၀ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲမှာ ပါဝင်တဲ့ စစ်ရေးပြအခမ်းအနားဟာ အရင်ကလည်း ဆောင်ရွက်ခဲ့ဖူးကြောင်းနဲ့ဒါဟာ ရန်လိုတဲ့သဘောထားနဲ့ ကျင်းပတာမဟုတ်ကြောင်း ဝတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံလို လူမျိုး၊ ဘာသာ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေ တည်ရှိနေတဲ့ နိုင်ငံအနေနဲ့ ဖယ်ဒရယ်စနစ်ကို တည်ဆောက်မယ်ဆိုရင် အခြေခံအကျဆုံးအချက်ဟာ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန် နားလည်မှု တွေဖြစ်တယ်လို့အမေရိကန်သံရုံးရဲ့ ဒုတိယအကြီးအကဲက ဒီနေ့ ကျင်းပတဲ့ ဖယ်ဒရယ်ရေးရာ ဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။
ထိန်းသိမ်းထားစဉ်အတွင်း တပ်မတော်က ပစ်ခတ်တာကြောင့် လူ ၇ ယောက် သေဆုံးခဲ့ရတဲ့ ရသေ့တောင်မြို့နယ်က ကျောက်တန်းကျေးရွာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က လာရောက် စုံစမ်းခဲ့ပါတယ်။ ဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းကို သွားရောက်စစ်ဆေးသလို သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ မူဆလင် ၁၀ ဦး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၀နှစ် စီကျခံနေရတဲ့ တပ်မတော်သား ၇ ဦးကို မူလက စစ်တွေ အကျဉ်းထောင်မှာ ထိမ်းသိမ်းထားပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြန်လည် လွှတ်ပေးလိုက်ပြီလို့ ရိုက်တာ သတင်းတရပ်က ဖော်ပြပါတယ်။
အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဘက်က လာမယ့် ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ဖွဲ့အနေနဲ့ အဆင်သင့်ရှိနေကြောင်း တအန်း(ပလောင်)အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။
အိန္ဒိယနိုင်ငံ ဗဟိုအစိုးရကို တော်လှန်နေတဲ့ လက်နက်ကိုင် ၂၄ယောက်ကို ဒီကနေ့ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးတရားရုံးကနေ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁နဲ့ တရားစွဲဆိုပြီး ထောင် ၂နှစ်စီချမှတ် လိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း လူမျိုး ဘာသာမတူသူတွေ အချင်းချင်း အပြန်အလှန် နားလည်ယုံကြည်မှုထားရှိပြီး ပဋိပက္ခတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးကြဖို့နဲ့ တိုင်းပြည်တိုးတက်ရေး အတူတကွ လက်တွဲ ကြိုးပမ်းသွားကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲမှုဟာ ကချင်နဲ့ ရှမ်းပြည်နယ်သာ ပါဝင်ပြီး လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မပါဝင်တဲ့အပေါ်မှာ ဝေဖန်တာတွေ ရှိသလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာဖို့အတွက် တောင်းဆိုတာတွေလည်း ရှိနေပါတယ်။
အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ဖွဲ့တို့ ဒီနေ့ မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးရာမှာ တိကျတဲ့သဘောတူညီချက်မရခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေးအတွက် မေလအတွင်းမှာ ထပ်မံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ဖွဲ့က ကိုယ်စားလှယ်တွေဟာ ဒီလ ၃၀ ရက်နေ့မှာ မူဆယ်မြို့ ဒီတွေ့ဆုံဖို့ ရှိပြီးအဓိက Bilateral နှစ်ဘက်အပစ်ရပ်ရေးဆွေးနွေးဖို့ ရှိနေပါတယ်။
၀ အထူးဒေသ ပန်ဆန်းဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူပြီး အကြီးအကျယ်တိုးတက်ပြောင်းလဲနေတာတွေ့ရမှာပါ။ သူတို့ရဲ့ မူဝါဒ၊ လက်နက်နဲ့လူအင်အားကြောင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ခဲ့တာဖြစ်တယ်လို့ ၀ ဒေသငြိမ်းချမ်းရေး နှစ်၃၀ပြည့် အခမ်းအနားမှာ ပြောကြပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ ကိုမိုးဇော် တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်တွင်း မြန်မာ့တပ်မတော် နဲ့ AA အဖွဲ့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကွန်ရက်တွေပေါ်မှာလည်း လူမျိုးရေးအရ အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးတဲ့နောက် အခုလို ပြောဆိုလိုက်တာပါ။
UWSP ဟာ NCA မှာ ပါဝင်လက်မှတ်ရေးထိုးရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့သဘောထားကွဲလွဲမှုရှိနေကြောင်း နဲ့ တပ်မတော် တစ်ခုတည်းထားရှိရေးကိုလည်း နိုင်ငံရေး အာမခံချက်တွေ အပြည့်အ၀ ရရှိမှ ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း ဒီကနေ့ ပန်ဆန်းမြို့မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ UWSP ရဲ့ ဒုဥက္ကဌက ပြောဆိုပါတယ်။
၀ ဒေသ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနား သတင်းဓါတ်ပုံ (VOA)
၀ ဒေသ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားမှာတော့ ဝပြည်နယ်သွေး စည်ညီညွတ်ရေးပါတီ UWSA အနေနဲ့ ၀ ဒေသဟာ ပြည်ထောင်စုကနေ ခွဲမထွက်ဘူးလို့ ကတိပြုလိုက်သလို၊ တဖက်မှာ ၀ ကိုယ်ပိုင်ခွင့်ရ ပြည်နယ်အဆင့်အထိ သတ်မှတ်ပေးဖို့ တရားဝင်တောင်းဆိုခဲ့ပါတယ်။
၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP/ UWSA ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့်ပွဲတော်ကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဟာ ဝပြည်နယ်ဟာ များစွာ ပြောင်းလဲတိုးတက်လာခဲ့ကြောင်းနဲ့ ဒီတိုးတက်မှုဟာ လူ၊ လက်နက်အင်အားအပေါ် အခြေခံနေကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။
၀ပြည်နယ် ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် အခမ်းအနားကို ပန်ဆန်းမြို့မှာ ဧပြီလ ၁၆ ကနေ ၁၇ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပတော့မှာပါတယ်။
မြေမြုပ်မိုင်းအသုံးပြုတာတွေကို ရပ်ဆိုင်းရေးဟာ အစိုးရတပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့တွေ အကြား အပြန်အလှန်ယုံကြည်မှု အားနည်းနေတာကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာ မရှိကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အတွင်းရေးမှူး ၁ က ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဒေသမှာ ခရီးသွားလုပ်ငန်းတွေ ပိုမိုကျဆင်းလာခဲ့သလို သင်္ကြန်ကာလသွားရောက်မယ့်ခရီးစဉ်တွေလည်း ဖျက်သိမ်းတာတွေ ရှိနေပါတယ်။
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K ခေါင်းဆောင်တွေကို ဆက်လက် ဖမ်းဆီး အရေးယူထားမယ်ဆိုရင် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးရေး အပိုင်းမှာ အခက်အခဲရှိလာ နိုင်ကြောင်း နာဂနိုင်ငံရေး သုံးသပ်သူက ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်