COVID- 19 ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ TNLA ခေါ် တအန်း(ပလောင်) အဖွဲ့အကြားမှာ တနင်္ဂနွေနေ့က တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ေ
မန္တလေးမြို့အခြေစိုက် Voice of Myanmar (VOM) သတင်းဌာန တည်ထောင်သူ၊အယ်ဒီတာချုပ် ဦးနေလင်း(ခ) ဦးနေမျိုးလင်းကို ချမ်းမြသာစည် မြို့နယ်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)နဲ့ ၅၂(က)တို့ နဲ့ ဒီနေ့မနက်မှာ အမှုဖွင့်လိုက်ပါတယ်။
မြန်မာနိုင်ငံမြို့နယ် တချို့က ပြည်သူတွေဟာ COVID-19 ကုသရေးအတွက် ဆေးရုံတွေမှာ လိုအပ်နေတဲ့ ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံနဲ့ အပူချိန်တိုင်းကိရိယာတွေကို စုပေါင်းပြီး လှူဒါန်းနေကြပါတယ်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်)က စေတနာ့ဝန်ထမ်းတွေ ဖိတ်ခေါ်ရာမှာ မြန်မာနိုင်ငံအနှံ့က ဆရာဝန် ၁၀၀ ကျော် စာရင်းပေးသွင်းထားပါတယ်။ တပ်မတော်ဘက်ကလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို တပ်မတော်ဆေးရုံတွေကို ပြင်ဆင်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဒီလကုန်မှာ ကျင်းပဖို့ ရည်မှန်းထားတဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာဟာ စစ်မှန်တဲ့ ဖက်ဒရယ်၊ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အတွက် ဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်နေချိန်မှာလည်း အမျိုးသားရင်ကြားစေ့ရေးကိုပစ်ပယ်ထားမှာ မဟုတ်ကြောင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံပွဲမှာ ပြောကြားပါတယ်။
အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား သုံးရက်ကြာ ဆွေးနွေးပွဲအတွင်း ဒီကိစ္စအပေါ် ညှိနှိုင်းဆွေးေ နွးခဲ့ကြတာ ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးကနေ အတည်ပြုပေးရမှာဖြစ်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၇၃ကြိမ်မြောက်ပြည်ထောင်စုနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးပါတဲ့ ပင်လုံ စိတ်ဓါတ်နဲ့ ၂၁ရာစုပင်လုံအောင်မြင်ရေး ရဲရဲအကောင်အထည်ဖော်ဖို့ အလေးထား တင်ပြသွားပါတယ်။
လက်ရှိ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့် နေရတာဟာ ဒုတိယပင်လုံဆိုတဲ့ စကားလုံးကြောင့်ဖြစ်ကြောင်း အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဝေဖန်လိုက် ပါတယ်။
ကချင်တော်လှန်ရေးနေ့ဆုတောင်းပွဲအခမ်းအနားကျင်းပခဲ့တာကြောင့် မြစ်ကြီးနားမြို့ နောင်နန်းဂျော်ဘွမ် ဆုတောင်းတောင်က ဘာသာရေးတာဝန်ခံနဲ့ လူငယ်ခေါင်းဆောင်တို့ကို မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁)အရ အမှုဖွင့်ခဲ့ပါတယ်။
တရုတ်-မြန်မာနယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ ဝ၊ မိုင်းလားနဲ့ လိုင်ဇာဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
မုံးကိုးမြို့နယ်မှာ KIA တပ်ဖွဲ့ဝင် ၂၀ကျော် ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားတဲ့အပေါ် KIA ဘက်က သူတို့တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်းနဲ့ သတင်းဓါတ်ပုံမှာ ဖော်ပြတဲ့ စစ်ဝတ်စုံနဲ့ သေနတ်တွေကလည်း လက်ရှိ သူတို့ သုံးစွဲနေတဲ့ လက်နက်တွေနဲ့ လွဲနေတာတွေရှိကြောင်း ငြင်းဆိုထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲနဲ့ နမ့်ဆန်ဒေသဘက်မှာ ဒီရက်ပိုင်းအတွင်း လက်နက်ကြီး ကျည်ကျရောက်တာနဲ့ မြေမြုပ်မိုင်းကြောင့် သေဆုံးတာနဲ့ ထိခိုက်တာတွေဟာ အရင်ကထက် ပိုမိုများပြား လာနေတယ်လို့ ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စံမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ကိုသွားရောက်ခဲ့ပြီး အဲဒီကတဆင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်မြို့နယ်မှာ လူထုတွေ့ဆုံပွဲကျင်းပပါတယ်။
ဒီကနေ့ လွိုင်ကော်မြို့မှာ ကျင်းပတဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသားတွေကြား စည်းလုံး ညီညွတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အီရန်စစ်ဗိုလ်ချုပ် Soleimani ကို အမေရိကန်က သတ်ဖြတ်လိုက်တာဟာ နိုင်ငံတကာ တရားဥပဒေကို မျက်ကွယ်ပြုရာရောက်သလို ဒါဟာ စစ်ပွဲကြီးတွေ ဖြစ်ပွားတဲ့အထိ ကျယ်ပြန့်လာနိုင်တယ်လို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးဆောင်ရွက်သူတွေက ရှုမြင်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ တည်ငြိမ်ရေးနဲ့ စီးပွါးရေးကိုပါ ရိုက်ခတ်မှုတွေ ရှိလာနိုင်နေပါတယ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ နမ္မတူမြို့နယ်အစပ်မှာ တိုက်ပွဲတွေထပ်မံ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံရွာသား ၅၀၀ကျော်ဟာ လားရှိုးမြို့ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းကို နောက်တစ်ကြိမ် တိမ်းရှောင်လာရပါတယ်။
ဒီရက်ပိုင်းတွေအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ TNLA ခေါ် တအာင်းပလောင်တပ် အဖွဲ့အကြားမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ပြန်ဖြစ်လာနေပြီး ဒီကနေ့မှာလည်း အနည်းဆုံး ၃နေရာလောက်မှာ ဖြစ်ပွားခဲ့ကြောင်း TNLA ဘက်က ပြောပါတယ်။
JICM အစည်းအဝေး ကျင်းပမယ့်ရက်ကို ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိပ်သီးအစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အစိုးရကိုယ်စားလှယ်တွေနဲ့ ဆက်လက်ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ မူဆလင် ၁၀၀နီးပါးကို ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာမြို့အနီးမှာ ဒီကနေ့မနက်အစောပိုင်းက အာဏာပိုင်တွေက ဖမ်းဆီးပြီး ပုသိမ်မြို့ကို ပို့ဆောင်လိုက်ပါတယ်။ ဒါဟာ ဒီလအတွင်း ပုသိမ်မြို့နယ်မှာ ဒုတိယအကြိမ်နဲ့ အများဆုံး ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်