စက်တင်ဘာ ၁ရက်နေ့က စတင်ပြီး နိုင်ငံတကာ ဧည့်သည်တွေ အွန်လိုင်းက တဆင့် E Visa လျှောက်ထားနိုင်ပြီး ဒီလို လျှောက်ထားရာမှာ လျှောက်ထားမှုကို လက်ခံ၊ လက်မခံဆိုတာကို တနာရီ အတွင်း အကြောင်းပြန်ကြားမှာဖြစ်ကြောင်း စသဖြင့် အသေးစိတ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
"အရေးအကြီးဆုံး အချက်လို့ ကျနော်တို့ တိုင်းရင်းသားတွေဘက်က ခံယူထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အစိုးရဘက်က လက်ခံလိုက်ပါတယ်။ ဒီအပေါ်မှာ နားလည်မှုရရင် ကျန်တဲ့အချက်တွေကို နားလည်မှုရဖို့ မခဲယဉ်းတော့ပါဘူး။"
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee သူ့ရဲ့ ဒုတိယမြောက်နေ့ ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့နှစ်တွေအတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သလို စစ်တွေထောင်နဲ့ ဒုက္ခသည်စခန်းတွေကို သွားခဲ့ပါတယ်။
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းက ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ဦးကို ဒီကနေ့ ပခုက္ကူ ခရိုင်တရားရုံးက နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။
လမ်းမမှာသွားနေတဲ့ တုတ် ဓားလက်နက်ပါတဲ့သူမှန်သမျှ အကုန်ဖမ်းဆီးထိန်းသိမ်းလိုက် ပြီးပြီ။ တဖက်နဲ့တဖက် လူမျိုးတမျိုးနဲ့တမျိုး ဘာသာတခုနဲ့တခု ခိုက်ရန်ဖြစ်ပွားစေတဲ့ စကားတွေ ပြောဆိုဆဲဆို ကြိမ်းမောင်း ဝါဒဖြန့်ဖြူးနေတဲ့ပုဂ္ဂိုလ်တွေ သိနေတာပဲ အဲ့တာတွေ ချက်ခြင်းဖမ်းဆီး ထိန်းသိမ်းလိုက်ရင် ဒါတွေက ချုပ်ငြိမ်းသွားမှာ
"လိုင်ဇာမှာ ကေအိုင်အို ဥက္ကဋ္ဌအပါအဝင် ဗဟိုကော်မတီဝင်တွေနဲ့တွေ့ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ် အတွက် ရှေ့ဆက်လျောက်ရမယ့် ကိစ္စတွေကို ဆွေးနွေး ပါတယ်။ ပြီးရင် မစ္စတာနမ်ဘီးယားဟာလည်း မကြာခင် ဧပြီလအတွင်းမှာ ကျင်းပမယ့် ကုလသမဂ္ဂအစည်းအဝေးမှာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ သူတင်ပြရမယ်"
ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ အစီအစဉ်ရှိပါတယ်။ ကျင်းပမယ့် ကာလကိုလည်း ကျနော်တို့ သုံးလ ကြိုတင်ပြီးတော့ ကြေညာပါ့မယ်။ နောက် လစ်လပ်မဲဆန္ဒနယ်များအားလုံး စုစုပေါင်း သုံးဆယ်ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများထိန်းသိမ်းရေးနဲ့ ရေကာတာ ဆန့်ကျင်ရေးနေ့မှာ ဧရာဝတီ မြစ်ဆုံရေကာတာနဲ့ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာစီမံကိန်းတွေကို ရပ်တန့်ဖို့အတွက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေက တောင်းဆို လိုက်ပါတယ်။
ကလေးမြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ မှာ လူသောင်းနဲ့ချီပြီး တက်ရောက်လာရာမှာ အများစုက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကို ထောက်ခံခဲ့ကြပါတယ်။
ချင်းပြည်နယ် ဟားခါးမြို့ခရီးစဉ်မှာ ဌာနဆိုင်ရာအကြီးအကဲတွေက သူတို့ရဲ့ ဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည်ကို သွား မကြိုဆိုဖို့နဲ့ လူထုတွေ့ဆုံပွဲကို မတက်ရောက်ဖို့အတွက် ညွှန်ကြားခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ညွှန်ကြားတာဟာ လူအခွင့်အရေးချိုးဖောက်တာဖြစ်ပြီး လွှတ်တော်မှာ တင်ပြအရေးယူသွားမယ်လို့ပြောပါတယ်။
မြန်မာအစိုးရဘက်က တနိုင်ငံလုံး အပစ်ရပ်စဲရေး နှစ်မကုန်ခင်ဆောင်ရွက်ပြီး လာမယ့်နှစ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ကတိပေးထားပြီး လက်နက်ကိုင် ၁၁ ဖွဲ့မှာ တဖွဲ့ချင်းရဲ့ သဘောထားတွေကို ကောက်ယူနေပါတယ်။
ဗန်းမော်ခရိုင်၊ မိုင်ဂျာယန်ဒုက္ခသည်စခန်းမှာ ဗုံးခိုကျင်းတူးလက်စအတွင်း ဝင်ကစားတဲ့ ကလေးတွေ တွင်းပြိုကျပြီး ၃ ယောက် သေဆုံးခဲ့ပါတယ်။
မြစ်ကြီးနား - မန္တလေးရထားမိုင်းဗုံးထိ တိမ်းချော်သွားတာကြောင့် အနဲဆုံး လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ် နေရာတွေကို ရာထူးကြီးတဲ့ ဗိုလ်မှုးချုပ်၊ ဗိုလ်မှုးကြီး နဲ့ ဒုဗိုလ်မှုးကြီး ၅၉ ယောက်နဲ့ အစားထိုး ခန့်ထားလိုက်ပါတယ်
တရုတ်၊ မြန်မာ နယ်စပ်ကုန်သွယ်ရေးဌာန ၁၀၅ မိုင်ဂိတ်မှာ ဗုံးပေါက်ကွဲပြီး လ.ဝ.က အရာရှိတဦး သေဆုံးခဲ့ရပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIAက အကြပ်တပ်သား ၃၅ယောက်က အစိုးရ တပ် စခန်းကို လာရောက် လက်နက်ချခဲ့ပါတယ်။
KNU နဲ့ မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ လက်တွေ့ အကောင်အထည်ဖော်မယ့် အချက်တွေ အဓိကဆွေးနွေးခဲ့ပါတယ်
တချို့ သုံးသပ်သူ တွေက NLD က ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရပေမဲ့ လွှတ်တော်မှာတော့ အနည်းစုပဲ ဖြစ်တာကြောင့် ထူးထူးခြားခြား မပြောင်းနိုင်
စစ်ပွဲ ဒေသအတွင်း ဒုက္ခသည် တွေ အတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ ကူညီ ကယ်ဆယ်ရေး ပစ္စည်း ယာဉ်တန်း ဒုက္ခ သည်စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။
ပုသိမ်မြို့ နဲ့ အုတ်ရှစ်ကွင်းကျေးရွာကို ပြေးဆွဲနေတဲ့ အမြန်ယာဉ်သင်္ဘော နစ်မြုပ်သွားတဲ့အတွက် လူအသေအပျောက်ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်