ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်ရဲကင်းစခန်းနဲ့ ဌာနချုပ်ကို တိုက်ခိုက်ခံရပြီးနောက် မောင်းတော်မြို့မှာ လုံခြုံရေးကိုတင်းကျပ်လိုက်ပြီး မောင်တောမြို့မှာ ဈေးတွေကျောင်းတွေလည်း ပိတ်ထားပါတယ်။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးက ရှေ့တန်းစခန်းတခုက ဒီကနေ့မနက်က တပ်မတော်ဘက်က Jet တိုက်လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်ဖွဲ့တွေ ကလည်း ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ထပ်မံပြင်းထန်လာနေပါတယ်။
ကချင်ဒေသနဲ့ မြန်မာပြည်အဝှန်းမှာ တပ်မတော်ရဲ့ထိုးစစ်တွေ ရပ်ဆိုင်းဖို့အတွက် မြစ်ကြီးနားမြို့မှာ လူပေါင်းသောင်းနဲ့ ချီပြီး စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ကချင်ဒေသမှာ တပ်မတော်က ထိုးစစ်ဆင်နေတာကို ရပ်တန့်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ တနိုင်းမြို့တွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရက်ခြားဆိုသလို ဖြစ်ပွားလာတာ အခုဆိုရင် ရက်သတ္တ ၂ပတ်ကျော် လောက်ရှိခဲ့ပြီး မနေ့ညနေခင်းပိုင်းကတော့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ်အနီးမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး Scot Marciel ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အပြီးမှာ အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေး အတွက် လက်နက်ကိုင် တိုက်ပွဲတွေ အဆုံးသတ်ရေးကို အားပေးကြောင်း KIO ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး Scot Marciel ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကို လေ့လာရေး ခရီးစဉ်ရောက်ရှိနေပြီး ဒီကနေ့မှာ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC နဲ့ တွေ့ဆုံခဲ့ပြီး စစ်ပွဲတွေရပ်တန်ရေးနဲ့ စစ်ရှောင်ဒုက္ခသည် အရေးကို အလေးထားဆွေးနွေး ခဲ့ပါတယ်။
ကိုယ်အင်္ဂါချို့ယွင်းတဲ့အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူမိန်းကလေးငယ်၂ဦးအမှုကို လျော်ကြေးပေးပြီး ညှိနှိုင်းဖြေရှင်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့ကို ထိထိရောက်ရောက်အရေးယူဖို့အဆိုတရပ်ကို ပြည်သူ့လွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကို ကမ္ဘာတဝှမ်း ကျင်းပနေချိန်မှာ မြန်မာပြည် အတွင်းမှာတော့ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၇ သန်းနီးပါး ကာလတန်ဖိုး သန်းပေါင်း တသောင်း ၄ထောင်ကျော်ဖိုးလောက် ဖမ်းဆီးရမိခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ် လိုင်ဇာမြို့အနီးမှာ ဒီကနေ့ မနက်အစောပိုင်းက အစိုးရတပ်မတော်ဖက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကချင်တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာချုပ်အနီးမှာ ဒီလ ၁၃ရက်နေ့မနက်ပိုင်းက အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြား အပြန်အလှန်လက်နက်ကြီးနဲ့ပတ်ခတ်တာတွေရှိခဲ့ပေမဲ့ ဒီကနေ့မှာတော့ အခြေအနေဟာ ငြိမ်သက်နေပါတယ်။
ရခိုင်ပြည်နယ်မှာ လွှတ်တေ်ာကိုယ်စားလှယ်နေရာအများစုအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီအတွင်းမှာ ညီညွှတ်ရေးပြိုကွဲနေပြီး ပါတီတွင်းက အင်အားစုအချို့ ခွဲထွက်မယ့်အခြေအနေတွေဖြစ်ပေါ်နေပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရင်၊ လက်ဝယ်ထားရှိရင် ဥပဒေအရ ထောင်၁နှစ်ကနေ ၇နှစ်အထိချမှတ်မယ်ဆိုတဲ့ တားမြစ်မိန့်တွေ ထုတ်ပြန်လိုက်တာကြောင့် တပိုင်တနိုင် လုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူ သိန်းနဲ့ချီပြီး ထိခိုက်မယ့် အခြေအနေ ရှိနေပါတယ်။
ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းရေးအတွက် ဒီကနေ့ ဒေသခံပြည်သူတွေက မြစ်ဆုံဒေသမှာ သဘောထားဆန္ဒထုတ်ဖော်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပ တောင်းဆိုခဲ့ကြပါတယ်။
မှော်ပုံကျေးရွာက ဆယ်အိမ်မှုးရွေးချယ်ပွဲမှာ သေနတ်နဲ့ချိန် ငေါက်ငမ်းပြောဆိုခဲ့တဲ့ ရဲအရာရှိတဦးရဲ့ပုံတွေ အင်တာနက် လူမှုကွန်ယက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် သက်ဆိုင်ရာ ရဲအရာရှိကို ထိန်းသိမ်းထားပြီး စစ်ဆေးအရေးယူဖို့ ပြင်ဆင်နေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့ပွားနေတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ အခုနောက်ဆုံး ရောဂါကူးစက်ခံရသူတွေထဲ မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးပါ ပါဝင်နေတာ တွေ့ရတဲ့အတွက် ခရီးသွားလာမှုတွေကို ဆင်ခြင်ဖို့ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက သတိပေးလိုက်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံမှာ 'ဝ' အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီက ‘ဝ’ ပြည်နယ် ဖွဲ့စည်းရေးကို တင်ပြတောင်းဆို လိုက်ပြီး ပြည်နယ် ဖွဲ့စည်းရာမှာ လက်ရှိ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းက ၆မြို့နယ်နဲ့အတူ ကျိုင်းတုံဒေသက မြို့နယ် တွေကို ပါ ထည့်သွင်းပေးဖို့ တင်ပြထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မစတင်မီ ၂ရက်အလိုမှာ ရှမ်းပြည်နယ်မြောက်ပိုင်း တာယန်းမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။
ဒီလကုန်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်မယ့် အစု အဖွဲ့ဝင်တွေ၊ ပါတီ၊ အဖွဲ့အစည်းတွေကို ဖိတ်ကြားစာတွေ ပေးပို့ထားပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်