"ဖားကန့်မှာ ကျောက်စိမ်း တူးဖော်မှုက နည်းစနစ်မကျတော့ အင်မတန်မှ ဆိုးရွားစွာ ဖြစ်နေတယ်။ အဓိက ပြဿနာတော့ မိုင်းခွဲတာ။ အချိန်ပြည့် ဖားကန့်မှာက ဟိုကုမ္ပဏီက ခွဲလိုက် ဒီကုမ္ပဏီက ခွဲလိုက် ငလျင်လှုပ်သလိုဖြစ်နေတယ် ဖားကန့်တမြို့လုံးက အချိန်ပြည့် ။ ဒါကြောင့် တုန်ခါမှုက တော်တော့်ကို ဆိုးရွားနေတယ်။"
ရုရှနိုင်ငံအရှေ့ဖျားဒေသ မှာ ဗုဒ္ဓဟူးနေ့က ငါးဖမ်းသင်္ဘောတစင်း တိမ်းမှောက်ခဲ့ရာမှာ မြန်မာ သင်္ဘောသား ၄၂ယောက် လိုက်ပါသွားတဲ့အနက်က ၂၂ယောက်ကို ကယ်တင်ထားပြီးဖြစ်ပေမဲ့ ကျန် မြန်မာသင်္ဘောသား ၂၀ဦးရဲ့ အခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။
သက်တမ်းကုန်ဆုံးသွားတဲ့ ယာယီသက်သေခံကဒ်တွေ ပြန်လည်အပ်နှံတာ စတင် လက်ခံတဲ့ ၂ရက်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်း အပ်နှံသူ ၆ထောင်ကျော် ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှုးက ပြောပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို လိုင်ဇာမြို့က လာရောက်မယ့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ကိုယ်စားလှယ်တွေကို လိုင်ဇာ- မြစ်ကြီးနား လမ်းက လာရောက်ဖို့အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သဘောတူညီ လိုက်ပြီး ဒီကနေ့ မြစ်ကြီးနားကို ရောက်လာပြီဖြစ်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄က အစိုးရနဲ့ အပစ်ရပ်ထားတဲ့ NDAAခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ နယ်မြေအနီးမှာ အစိုးရတပ်က သံချပ်ကာ ၁၀စင်းလောက် စစ်ရေး လေ့ကျင့်မှု လုပ်ဆောင်တာဟာ သင့်တော်မှု မရှိကြောင်း NDAA ရဲ့ ပြောခွင့်ရ ပြော။
ဒီကနေ့ထိ သေဆုံးတာနဲ့ ရှင်းလင်းလိုက်တဲ့ ကြက်ကောင်ရေ ၃၀၀၀ ကျော်နဲ့ ငုံးကောင်ရေ ၁၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ မုံရွာမြို့မှာ ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားတာကို ပြည်ထောင်စု အစိုးရအထိ တင်ပြထားပြီး နေပြည်တော်က သုတေသနနဲ့ ရောဂါထိန်းချုပ်ရေးဌာနကပါ လာရောက် စစ်ဆေး ဆောင်ရွက်နေပါတယ်။
ကိုးကန့်ဒေသမှာ တနင်္လာနေ့က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက မြို့တော်လောက်ကိုင် က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးကိုပါ ပစ်ခတ် တိုက်ခိုက် ခံရပြီးတဲ့နောက် ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
"လောလောဆယ်တော့ မဖြစ်နိုင်သေးပါဗျာ။ ဒီဆွေးနွေးပွဲ လုပ်ဖို့ဆိုတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ဘက်က ချဉ်းကပ်ပုံ ချဉ်းကပ်နည်းနဲ့ တဖက်က အဆိုပြုတဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက ကွာခြားချက် တချို့ရှိနေလို့ဖြစ်ပါတယ်။" (သမ္မတ ပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့ဆုံဖို့ ပထမဆုံးအကြိမ်ဖိတ်ကြားမှုကို အချိန်နီးကပ်ပြီး စီစဉ်ဖို့ အခက်အခဲရှိ တယ်ဆိုပြီး နောက်တကြိမ် လွှတ်တော်အစည်းအဝေးကျမှ တွေ့ဆုံဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေဖက်က ဒီကနေ့ ပြန်ကြားပါတယ်။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဗိုလ်သင်တန်းကျောင်းက သင်တန်းသား ၂၃ယောက်ကျဆုံးခဲ့ရာမှာ သူတို့တွေဟာ တိုင်းရင်းသားမဟာမိတ်အဖွဲ့ဝင်တွေဖြစ်ကြပြီး ပလောင်ခေါ် တအာင်းအဖွဲ့က ၁၁ဦးနဲ့ ရခိုင်အဖွဲ့က ၈ဦးပါဝင်ခဲ့ပါတယ်။
"စစ်ရေးတင်းမာမှုကို ဖြစ်ပွားစေတဲ့ ကချင်ဌာနချုပ် အနီးစခန်းမှာ အင်အား အလုံးအရင်းနဲ့ နေရာယူထားတဲ့ တပ်စခန်းတွေကို ဖယ်ပေးဖို့ပေါ့နော်။ နိုင်ငံရေးဆွေးနွေးပွဲကို အမှန်တကယ်ပဲ အစိုးရဘက် ကနေပြီးတော့ သဘောထားဖြူစင်စွာနဲ့ လိုလိုလားလား ဖြစ်ပေါ်စေချင်တယ် ဆိုရင်တော့ တောင်းဆိုထားတဲ့ အချက်ကို အပြုသဘောနဲ့ တုန့်ပြန်ပါ"
မြန်မာ့တပ်မတော်က ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေ မှာ စစ်ဆင်ရေး အဆက်မပြတ် ဆောင်ရွက်လာသလို တခြားပြည်နယ်တွေမှာလည်း စစ်ရေးအရ ပြင်ဆင်တာတွေ ရှိလာတဲ့ အတွက် ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်လိုလားမှုရှိ ၊ မရှိ သံသယဖြစ် ရကြောင်းလည်း UNFCရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒီလတစ်ရက်နေ့မှာ ကျေးသီးမြို့နယ် တာ့ဖာဆောင်စခန်းက ရှမ်းတပ်ဖွဲ့တွေကို ဆုတ်ခွာဖို့ အကြောင်းကြားပြီးတဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်ထဲမှာ SSA မြောက်ပိုင်းတပ်နဲ့ အစိုးရတပ် အနည်းဆုံး တိုက်ပွဲ ၅နေရာဖြစ်ပွားခဲ့ပါတယ်။
အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားခဲ့တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကို ဝေယံ မင်းသူတို့ကို ဆက်လက် ရှာဖွေနိုင်ဖို့အတွက် နိုင်ငံတကာ ရှာဖွေရေး အဖွဲ့တွေလည်း ပူးပေါင်း ပါဝင်လာရာမှာ ဒီကနေ့မှာတော့ အမေရိကန်နဲ့ နီပေါလ်နိုင်ငံက ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရန်ကုန်မြို့ကနေ ပူတာအိုမြို့ကို ထွက်ခွာ သွားပြီဖြစ်ပါတယ်။
ရှမ်းပြည်နယ် မောက်မယ်ဒေသအရေးနဲ့ ပတ်သက်ပြီး ရှမ်းတပ်ဖွဲ့နဲ့ ပအိုဝ့် တပ်ဖွဲ့တို့အကြား တွေ့ဆုံ ဆွေးနွေးရာမှာ နယ်မြေအငြင်းပွားမှုကို စစ်ရေးနည်းအရ မဖြေရှင်းဖို့ နှစ်ဖက် နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ကြပါတယ်။
အဆက်အသွယ်ပြတ်နေတဲ့ ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင် ၂ယောက်ကို ရှာဖွေ ကယ်ဆယ်ဖို့အတွက် မြေပြင်ကနေ ရှာဖွေရေး အတွက် အဖွဲ့ ၃ဖွဲ့ခွဲပြီး စေလွှတ် လိုက်ပြီဖြစ်သလို ဝေဟင်ကနေ ရှာဖွေမယ့် အဖွဲ့တွေကတော့ ပူတာအိုမှာ အခြေပြု ကွပ်ကဲ ဆောင်ရွက်နေပါတယ်။
"အဓိက ကတော့ သွားလာနေတဲ့အချိန်မှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်သွားနိုင်တဲ့ ဟာမျိုးတွေ မဖြစ်အောင်ပေါ့လေ။ အဲ့သလို သွားလာတဲ့အခါ တယောက်နဲ့ တယောက် ညှိနှိုင်းပြီးမှ သွားလာဖို့ ဒါတွေကို ဆွေးနွေးတာ။ အဲ့သလိုတွေ့ဆုံခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်တပ်တွေ ရှေ့တန်းမှာ တိုက်ပွဲဖြစ်တာတွေက သိသိသာသာ လျော့ကျသွားနိုင်တယ်။"
“ကျနော်တို့မျှော်လင့်တာက နှစ်ဦးနှစ်ဘက်အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနည်းနဲ့ ဖြေရှင်းဖို့ ကျနော်တို့ အမြဲတမ်း ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်းပဲ သူတို့အဖွဲ့နဲ့ တွေ့ဆုံဖို့ မျှော်လင့်တာပေါ့လေ။”
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးဖို့ရှိပေမဲ့ သဘောထားကွဲလွဲနေတဲ့ ကိစ္စတွေကိုတော့ နောက်တဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်လက်ဆွေးနွေးမှာ ဖြစ်ကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSPနဲ့ အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်မတော် NDAA မိုင်းလားအဖွဲ့ ပြောဆိုလိုက်ပါတယ်။
"အပစ်အခတ်ရပ်စဲပြီးနောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို အစိုးရနေရာချထားပေးတဲ့ နယ်မြေဟာ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တာကြောင့် အဲ့ဒီနယ်မြေက ထွက်ခွာပေးဖို့ ရှမ်းတပ်ဖွဲ့ဖက်က တောင်းဆိုခဲ့လို့ နှစ်ဖက်တပ်ဖွဲ့တွေအကြား နယ်မြေစိုးမိုးမှုနဲ့ပတ်သက်ပြီး အမြင်သဘောထားကွဲလွဲ"
နောက်ထပ်ကြည့်ရှုရန်