ငြိမ်းချမ်းရေးကော်မရှင် နဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ ဆွေးနွေးရာမှာ UNFC ဘက်က တင်ပြထားတဲ့ အဆိုပြုချက်တွေကို မူအားဖြင့် သဘောတူညီချက်ရခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို ဆက်လက်ဆွေးနွေး ညှိနှိုင်းဖို့ သဘောတူညီ ထားခဲ့ပါတယ်။
Donald Trump ဦးဆောင်တဲ့ အမေရိကန် အစိုးရသစ် စတင်တာဝန် တာဝန်ယူချိန်မှာ နိုင်ငံတကာ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်လာနိုင်တာကြောင့် အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ်လိုင်ဇာအနီးက တပ်စခန်းတွေနဲ့ ဆွမ်ပရာဘွန်၊ မန်စီစတဲ့မြို့နယ်ဘက် KIA တပ်စခန်းအနည်းဆုံး ၄-၅နေရာလောက်ကို အစိုးရတပ်မတော် က လေတပ်ကိုပါအသုံးပြုပြီး ဒီကနေ့ မနက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေ တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် တို့ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ်အစိုးရက ကြားဝင်ဆောင်ရွက်ပေး ခဲ့ပေမဲ့ နှစ်ဖက်ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ဒီကနေ့ ကျင်းပမယ့် ဆွေးနွေးပွဲ အစီအစဉ်ဟာ အထမမြောက်တော့ပါဘူး အဓိကကတော့ အစိုးရဖက်က တဖွဲ့ချင်းစီ ဆွေးနွေးဖို့ တောင်းဆိုတာကို လက်မခံနိုင်တာကြောင့်လို့ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေဘက်က ပြောပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့ ၄ဖွဲ့ဟာ အရပ်သားပြည်သူတွေနဲ့ အခြေခံအဆောက်အဦးတွေကို ထိခိုက်ပျက်စီးစေတာကြောင့် အကြမ်းဖက်အဖွဲ့ အဖြစ် လွှတ်တော်က သတ်မှတ်သင့်ပြီလို့ ယူဆကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးခဲ့ပါတယ်။
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက် ဟာ လက်တွေ့အခြေအနေနဲ့ ကင်းကွာနေကြောင်း ပလောင်လက်နက်ကိုင်အဖွဲ့ဘက်က တုံ့ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်တာတွေ ပြန်လည်မြင့်တက် လာတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့ကို ထပ်မံတိမ်းရှောင်လာနေပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကောင်းကင်ကနေ ကျလာတဲ့ စက်ပစ္စည်း အပိုင်းအစကြီးတခုကို ကျွမ်းကျင်ပညာရှင်တွေနဲ့ စမ်းသပ်စစ်ဆေးဖို့ ပြင်ဆင်နေပြီး ဒီပစ္စည်းကို မပျက်ဆီးစေဖို့နဲ့ လူထုကို မထိခိုက်စေဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေမှန်တွေ သိနိုင်အောင် နိုင်ငံတကာအဖွဲ့တွေကို ဝင်ရောက်ခွင့်ပြုဖို့နဲ့ သမာသမတ် ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောင်းဆို ထားတဲ့အတိုင်း ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ရုံးပြောခွင့်ရသူက ပြောပါတယ်။
အစိုးရက ဖွဲ့စည်းထားတဲ့ ဧရာဝတီမြစ်ဆုံဒေသ သုံးသပ်ရေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ မနက် ကချင်ပြည်နယ် မြစ်ဆုံဒေသကို လာရောက်လေ့လာပြီး ဒေသခံ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းလေ့လာခဲ့ပါတယ်။
လာမယ့်သီတင်းပတ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်မှာ ကျင်းပဖို့ ပြင်ဆင်နေ ချိန်မှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသဖက်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေပြီး ရှမ်းပြည်နယ် အတွင်းမှာ ဖြစ်ပွားတဲ့တိုက်ပွဲမှာတော့အရပ်သား၂ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၉)ဖွဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံအတွက် ညှိနှိုင်းဆွေးနွေးနေချိန်မှာ တိုင်းရင်းသားနယ်မြေဒေသတွေအတွင်းမှာတော့ ပစ်ခတ် တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိပါတယ်။
"အဲ့ဒီ့ရွာသားငါးဦးကို ပြောင်းခြံထဲကနေ ဖမ်းသွားတာလို့ပြောပါတယ်ခင်ဗျ။ ဖမ်းသွားတာကတော့ တပ်မတော်စစ်ကြောင်းပေါ့လေ။ ဖမ်းသွားပါတယ်။ ဒါပေမဲ့ သတ်တာဖြတ်တာတော့ ကျနော်တို့ အတိအကျတော့ မသိရဘူးပေါ့လေ။ ဖမ်းသွားပြီးနောက်ပိုင်း ပြီးခဲ့တဲ့ မနေ့ကပေါ့လေ ၂၉ရက်နေ့က အလောင်းတွေ မြှုပ်ထားတာ တွေ့ရတာပေါ့လေ။ "
စစ်ကိုင်းတိုင်း၊ ဝန်းသိုနဲ့ ကောလင်းမြို့နယ်တွေမှာ ရေကြီးရေလျှံ တာကြောင့် လူနှစ်ယောက်သေဆုံးပြီး လမ်း တံတားတွေ ပျက်စီးပါတယ်။
NLD ပါတီဦးဆောင်တဲ့ အစိုးရသစ်တက်လာပြီးနောက် ပထမဆုံးထွက်ပေါ်လာတဲ့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေဟာ အပြင်အဆင်ရော၊ သတင်းဖော်ပြချက်တွေ ပါ ပြောင်းလဲသွားတယ် ဆိုပြီး ပြည်သူတွေအကြားမှာ တအံတသြဖြစ်ခဲ့ကြပါတယ်။
ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU) ရဲ့ ညီလာခံကို ရန်ကုန်မြို့မှာ ၃ ရက်တာ ကျင်းပဖို့ ရည်ရွယ်ထားပေမဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နဲ့ အာဏာပိုင်တွေရဲ့ တားမြစ်ချက်ကြောင့် ညီလာခံရပ်နားလိုက်ရပါတယ်။
ရှမ်းပြည်ညီညွတ်ရေးကော်မတီ ဥက္ကဋ္ဌ အသစ်အဖြစ် ရှမ်းပြည် ပူးပေါင်းဆောင် ရွက်ရေးကော်မတီ SSJAC ဥက္ကဋ္ဌ နဲ့ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကိုလည်း ဒီကနေ့ ရွေးချယ် တာဝန်လွဲှပြောင်းခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်းတပ်နဲ့ ပလောင်တပ်ဖွဲ့ ကြား တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ရှမ်းနဲ့ ပလောင် ဒေသခံတွေဟာ ကျောက်မဲမြို့နဲ့ နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာကို တိမ်းရှောင်နေရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၂ ဦး သတ်ဖြတ်ခံရမှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်လိုက်တဲ့အတွက် ရန်ကုန်မြို့ ထိုင်းနိုင်ငံ သံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အရင်က အစဉ်အလာမရှိသေးတဲ့ နိုင်ငံတော်အကြီးအကဲတာဝန် စနစ်တကျလွဲှပြောင်းပေးတဲ့ အစဉ်အလာကောင်း ထူထောင်ဖို့ သမ္မတ နဲ့ NLD ပါတီ ဥက္ကဋ္ဌ တို့ တွေ့ဆုံဆွေးနွေးမှုကို အကောင်အထည်ဖော်ခြင်းဖြစ်။
နောက်ထပ်ကြည့်ရှုရန်