ပုဂံရှေးဟောင်းဇုန်အတွင်းက ဘုရားတွေ ဖောက်ထွင်းထားတာကို ပုဂံ၊ ညောင်ဦးဧည့်လမ်းညွှန်များအသင်းကအဖွဲ့ဝင်တွေ စေတနာဝန်ထမ်း ကင်းလှည့်ကြည့်ရှုစဉ် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လောလောဆယ်မှာ ဖောက်ထွင်းခံထားရတဲ့ဘုရား ရှစ်ဆူလောက်ရှိနေကြောင်း ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန်များအသင်းက ပြန်ကြားရေးတာဝန်ခံဦးထက်ထွန်းအောင်က ပြောပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလထဲ ကျင်းပမယ်ဆိုရင် တိုင်းရင်းသားပါတီတွေက မဲဆန္ဒနယ်တွေအားလုံးမှာ တချိန်တည်း တပြိုင်တည်း ကျင်းပဖို့ လိုလားတယ်ဆိုတဲ့ သတင်းကို ကိုမိုးဇော် တင်ပြထားပါတယ်။
COVID- 19 ကပ်ရောဂါ ကျရောက်နေချိန် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေပေါ်မှာ ဝင်ရောက်ထွန်ယက်တာကြောင့် ဒေသခံတွေ အမှုဖွင့်ခံထားရသလို လယ်ထွန်စက်တွေ အသိမ်းခံထားရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြားက နမ့်ကွတ်ရွာမှာ သောကြာနေ့က TNLA က တပ်မတော် ယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့နောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဟာ ယာယီ ပြတ်တောက်ခဲ့ပါတယ်။
COVID-19 တိုက်ဖျက်ရေးဆိုင်ရာ အစိုးရရဲ့ ညှိနှိုင်းပူးပေါင်းရေးကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ၁၂ ဖွဲ့ကို ရောဂါ ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေးထောက်အကူပြုပစ္စည်းတွေနဲ့ Quarantine Center တွေမှာ အသုံးပြုရမယ့် ပစ္စည်းတွေကို ပေးအပ်ခဲ့တဲ့အကြောင်းကို တင်ပြပေးပါမယ်။
ကချင်ပြည်နယ် နမ္မတီးမြို့နယ် လမ်းခွရွာက စစ်ရှောင်စခန်းမှာ COVID-19 ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ အလှူရှင်အဖွဲ့အစည်းတွေဟာ အရင်ကလို လာရောက်တာမရှိတာကြောင့် အခက်အခဲတွေ့ကြုံနေရတာပါ။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီကနေ့ နေ့လည်ပိုင်းအချိန်မှာ အနည်းငယ် အားလျော့ကျသွားပေမဲ့ လေတိုက်နှုန်းဟာ တစ်နာရီ မိုင် ၁၃၀ လောက်ရှိနေပြီး မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းအရှိန်ဘယ်လို သက်ရောက်နိုင်လဲဆိုတာ မေးမြန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း Amphan ဟာ ဒီနေ့ ညနေပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့အဆင့်ကနေ စူပါဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိလာပြီး တစ်နာရီ ၁၃၅ မိုင်နှုန်းအထိ ရှိနေတဲ့သတင်းကို တင်ပြပါမယ်။
COVID-19 ကြောင့် အသွားအလာ ကန့်သတ်ထားတာကြောင့် ထိုင်းမြန်မာနယ်စပ်က ရှမ်းဒုက္ခသည်စခန်းတွေမှာ အလုပ်အကိုင်ခက်ခဲပြီး ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရသလို၊ ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေမှာတော့ COVID-19 ရောဂါ ကာကွယ်ရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ တည်ရှိနေပြီး လာမယ့် သောကြာနေ့မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက VOA ကို ပြောပါတယ်။
COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနေဝင်းဦးဆောင်တဲ့အဖွဲ့နဲ့ KIO ဘက်က ဦးဆွမ်လွတ်ဂမ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်အနီးက မိုင်ဆပ်ပါမှာ ဒီကနေ့ မနက် ၉နာရီခွဲကနေ ညနေ ၂နာရီအထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ ဒီကနေ့ online meeting ကျင်းပဆွေးနွေးရာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖာပွန်ခရိုင်အတွင်း အစိုးရတပ်မတော်နဲ့ KNU အကြား ထိတွေ့မှုဖြစ်ပွားတဲ့အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အပစ်ရပ်ထားတဲ့ ကရင်ပြည်နယ်တွင်းမှာ KNU နဲ့ ဒေသခံမြန်မာတပ်အကြား COVID-19 ရောဂါစောင့်ကြည့်ရေးလုပ်ငန်းကိုအခြေခံပြီး နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့အချိန်ှမှာပဲ အခုလို အပစ်ရပ်အဖွဲ့တွေနဲ့ အစိုးရဖွဲ့ထားတဲ့ ရောဂါတားဆီးရေးပူးပေါင်းအဖွဲ့တို့အကြား အွန်လိုင်းကနေ ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြပါတယ်။
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ အလွတ်သဘော ဆွေးနွေးတဲ့ သတင်းကို တင်ပြပေးပါမယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်ဆက်စပ်နေရာမှာ ဒီကနေ့ လေဖိအားနည်းရပ်ဝန်း တခု စတင်ဖြစ်တည်လာနေပြီး ခန့်မှန်းခြေ နောက် ၄ ရက်လောက်မှာတော့ မုန်တိုင်းငယ်တခု ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲမှာရော ဒီမိုကရေစီရေးလှုပ်ရှားမှုမှာပါ ရှေ့တန်းက ပါဝင်ခဲ့တဲ့ တို့ဗမာအစည်းအရုံးဝင် နောက်ဆုံးလက်ကျန် သခင်ဟောင်းကြီး တစ်ဦးဖြစ်တဲ့ ကွယ်လွန်သွားတဲ့အကြောင်းကို တင်ပြပါမယ်။
COVID-19 ရောဂါပိုးတွေ့ရှိထားသူတွေကို ရန်သူအဖြစ်သဘောမထားဘဲ ကိုယ်ချင်းစာတရားထားကြဖို့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မွန်ပြည်သူတွေနဲ့ တွေ့ဆုံတဲ့ စကားဝိုင်းမှာ ပြောဆိုလိုက်ပါတယ်။
တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ သင်္ကြန်အကြိုနေ့ညက ပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူအထိအခိုက် အသေအပျောက်မရှိပေမဲ့ COVID-19 ရောဂါကြောင့် သောကများနေချိန်မှာ ဖြစ်ပွားတာကြောင့် စိုးရိမ်စိတ်ပိုခဲ့ကြရကြောင်း ဒေသခံတွေက ပြောဆိုတာကို တင်ပြသွားပါမယ်။
COVID-19 နဲ့ပတ်သက်လို့ မြန်မာပြည်ဟာ လာမယ့်အပတ်မှာ စိန်ခေါ်မှုအကြီးဆုံး ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်းက ပြည်သူတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။
COVID- 19 ရောဂါ ထိန်းချုပ်ရေးအတွက် သင်္ကြန်ကာလအတွင်းအပြင်မထွက်ဖို့ တားမြစ်ထားချိန်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူထုတွေကို ဆန်၊ဆီ၊ဆား စတာတွေ ထောက်ပံ့မှာဖြစ်ကြောင်း နဲ့ ဒီလကုန်အထိ လျှပ်စစ်ဓါတ်အားခတွေကို ၁၅၀ယူနစ်အထိ ကင်းလွတ်ခွင့် ပေးမှာဖြစ်ကြောင်း တနင်္လာနေ့က အစိုးရက ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်