တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုး ဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ ကာလမှာ NCA ကို ပါဝင် လက်မှတ်ရေးထိုး မယ့် ရှမ်းနဲ့ ပအိုဝ်းအဖွဲ့တွေအကြားမှာ စစ်ရေးအရ တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။
“အခုကျနော်တို့ ဗဟိုကော်မတီဝင်တွေအားလုံးဆုံးဖြတ်ပါတယ်။ လက်မှတ်ထိုးပွဲဖြစ်မြောက်ရေးကော်မတီ စီစဉ်ထားတဲ့ အစီအစဉ်အတိုင်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားကြမှာပါ။” (RCSS/SSA တောင်ပိုင်း ဗိုလ်မှုးကြီး စိုင်းလှ)
“စည်းရုံးရေးကိစ္စတွေမှာ ထိခိုက်တာပေါ့။ စည်းရုံးရေးကိစ္စတွေမှာ ထိခိုက်နိုင်တယ်။ နောက်ပြီးတော့ ဒီမဲပေးနိုင်တဲ့ နေရာတွေကို အနက်ရောင်နယ်မြေ သတ်မှတ်ပြီးတော့ မဲမပေးပဲနဲ့ ထားလိုက်တဲ့အခြေအနေမျိုးရောက်ချင် ရောက်သွားနိုင်တယ်။”
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးမယ့်ရက် သတ်မှတ်ရေး လာမယ့် အောက်တိုဘာလ ၄ရက်နေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
“အိမ်ခြေ ၂၀၀ ကျော်ရှိတယ် ၁၀ အိမ်ထောင်ပဲ သွားကြည့်တယ်။ သူတို့ နာမည်မပါလည်း သူတို့မသိဘူး။ ပါ မပါလည်း စိတ်မဝင်စားဘူး။ ဘယ်ပါတီ တက်တက် သူတို့အတွက် အရေးမဟုတ်ဘူးပေါ့။"
“တိုက်ပွဲတွေမရှိဖို့ လိုအပ်ပါပြီ။ တိုက်ပွဲတွေ ထိန်းသိမ်းဖို့ လိုအပ်ပါပြီ၊ …… ဟိုဘက်ကြောင့်ပဲဖြစ်ဖြစ်၊ ဒီဘက်ကြောင့်ဖြစ်ဖြစ် တိုက်ပွဲတွေမဖြစ်အောင် နှစ်ဖက်ညှိနိူင်းပြီးတော့ ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အဲဒီလိုမြင်တယ်။” ( ဗိုလ်မှူးကြီး စိုင်းလှ)
ကချင်ပြည်နယ် ဝိုင်းမော်၊ ချီဗွေနဲ့ ဆော့လော်မြို့နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်တွေ မဲဆွယ် စည်းရုံးတာ မပြုလုပ်ဖို့ ကချင်အထူးဒေသ (၁) ခေါင်းဆောင် ဦးစခုန်တိန်ယိန်းက တားမြစ်ထားပါတယ်။
“စိတ်ကြွဆေးပြားပေါ့ဗျာ။ အားလုံးက ၁.၉ သန်းပေါ့ဗျာ။ နောက်ပြီးတော့ ကျနော်တို့ ဖန်စီဒိုင်းမိတယ်ပေါ့။ အလုံး ၅၀၀ ကျော်လောက်ပေါ့။ ဒီဟာကတော့ ၁.၆ တန်လေ။ မင်္ဂလာဒုံ ဇေကမ္ဘာဝင်းနားမှာ မိတယ်။ အဲဒီရဲ့ ကွင်းစက်ပေါ့နော်။ ဆက်မိတာပါ။” မူးယစ်ဗဟိုက ဒုရဲမှူးကြီး ဇော်လင်းထွန်း
အစိုးရတပ်နဲ့ ကချင် တပ်ဖွဲ့အကြား တိုက်ပွဲ ဖြစ်တဲ့အပြင် SSA တောင်ပိုင်းနဲ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် နဲ့ ရွေးကောက်ပွဲ အပေါ် ထိခိုက် လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် RCSS/SSA တောင်ပိုင်းက သူတို့ ထိန်းချုပ် ဒေသတွေအတွင်းမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လုပ်ငန်းတွေကို လုံခြုံစိတ်ချရတဲ့ အချိန်ထိ ယာယီရပ်ဆိုင်းထားဖို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
“ငြိမ်းချမ်းရေးကိုတော့ လူတိုင်းလိုချင်နေကြတာပါပဲ။ ငြိမ်းချမ်းရေးယူပြီးတဲ့နောက်ပိုင်း ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့တကွ တတိုင်းပြည်လုံး အတိုင်းအတာအနေနဲ့ ဘယ်လောက်ထိ အာမခံချက်တွေပေးထားသလဲဆိုတာလည်း တော်တော်လေး စကားပြောမယ်ခင်ဗျာ။" (နာဂပြည်သူတဦး)
တနိုင်ငံလုံးအပစ်ရပ်စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲကို အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌနှစ်ဦးပါ အဖွဲ့နဲ့ လက်နက်ကိုင် ဝနဲ့ မိုင်းလားအဖွဲ့တို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
“ကျနော်အနေနဲ့ အကောင်းမြင်သဘောမျိုးတော့ ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ ညှိနှိုင်းလာခဲ့တဲ့အခြေအနေကို ကြည့်ခြင်းအားဖြင့် ကျနော် လေးဖွဲ့ကတော့ ကျနော်တို့ အဆင်ပြေတဲ့ အနေအထားမျိုးရောက်သွားပြီလို့ ပြောလို့ရပါတယ်။” (ပူးဇင်ကျုံး)
အစိုးရအဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ပဏာမ အကြိုညှိနှိုင်းဆွေးနွေးကြရာမှာ အလားအလာကောင်းတွေ ပေါ်ထွက်လာနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
တနိုင်ငံလုံးအပစ်ရပ်ရေး NCA လက်မှတ်ရေးထိုးရေး နောက်ဆုံးအဆင့်ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေ ရန်ကုန်ကို ရောက်နေကြပါပြီ။
တရွာလုံး ရွှံ့နွံတွေဖုံးလွှမ်းသွားတဲ့ ချင်းပြည်နယ် တွန်းဇံမြို့နယ်က ဟားခါးလေးကျေးရွာကို နေရာသစ် ပြောင်းရွှေ့ဖို့ ချင်းပြည်နယ်အစိုးရက စီစဉ်ဆောင်ရွက်နေပြီး လောလောဆယ်မှာ သောက်သုံးရေနဲ့ အိမ်သာတွေ လိုအပ်နေကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးက ပြောပါတယ်။
"ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်မှုကတော့ ယနေ့ပြည်သူတွေပေါ်မှာ မှုတည်နေပါတယ်။ ပြည်သူတွေက တည်ငြိမ်မှုလိုချင်ရင် တည်ငြိမ်မှာပေါ့။ တည်ငြိမ်မှုကို မလိုဘူးဆိုရင်လည်း ကျနော် ယနေ့ Message တည့်တည့်ပဲပြောပါတယ်။ စကားကို လှအောင်မပြောဘူး။ အနာဂတ်က လူထုလက်ထဲမှာရှိတယ်။” (ဦးမောင်မောင်အုန်း)
လာမယ့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၀၀၀ ကျော် အမည်စာရင်းတင်သွင်းထားပြီး စိစစ်ချိန်မှာ ကိုယ်စားလှယ်လောင်းတွေကိုယ်တိုင် သွားရောက်ဖို့အတွက်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုစုပြီး ၂၀၁၂ ၂၀၁၃နဲ့ ၂၀၁၅ ခုနှစ် တွေက ပြည်ထောင်စု လွှတ်တော် နာယကထံကို ပေးပို့ခဲ့ပေမဲ့ အတည်ပြုပြဋ္ဌာန်းနိုင်တာ မရှိသေး တာကြောင့် သြဂုတ်လ ၁၃ရက်နေ့မှာ ဆောလျင်စွာပြဋ္ဌာန်းပေးဖို့ တောင်းဆိုပါတယ်။
မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအာဏာရ ပါတီတွင်း အပြောင်း အလဲတွေကြောင့် ရွေးကောက်ပွဲ အပေါ် သက်ရောက် မှုဖြစ်လာမှာကို နိုင်ငံရေး ပါတီခေါင်းဆောင်တွေက စိုးရိမ်နေပြီး အဓိက ကတော့ အစိုးရ စစ်တပ်နဲ့ အာဏာရပါတီက တပေါင်းတည်း ဖြစ်နေတာကြောင့် ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှုရှိပါမလား ဆိုပြီး စိုးရိမ်တာပါ။
နောက်ထပ်ကြည့်ရှုရန်