိုက်မှုတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက်ညီနောင်မဟာမိတ်တပ်ဖွဲ့ ရဲ့လက်ချက်ဖြစ်တယ်လို့ TNLA တအာန်းလွတ်မြောက်ရေးတပ်မတော်ဘက်က အတည်ပြုပြောဆိုလိုက်ပါတယ်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်းက သဲဖြူကုန်းကျေးရွာမှာ မိုးများပြီး တောင်ပြိုတာကြောင့် အခုချိန်ထိ သေဆုံးသူအရေအတွက် အယောက် ၆၀ နီးပါးရှိနေပြီလို့ မီးသတ်ဦးစီးဌာနကပြောပါတယ်။
၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မဲခွဲ အတည်ပြုလိုက်ပါပြီ။ ဒါကြောင့် နောက်တဆင့်အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းတရပ် ထွက်လာအောင် ကော်မတီက ဆက်လုပ်သွားမယ်လို့ ပူးပေါင်းကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
“ဒုက္ခသည်အခြေအနေက တပူပေါ် ၂ပူဆင့်ပေါ့နော်။ ဒီရေဘေးဒုက္ခပါကြုံနေရတယ်။ အဲဒါ ကြောင့် အခြေအနေဆိုးနေပါတယ်။ မူလနေရာတွေကို ပြန်ဖို့ဆိုတာကလည်း တိုက်ပွဲတွေရှိနေလို့ ပြန်သွားလို့ မရဘူး။ စားဝတ်နေရေးကလည်း မပြေလည်ဘူး။ ပြီးတော့ရှေ့အနာဂါတ်ဘာနဲ့ စားမလဲ။ ဒုက္ခသည်တွေအခြေအနေက ပြင်ပအကူညီမျှော်နေရ တယ်။"
နောက်ထပ်ကြည့်ရှုရန်