ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ မြို့နယ်မှာ ၂၀၂၀ ပြည့်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပူးပေါင်းလုပ်ဆောင်မယ်လို့ UWSP ကပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ ဝခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် UWSP ဘက်က အခုလို ပြောလိုက်တာပါ။
တပ်မတော်နဲ့ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့တွေဟာ မိုင်းကိုင်မြို့နဲ့ မိုင်၂၀လောက်အကွာ ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်းက လွယ်တောင်းတောင်ကြောမှာထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ။
ဒီကနေ့ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် ချင်းအမျိုးသားနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကမပြီးဆုံးသေးတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းကို ဆက်လက်လျှောက်လှမ်းဖို့ သတိပေးခဲ့ပါတယ်။
နှစ်ဘက် အပစ်အခတ်ရပ်စဲရေး ပိုပြီးခိုင်မာအောင် လုပ်ဆောင်ဖို့အတွက် NCA စာချုပ်ထဲက သက်ဆိုင်ရာ အခန်းတွေကို ဆွေးနွေးသွားရေး တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြား သဘောတူညီချက်ရတယ်လို့ KNU ခေါင်းဆောင်တဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိအောင် လုပ်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီးတဲ့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လည်း သူက တိုက်တွန်းပါတယ်။
တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီး အစားထိုး ခန့်အပ်ရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ တင်ပြခဲ့ရာမှာ အတည်ပြု၊ မပြု လာမယ့် ၁၀ရက်နေ့မှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။
(Zawgyi/ Unicode) ရခိုင်ပြည်နယ် အမ်းမြို့ပေါ်ကို တိမ်းရှောင်လာတဲ့ စစ်ရှောင် အရှိုချင်းလူမျိုး ၃၀၀ လောက်ဟာ စားနပ်ရိက္ခာနဲ့ ဆေးကုသရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေကြရပြီး လုံခြုံရေး အခြေအနေအရ နေရပ်မပြန်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ကျေးရွာသစ်မှာ နေရာချထားပေးဖို့ကို လိုလားနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းမှာ တနင်္ဂနွေနေ့ညက ခရစ်ယာန်ဘာသာဝင်တွေက အကြမ်းဖက် အတိုက်ခိုက် ခံရတာ ကြောင့် လူ ၁၂ယောက် ဆေးရုံတက်နေရကြောင်း ရိုဟင်ဂျာ ခရစ်ယာန် ဒုက္ခသည်များဆိုင်ရာ ကော်မတီအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်းတိုင်းဒေသကြီးခရီးစဉ် ဒုတိယနေ့မှာ လေရှီးနဲ့ ဗန်းမောက်မြို့တွေကို သွားရောက်ပြီး လူထုတွေဆုံပွဲတွေကျင်းပပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တရုတ်သမ္မတXi Jinping ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြိုဆိုခဲ့ကြပြီး ဒီခရီးစဉ်အတွင်းမှာ မပြေလည်သေးတဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ထည့်သွင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေပြီး ကာလအတော်ကြာ ငြိမ်သက်နေခဲ့ရာက ဒီရက်ပိုင်းအတွင်းမှာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မန္တလေး၊ လားရှိုးနဲ့ မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မတည်မငြိမ်တာတွေ ပြန်လည် ဖြစ်ပွားလာနေတာပါ။
ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အမ်းမြို့နယ်အတွင်းက အရှိုချင်းလူမျိုးတွေဟာ မကွေးတိုင်း ၊မင်းတုံး၊ ငဖဲနဲ့ သရက်စတဲ့မြို့နယ်တွေနဲ့ အမ်းမြို့ ပေါ်ကို တိမ်းရှောင်နေကြပါတယ်။
တရုတ်သမ္မတ Xi Jinping ဟာ မကြာခင်မှာ မြန်မာပြည်ကို လာရောက်မှာဖြစ်ကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။ တရုတ်သမ္မတခရီးစဉ်မှာ စီးပွားရေးဆိုင်ရာ နှစ်နိုင်ငံသဘောတူစာချုပ်တွေ လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။
ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ခုနှစ် ပထမ ၄လပတ်အတွင်းမှာ ကျင်းပဖို့ သဘောတူညီခဲ့ ကြပါတယ်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုတိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့စည်းလိုက်တဲ့အပေါ် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက သတိနဲ့ ကြိုဆိုလိုက်ကြပါတယ်။
၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပရာမှာ မနောပွဲတော်ထည့်သွင်း မကျင်းပဖို့ ဆုံးဖြတ်ခဲ့ပြီး ပြည်နယ်အစိုးရဝင်းအတွင်းမှာသာ ကျင်းပဖို့ ပြင်ဆင်ထားကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် အပေးအယူလုပ်မှာ မဟုတ်ကြောင်း မနေ့ကကျင်းပတဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ ကိုယ်စားလှယ် နှစ် ဦး နုတ်ထွက် ခွင့်ပြုကြောင်း အမိန့်ကြေညာစာကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာတရားရုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲခဲ့တာတွေဟာ နိုင်ငံအတွက် ထိရောက်တဲ့ တုံပြန်ချက်တွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ မြင်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာတရားရုံး ICJ မှာ တရားရင်ဆိုင်နေတာနဲ့ ပတ်သက်ပြီးတပ်မတော်ရဲ့အမြင်က ဘယ်လိုရှိပါသလဲ ။
နောက်ထပ်ကြည့်ရှုရန်