ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ဒီရက်ပိုင်းတွေ အတွင်း အစိုးရတပ်နဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပွားနေပြီး လာမယ့် ရက်တွေအတွင်းမှာ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ပလောင် တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။
"တသက်လုံး ပြည်သူ့အကျိုးစီးပွားတွေကို ဘယ်လိုဆောင်ရွက်ခဲ့သလဲ သူ့ကြောင့် မြန်မာစာပေ မြန်မာ့ယဉ်ကျေးမှု မြန်မာ့အနုပညာ မြန်မာတွေ ဘုန်းတန်ခိုး ဘယ်လို တိုးတက်မြင့်မား လာခဲ့သလဲ ဆိုတာကို လက်ဆင့်ကမ်းတာပေါ့နော်။"
“ဒီကနေ့ ၁၂ နာရီမှာ ရပ်လိုက်တာ ဆက်ရှာတာလည်း အဆင်မပြေနိုင်တော့ဘူး ။ စက် မောင်းတဲ့ စက်သမားလေးတွေကော၊ ဒေသခံတွေရော၊ NGO အဖွဲ့အစည်းတွေကော လုပ်ရကိုင်ရတာလည်း သိပ်တော့မကောင်းဘူးဗျာ။”
မြန်မာပြည်မှာ ငြိမ်းချမ်းရေးတည်ဆောင်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ အတွက် မြန်မာအစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။
“ ၁၀၅ လောင်းပေါ့ ၂ ရက်ရှာတာ။ ဒီကနေ့ ၈ လောင်း ပေါင်းတယ်ဆိုရင် ၁၁၃ ဦးဖြစ်သွားပြီပေါ့ဗျာ။ အလောင်း ရှာဖွေတူးဖော်မှု ကတော့ အများဆုံးပေါ့ဗျာ။ ဒါက အချိန်နဲ့အမျှ ဆက်ပြီး တိုးဖို့ အလားအလာတွေ အများကြီးရှိသေးတယ်။
မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ၃ကြိမ် တိုက်ခိုက်ခဲ့သလို ကြာသပတေးနေ့မှာတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့နောက် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA ရဲ့ တပ်မဟာ ၈ ဌာနချုပ်ကို သိမ်းယူခဲ့တာဖြစ်ပါတယ်။
ရွေးကောက်ပွဲ အလွန်ကာလတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် အခုလိုထိုးစစ်တွေ ပိုမိုလုပ်ဆောင်နေတာဟာ လုံခြုံရေးကိုအကြောင်းပြပြီး အာဏာ လွှဲပြောင်းပေးဖို့ကြန့်ကြာအောင် လုပ်ဆောင်နေတယ်လို့လဲ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကရှုမြင်နေကြပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမှာမြို့အနီးမှာ အစိုးရတပ်နဲ့ ကချင်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီကနေ့ နေ့ခင်းဖက်မှာတော့ အစိုးရဖက် ကလေကြောင်းက ရဟတ်ယာဉ်နဲ့ အနည်းဆုံး ၃ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ မပါဝင်လာတာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားတွေ ပါဝင်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင် တဦးက ဝေဖန်ပါတယ်။
နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးနိုင်ဖို့ ပါတီရဲ့ မူဝါဒသဘောထား၊ လုပ်ငန်းစဉ်တွေ ကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားအစီအစဉ် ကနေ ရွေးကောက်ပွဲ မစတင်မီ ရက် ၆၀အလို နောက်လ ၈ရက်နေ့က စတင် ဟောပြောဖို့ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အစည်းအဝေးအပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို အချောသတ် ညှိနှိုင်းနိုင်ခဲ့တာ မရှိသလို အဓိကညှိနှိုင်းဖို့ ကျန်ရှိနေတဲ့ NCA လက်မှတ်ရေး ထိုးရာမှာ လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရေးဆိုတဲ့ အချက်ကို နှစ်ဖက် အဖွဲ့အစည်းတွေက အထက်အဖွဲ့အစည်းတွေကို တင်ပြဖို့ ရှိနေပါတယ်။
“မဲစာရင်းပြည့်စုံမှန်ကန်ဖို့က ကော်မရှင်တခုတည်းနဲ့ မပြီးဘူး။ ကော်မရှင်လည်းပါတယ်၊ နိုင်ငံရေး ပါတီတွေလည်းပါတယ်၊ နောက် မဲဆန္ဒရှင်တွေလည်းပါတယ်။ ကျနော်တို့ ဒီ ၃ ခုက ကိုယ့်တာဝန် ကိုယ်ကျေမှ perfect voter list ကို ရမှာပါ။”
“ငြိမ်းချမ်းရေးကနေ သွားတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှသာလျှင် အဖွဲ့အစည်း အားလုံး သဘော တူညီတဲ့ ရလဒ်ကို ရရှိမယ်။ အဲ့ဒီ့ရလဒ်အပေါ် မူတည်ပြီး အခြေခံဥပဒေ ကို ကျနော်တို့ကပြုပြင်မယ်။ ဖြည့်စွက်မယ်။ ပယ်ဖျက်သွားမယ်။ ရရှိလာတဲ့ ရလဒ်သာလျှင် ကျနော်တို့ နိုင်ငံရဲ့ရှေ့ရေးအတွက် ရလဒ်ဖြစ်တယ်လို့ ကျနော်တို့ခံယူတယ်။"
ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုဥပဒေကြမ်းအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့မဲခွဲရာ ဖွဲ့စည်းပုံပြင်ဖို့ အရေးပါတဲ့ ပုဒ်မ ၄၃၆ (က)နဲ့ သမ္မတရွေးချယ်ခံပိုင်ခွင့် ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) တွေကို ပြင်ဆင်ဖို့ အဆိုစတဲ့ အဓိကအချက်တွေကို ပြင်ဆင်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အရ လုံလောက်တဲ့မဲအရေအတွက်မရခဲ့ပါဘူး။
တိုက်ပွဲတွေ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မနေ့ညပိုင်းမှာတော့ လက်နက်ကိုင်လူ ၂၀လောက်က ဆိုင်းတောင် အနီးက ထူးကုမ္ပဏီပိုင်ကားတွေကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျပ်သိန်း ၆၀၀ကျော် ဆုံးရှုံးခဲ့ပြီး ကျူးလွန်သူ တရားခံကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIA အကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလိုဖြစ်ပွား ခဲ့တဲ့နောက် ဗုဒ္ဓဟူးနေ့ညက ဒေသတွင်းမှာ ပေါက်ကွဲမှု ၄ကြိမ်ဖြစ် ပွားခဲ့ပြီး အနည်းဆုံး လူတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသအတွင်းမှာ အစိုးရတပ်နဲ့ ၄လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နောက် ဒီကနေ့ကစတင်ပြီး တဖက်သတ် စစ်ရပ်စဲကြောင်း ကိုးကန့်တပ်ဖွဲ့က ဒီကနေ့ကြေညာလိုက်ပါတယ်။
ဖားကန့်နဲ့ တနိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ အစိုးရစစ်တပ်နဲ့ ကချင်တပ်ဖွဲ့တို့ရဲ့ ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့တွေ မြစ်ကြီးနားမြို့မှာ အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့တဲ့နောက် တိုက်ပွဲဖြစ်ပွားရာဒေသကို အတူပူးတွဲပြီး စုံစမ်းစစ်ဆေးဖို့ သဘောတူခဲ့ပါတယ်။
"သာမာန်ဗုံးနဲ့ မတူတာက သာမာန်ဗုံးက ကွဲသွားရင်တောင် မီးခိုးပဲ ထွက်တာပေါ့။ အခုဟာက သာမာန်မီးခိုးထွက်ပြီးတဲ့နောက် အရောင်တွေ ပါလာတယ်။ တချို့တွေကျတော့ အနီရောင်၊ တချို့တွေကျတော့ အဝါရောင်၊ အပြာရောင် တချို့ကျတော့လည်း အရမ်းဖြူတဲ့ အဖြူရောင်လည်း ရှိတယ်။ ပြီးတော့ စူးရှတဲ့ မွှေးကြိုင်တဲ့ အနံ့ရှိပါတယ်"
ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ၂လ တင်းတင်းပြည့်ချိန်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဟာ လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြားက ပါစင်ကျော်ရွာအနီး အနားဒေသတွေမှာ ဖြစ်ပွားနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်