ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စတဲ့မြို့ကြီးတွေမှာပါ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ SP Bakery စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို သူနေထိုင်ရာ မိုးကုတ်မြို့မှာ ဘယ်အဖွဲ့ကမှန်းမသိတဲ့ လက်နက်ကိုင်တချို့က ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ ကိုဗစ်ကပ်ရောဂါ ကာလ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အရင်လို တပ်ပေါင်းစုအနေနဲ့ သာမကပဲ တစ်ဖွဲ့ချင်းအလိုက်ပါ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။
တပ်မတော်နဲ့ TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့အကြား ဒီလ ၁၉ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွေအတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက လုံခြုံရေးအတွက်စိုးရိမ်တာကြောင့် ဒေသခံတွေ မိုးကုတ်မြို့ပေါ်ကို တိမ်းရှောင်လာကြတာပါ။
ကာလအတော်ကြာ ငြိမ်သက်နေခဲ့တဲ့ မိုးကုတ်ဒေသဘက်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ည ၇ နာရီလောက်က အစိုးရတပ်မတော်နဲ့ TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနောက်ပိုင်း ထွက်ပေါ်လာမယ့် အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်နိုင်မယ့် အခြေအနေနဲ့ အလားအလာတွေကို တင်ပြပါမယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးပါတီတချို့က ရွေးကောက်ပွဲမဲရလဒ်ကို ကန့်ကွက်နေတဲ့အကြောင်း သတင်းပေးပို့ချက်
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး အာဏာရ NLD ပါတီ၊ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေက ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်တွေ ထုတ်ပြန်လိုက်တဲ့အတွက် တိုင်းရင်းသား နိုင်ငံရေး အသိုင်းအဝန်းနဲ့ အကဲခတ်တွေကြား မျှော်လင့်ချက်တွေ ထွက်ပေါ်နေတဲ့အကြောင်း တင်ပြပါမယ်။
တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မမျှတမှုတွေနဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ရှမ်းပြည်နယ် အရှေ့ပိုင်းက မြို့နယ်တချို့မှာလည်း မမှန်မကန်လုပ်ရပ်တွေ ရှိခဲ့ကြောင်း ဒေသခံနိုင်ငံရေး ပါတီတွေ ပြောဆိုနေတဲ့အကြောင်း တင်ပြပါမယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး ဆက်လက်ဆောင်ရွက်ဖို့ တပ်မတော်ရဲ့ တိုက်တွန်းချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က တုန့်ပြန်ချက်တွေကို ပြောပြပါမယ်။
ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ အငြင်းပွားစရာတွေ စိန်ခေါ်မှုတွေ ကြုံခဲ့ရတဲ့ တိုင်းရင်းသား နယ်မြေတချို့မှာ ထောက်ခံမှုတွေ ကျဆင်းမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အသာရခဲ့တဲ့ အခြေအနေကို တင်ပြပေးပါမယ်။
လက်ရှိ COVID ကာလ အမေရိကန်ရွေးကောက်ပွဲ ကျင်းပမှုပုံစံကနေ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို သင်ခန်းစာယူစရာတွေ ရှိသလဲ။ နောက် အမေရိကန်ရဲ့ နိုင်ငံရေးအပြောင်းအလဲက မြန်မာနိုင်ငံရေးအပေါ် ဘယ်လို သက်ရောက်နိုင်သလဲဆိုတဲ့သတင်းကို တင်ပြပါမယ်။
ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရက်ပိုင်းသာ ကျန်တော့တဲ့ အချိန်မှာပဲ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာ တိုင်းရင်းသား နိုင်ငံရေးပါတီ တခုဖြစ်တဲ့ ကျားနီခေါ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ စည်းရုံးရေးမှူး တစ်ယောက်ကို တပ်မတော်က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းကို ပြောပြပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ မဲလက်မှတ်နဲ့ မဲရုံသုံးပစ္စည်းတွေကို သွားရောက်ပို့ဆောင်တဲ့ မော်တော်ယာဉ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းကို ပြောပြပါမယ်။
လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတဲ့ ချင်းပြည်နယ်မှာ ပထမဆုံးအကြိမ် တည်ဆောက်ပြီးစီးသွားတဲ့ လေယာဉ်ကွင်းသစ်မှာ လေယာဉ်တစင်းကိုလည်း စမ်းသပ်ပျံသန်းခဲ့တဲ့အကြောင်း ပြောပြပါမယ်။
မကြာသေးခင်က မိုးအကြီးအကျယ် ရွာသွန်းမှုတွေကြောင့် ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်နေသလို၊ ဧရာဝတီမြစ်ရေဟာလည်း စိုးရိမ်ရေမှတ် ရောက်လာနိုင်တဲ့အကြောင်း မိုးလေဝသဌာနက သတိပေးလိုက်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသတချို့မှာ မိုးကြီးနိုင်သလို လျပ်တပြတ် ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တဲ့အကြောင်း မိုးလေဝသပညာရှင်တွေ သတိပေးနေတဲ့ သတင်းကို တင်ပြပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ အစိုးရနဲ့အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ခေါ် RCSS နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားရာက ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ အခြေအနေကို ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ရှေ့လထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဒီကနေ့ စင်္ကာပူနိုင်ငံမှာ ကြိုတင်မဲပေးရာမှာ ချောချောမောမောဖြစ်တာ တွေ့ရပေမဲ့ ပြည်ပရောက် မြန်မာအများစုရှိရာ ထိုင်းနိုင်ငံမှာတော့ အခက်အခဲ ကြုံရမယ့် အလားအလာရှိနေတဲ့အကြောင်း ပြောပြပါမယ်။
မိုးရာသီကာလမှာ လုံးခင်း၊ ဖားကန့်၊ ခန္တီးနဲ့ မော်လူး-မော်ဟန် ရတနာမြေတွေကနေ ကျောက်စိမ်းရိုင်း ထုတ်လုပ်တာကို ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ယာယီ ရပ်နားထားခဲ့တာပါ။
မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုက တအန်း(ပလောင်)ရွာ ၃ ရွာမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်မပြုဖို့နဲ့ ပျက်ကွက်ခဲ့ရင် ဒဏ်ငွေပေးဆောင်ရမယ်လို့ NCAအပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSက သတိပေးထားကြောင်း တအန်း(ပလောင်) အမျိုးသားပါတီ TNP ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်