"ကျနော်တို့ကတော့ အားလုံး ပါဝင်နိုင်မှု ရှိရေးကိုပဲ ဆက်လက် ကြိုးပမ်းမယ်ဆိုတဲ့ သဘောထား ကျနော်တို့ ရှိပါတယ်ခင်ဗျ။ အဲဒီသဘောထားက UNFC တခုလုံးကို ထင်ဟပ်ပါတယ်။"
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ဖို့အတွက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက ဝနဲ့ မိုင်းလားအဖွဲ့တွေကို ဖိတ်ကြားထားပေမဲ့ ဒီနှစ်ဖွဲ့ကတော့ တက်မတက် မဆုံးဖြတ်ရသေးပါဘူး။
ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ခရစ္စမတ် လက်ဆောင်ပေးကြသလို ရယူဖို့ထက် အပြန်အလှန် ပေးဆပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသား လက်နက်ကိုင်၈ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ဒုတိယနေ့မှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ပါ အရေးကြီးတဲ့ အချက် ၃ ချက်ကို ညှိနှိုင်း သဘောတူညီခဲ့ပါတယ်။
ဒီနှစ် ပွင့်လင်းရာသီမှာ ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်ရေးအတွက် မြေစာသယ်ကားအများအပြားကို ပို့ဆောင်နေသလို လက်ရှိအစိုးရရဲ့ လက်ကျန်သက်တမ်းကာလအတွင်းမှာ ကျောက်စိမ်းတူးဖော်တာတွေကို အရင်နဲ့ မတူဘဲ အလွန်အကျွံတွေ ဆောင်ရွက်နေပါတယ်။
ဒီဇင်ဘာလ ၂ရက်နေ့က နောက်ဆုံး အသုတ်အဖြစ် လူ ၄၈ ဦးလွဲှပြောင်းခဲ့တာဖြစ်ပြီး ၆ လ အတွင်း လူ ၇၇၇ ယောက်ကို ၇ကြိမ် လွဲှပြောင်းခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့နဲ့ ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုဟာ အာဏာလွဲှပြောင်းရေးဖြစ်စဉ်ကို တည်တည်ငြိမ်ငြိမ်းစတင်စေပြီး စိုးရိမ်ချက်တွေကို ကျော်လွှားနိုင်မယ်လို့ ယူဆကြောင်း။
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဒီကနေ့မနက်ပိုင်းက အစိုးရတပ်ကနေ ကချင်တပ်ဖွဲ့ တပ်စခန်းတွေ ရှိရာဖက်ကို လက်နက်ကြီးတွေနဲ့ တနာရီကျော်လောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် မြို့အတွင်းမှာ အထိတ်တလန့်ဖြစ်ကြပြီး ကျောင်းတွေ ယာယီ ပိတ်ထားလိုက်ရပါတယ်။
“ကျနော်တို့က တကြိမ်တခါမှ ကျနော်တို့က သွားပြီးတော့ တိုက်တာမရှိပါဘူး။အဖြစ်မှန်ကိုတော့ ကျနော်တို့ မိုင်းနောင်က ပြည်သူလူထုတွေ အသိဆုံးပါ။ သူတို့ကလည်း ကျနော်တို့ကို စွပ်စွဲတာ ခဏ ခဏပဲလေနော်။”
မြန်မာနိုင်ငံအဝှမ်းရွေးကောက်ပွဲတွေ ကျင်းပပြီး နောက်တရက်မှာပဲ ရက်အတန်ကြာ ငြိမ်သက်နေခဲ့တဲ့ ရှမ်းပြည်နယ်အတွင်းမှာ အခုလို ပစ်ခတ်တိုက်ခိုက်တာတွေ ပြန်လည် စတင်ခဲ့တာပါ။
ရှမ်း၊ ကချင်၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေက ရွေးကောက်ပွဲအလွန် ကြုံလေ့ရှိတဲ့ ကန့်ကွက်မှု၊ မဲပေးမှုအခြေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အနိုင်အရှုံး ယေဘုယျခန့်မှန်းချက်တွေကို စုစည်းတင်ပြထားပါတယ်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ နောက်ဆုံးမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာမှာ လူဦးရေ ၁၀,၀၀၀ သောင်းတိုးလာပြီး နေရပ်လိပ်စာအတိအကျ မသိရတဲ့အတွက် မဲစာရင်း မှန်မမှန်စစ်ဆေးဖို့ အခက်အခဲရှိနေပါတယ်။
ကြိုတင်မဲတွေ စတင်လက်ခံနေရာမှာ မဲလက်မှတ်တွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီနဲ့ ကိုယ်စားလှယ်လောင်း အမည်တွေ မပါ ဝင်တာတွေ ရှိသလို့ တချို့ဒေသတွေ မှာတော့ ပယ်ဖျက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တွေ ပါဝင်နေတာတွေရှိနေပါတယ်။
"ဒီဥစ္စာက အင်မတန် အရုပ်ဆိုးတဲ့ကိစ္စလို့ ကျနော်တို့ ထင်ပါတယ်။ မဲဆွယ် စည်းရုံးတယ်ဆိုတာ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့ လုပ်ရမယ့် လုပ်ငန်းတာဝန်ပါပဲခင်ဗျ။"
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဒေသတွေ ထပ်မံတိုးမြင့်လာဖွယ်ရှိနေပါတယ်။
တောင်ကြီးမြို့ ရဲစခန်းရှေ့တည့်တည့်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အခုထိ တိကျတဲ့ သတင်းထုတ်ပြန်မှု မရှိသေးတဲ့အတွက် ဒေသခံပြည်သူတွေက ရွေးကောက်ပွဲကျင်းပချိန် တစုံတခုဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
"BBC က အသံလွှင့်တဲ့ကိစ္စမှာ သက်ဆိုင်ရာကြံ့ဖွံ့ပါတီကရှင်းရမယ့်ကိစ္စပဲဖြစ်တယ်။ အဲဒါကို ဘာကြောင့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ရသလဲဆိုတာကိုက မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။” (ဦးစိန်ကျော်လှိုင်)
ဒီကနေ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ NCA လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက် စာချုပ်ပါသဘောတူညီချက် အတိုင်း ၂၄ နာရီအတွင်း တပြည်လုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအတွက် အစိုးရကို တိုင်းရင်းသားခေါင်းဆောင်တဦးက တောင်းဆိုလိုက်ပါတယ်။
“ဒီကနေ့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သဘာဝဘေးကျရောက်နေတော့လေ အဲဒါနဲ့ ပက်သက်လို့ ဒါရွှေ့ဆိုင်းသင့်၊မသင့် ပေါ့နော်။ဒီနေ့နိုင်ငံရေးပါတီတွေနဲ့ ကျနော်တို့တွေ အစည်းအဝေးလုပ်တာတွေရှိပါတယ်။”
ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသ သတ္တုတူးဖော်ရာဒေသမှာ မိုးများပြီး မြေပြိုတာကြောင့် အနည်းဆုံး လူ ၇ ယောက် သေ ဆုံးပြီး ၉ ယောက်လောက်ပျောက်ဆုံးနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်