မြန်မာနိုင်ငံမှာ COVID 19 ရောဂါကြောင့် သေဆုံးသူတွေနဲ့ ကူးစက်သူတွေ တိုးလာနေပေမဲ့လည်း ကယားပြည်နယ်မှာတော့ အတည်ပြုလူနာ မတွေ့သေးတာကြောင့် နိုင်ငံရေး လှုပ်ရှားမှုတွေကိုလည်း ပုံမှန်အတိုင်း လုပ်နေကြတာပါ။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေကြောင့် အသွားအလာနဲ့ လမ်းပမ်းဆက်သွယ်မှုတွေ ကန့်သတ်ထားတာကြောင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ကပ်ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးဖို့ အခက်တွေ့နေတဲ့အကြောင်းကို ကိုမိုးဇော်က ပြောပြပေးပါမယ်။
အစိုးရပိုင် ရုပ်သံနဲ့ ရေဒီယိုကနေ ထုတ်လွှင့်မယ့် နိုင်ငံရေးပါတီတွေရဲ့ ပြည်သူကို စည်းရုံးဟောပြောချက်တွေကို ရွေးကောက်ပွဲကော်မရှင်က စိစစ်ဖြတ်တောက်တာတွေ ရှိနေပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကတော့ ဟောပြောချက် အတော်များများကို ဖြတ်တောက်တာကြောင့် မထုတ်လွှင့်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း တင်ပြပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ဦးဆောင်ပြီး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စကားဝိုင်းမှာ အွန်လိုင်းကနေ ကျင်းပရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု ရနိုင်မယ့် နည်းလမ်းတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ဲ့တာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ တအန်း(ပလောင်)ရွာသား ၃ ဦး သေဆုံးမှုအတွက် တာဝန်မရှိကြောင်း ဒေသခံစစ်တပ်က ငြင်းဆိုလိုက်တာကြောင့် အဖြစ်မှန်ပေါ်ပေါက်ရေး ဆက်လက်ကြိုးပမ်းသွားဖို့ တအန်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ပြင်ဆင်နေတဲ့သတင်းကို ပြောပြပါမယ်။
ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်းက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ တပ်စခန်း ၂ ခုကို ဖယ်ရှားဖို့ တပ်မတော်ဘက်က တောင်းဆိုထားတာပြီး နှစ်ဘက်အကြား နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့သတင်းကို ပြောပြပါမယ်။
မူဆယ်ခရိုင် ကြူကုတ်(ပန်ဆိုင်း) မြို့နယ်ခွဲအတွင်းမှာ ဒီလ ၁၁ရက်နေ့ကတည်းက အစိုးရတပ်မတော်နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီလ ၁၄ရက်နဲ့ ၁၅ရက်နေ့တွေမှာလည်း တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားနေပါတယ်။
ကပ်ရောဂါကြုံနေရချိန်မှာ တဘက်သတ် အပစ်ရပ်ထားဖို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြေညာထားပေမဲ့လည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး၊ စစ်ရေး တင်းမာမှုတွေ ကြီးထွားလာနေတဲ့အကြောင်း တင်ပြပေးပါမယ်။
ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုအခြေအနေကြောင့် ရွေးကောက်ပွဲရက်ကို လတ်တလော ရွှေ့ဆိုင်းဖို့မရှိသေးပေမဲ့ စစ်ပွဲတွေကြောင့် နယ်မြေဒေသတချို့မှာတော့ ရွှေ့ဆိုင်းရဖွယ်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်တဲ့အကြောင်းကို တင်ပြပေးပါမယ်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်၊ ပြည်ပရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌလည်းဖြစ်တဲ့ ယန်ဂျေချီဟာ နိုင်ငံတကာ ခရီးစဉ် တစိတ်တပိုင်းအဖြစ် ဒီတပတ်ထဲမှာပဲ မြန်မာနိုင်ငံကိုလည်း ရောက်ရှိလာမှာဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့မေလ ၂၉ ရက်နေ့က မူဆယ်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီနောက်တိုက်ပွဲဖြစ်ပွားရာနေရာက လူ ၃ယောက်ကို တပ်မ ၉၉ စစ်ကြောင်းက ဖမ်းဆီးသွားခဲ့တာပါ။
တပ်မတော်က အပစ်ရပ်ကာလ ၁ လ ထပ်မံသက်တမ်းတိုးကြောင်း ကြေညာလိုက်ပေမဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ဒေသ မပါဝင်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေရဲ့ အမြင်တွေကို ပြောပြပါမယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးနောက်ဆုံးနေ့မှာပဲ ၂၀၂၀ ပြည့်နှစ်အလွန် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အစီအစဉ်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ထိပ်တန်းခေါင်းဆောင်တွေကြား မတူညီတဲ့ သဘောထားတွေ ပြောဆိုခဲ့ကြပြီး ဒုတိယနေ့အဖြစ် ၂၁ ရာစုပင်လုံ ညီလာခံကို ဒီကနေ့ ဆက်လက်ကျင်းပရာမှာ နောက်ဆုံးအကြိမ် ညီလာခံမှာ ရရှိထားတဲ့ ပြည်ထောင်စုဆိုင်ရာ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့အကြောင်းပြောပြပါမယ်။
၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ဒီကနေ့ ပထမနေ့မှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ထိပ်တန်းခေါင်းဆောင်တွေ အလေးထား ပြောကြားခဲ့ကြပြီး ချဉ်းကပ်ပုံကွဲပြားမှုတွေလည်း ရှိနေတဲ့အကြောင်းကို တင်ပြပါမယ်။
ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မတိုင်ခင် အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ၂ ရက်ကြာ အကြိုဆွေးနွေးပွဲတခု ဒီကနေ့ စတင်ရာမှာ သဘောတူညီချက်တချို့ ရခဲ့တဲ့အကြောင်း ပြောပြပါမယ်။
၂၁ ရာစုပင်လုံ စတုတ္တအကြိမ်အစည်းအဝေးမှာ NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုခဲ့ရာမှာ အစိုးရဘက်က လက်ခံခဲ့ပေမဲ့ AA အဖွ့ဲကို ချန်လှပ်ထားခဲ့တာပါ။
တင်းမာလာနေတဲ့ တရုတ်- အမေရိကန် ဆက်ဆံရေးဟာ ဘယ်အခြေအနေကို ဦးတည်လာနေသလဲ ဆိုတာနဲ့ အင်အားကြီးနှစ်နိုင်ငံရဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံနဲ့ ဘယ်လို ပတ်သက်ဆက်နွယ်လာနိုင်သလဲ ...
ကွတ်ခိုင်မြို့နယ် ခိုတင်ရွာမှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ကလေး ခြောက် ယောက် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေထဲက ၅ နှစ်အရွယ် မိန်းကလေးကတော့ ဆေးရုံပို့မှာပဲ သေဆုံးသွားခဲ့တာပါ။
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေး ဗုဒ္ဓဟူးနေ့က အဆုံးသတ်ခဲ့ရာမှာ အရေးကြီးတဲ့ အချက်တွေ ဆွေးနွေးဖို့ ကျန်နေတာကြောင့် လာမယ့် စနေနေ့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်