နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က ယခုအကြိမ်မှာ ငြိမ်းချမ်းရေးကို အောင်မြင်အောင်လုပ်စေလိုကြောင်း...
၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးချယ်မခံရတဲ့ ပါတီ ၇၀ က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအတွက် ကိုယ်စားလှယ် ၅ဦးရွေးခြယ်ပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပရာမှာ တက်ရောက်လာတဲ့ ပါတီတွေက လက်မခံတာကြောင့် ကိုယ်စားလှယ် မရွေးချယ်နိုင်ခဲ့ပါဘူး။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကျင်းပမယ့်အပေါ်မှာ တအာင်း(ပလောင်)၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့က ကြိုဆိုလိုက်ပြီး ဖိတ်ကြားမယ်ဆိုရင် ညီလာခံမှာ ပါဝင်တက်ရောက်ဖို့အသင့်ရှိကြောင်း ပြောဆိုပါတယ်။
UPDJC ရဲ့ ဒုတိယနေ့ အစည်းအဝေးကို ဒီကနေ့ကျင်းပပြီး ၂၁ရာစုပင်လုံပူးတွဲကျင်းပရေးကော်မတီမှာ NCA ကို လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်၈ ဦး ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် UPDJC အစည်းအဝေးကို ဒီကနေ့ကျင်းပပြီး အားလုံးပါဝင်ရေးမူနဲ့ NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ညီလာခံပူးတွဲကျင်းပရေးအဖွဲ့ ဖွဲ့ဖို့ သဘောတူကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
မိုင်းယော်ရွာအနီး ပြောင်းခင်းမှာ အလောင်း ၅လောင်းတွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ တပ်မတော်သားတွေကို စစ်ဆေးရာမှာ အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေကို တက်ရောက်ကြားနာခွင့်ပေးခဲ့ပါတယ်။
“ဒီ မြန်မာအစိုးရ ကိုယ်စားလှယ်ပြောတာကတော့ လက်နက်စွန့်နိုင်မယ်ဆိုတဲ့ ကတိပေါ့။ အဲဒါကိုတော့ ထုတ်ပြန်ကြေညာချက်ထုတ်ရမယ်လို့ပြောပါတယ်။ ကျနော်တို့ မဟာမိတ် ၃ ဖွဲ့က အဲဒီကတည်းကနေ ထုတ်ပြန်ကြေညာချက်ထုတ်ဖို့ဆိုတာ ကျနော်တို့မှာ အခက်အခဲရှိတယ်။”
ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ကချင်တပ်ဖွဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ရာနဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးရသလို တချို့လည်း တိုက်ပွဲကြားမှာ ပိတ်မိနေ တယ် လို့ ဒေသခံတွေက ပြောပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူ၈ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်သူတချို့ကို လားရှိုးဆေးရုံကို ပို့ဆောင်ထားရပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နေချိန်နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်မဖော်နိုင်တဲ့ ကာလမှာ အကြီးစားသံယံဇာတ ထုတ်ယူသုံးစွဲမှုစီမံကိန်းတွေကို ရပ်တန့်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာခံက သဘောထားထုတ်ပြန်လိုက်ပါတယ်။
“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်ပဖို့အတွက် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည် ပြင်ဆင်သုံးသပ်တဲ့အစည်းအဝေးကို ဒီ သြဂုတ်လ ပထမပတ်လောက်မှာ ကျနော်တို့ ကျင်းပဖို့ရှိပါတယ်။”
မြန်မာနိုင်ငံလုံးဆိုင်ရာတိုင်းရင်းသားလူငယ်ညီလာခံကို ပင်လုံမြို့မှာ ဒီကနေ့ စတင်ကျင်းပခဲ့ပြီး လူမျိုး ၂၆မျိုးက ကိုယ်စားလှယ်တွေ၊ အထူးဧည့်သည်တော်တွေ၊ လက်နက်ကိုင် အဖွဲ့က ခေါင်းဆောင်တွေ အပါအဝင် လူပေါင်း ၈၀၀ကျော်လောက် တက်ရောက်ခဲ့ပါတယ်။
“ရှမ်းပြည်နယ်အစိုးရကို သူတို့ ဆိုင်းငံ့ထားတဲ့ စာပေါ်မှာ မူတည်ပြီးမှ ပြန်လည်သုံးသပ်ပေးပါ ဆိုတဲ့စာကို ကျမတို့သွားတင်ထားတယ်။ ဒါပေမယ့် အခု ခိုင်လုံတိကျတဲ့ သတင်းရပ်ကွက်ကနေကျမတို့ကို ခွင့်ပြုမိန့်ရတယ်ဆိုတဲ့အကြောင်းကို လာကြားတယ်။”
“ မိုင်ဂျာယန်ညီလာခံဟာ ၂၁ ရာစုပင်လုံညီလာခံအတွက်သာမကပဲ ကျနော်တို့ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းတွေ ရနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
၂၁ရာစုပင်လုံညီလာခံမှာ ချင်းပြည်သူတွေရဲ့ သဘောဆန္ဒတွေကို စုစည်း တင်ပြနိုင်ဖို့ အတွက် ပြည်နယ်လုံးဆိုင်ရာ အကြိုဆွေးနွေးပွဲတရပ်ကို ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ချင်းပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီတွေကို အဓိက ဖိတ်ကြားထားပြီး တခြား တသီးပုဂ္ဂလတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ဆွေးနွေးကြမှာပါ။
“လူတွေကတော့ အခု ဗိုလ်ချုပ်မှူးကြီးတက်တယ်ဆိုတာကို သိပ်ပြီးတော့ ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက ရင်ကြားစေ့ရေးမှာ ဘာအရင် ရင်ကြားစေ့ရမလဲဆိုတော့ ကျနော်တို့ NLD နဲ့ တပ်မတော် အဲဒါကြောင့်မို့လို့ အခုဟာက ကောင်းတဲ့အစဉ်အလာတခုဖြစ်တယ်။"
ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ မြန်မာ့တပ်မတော်ကနေ ပထမဆုံးတော်လှန်ခဲ့တဲ့ ဗိုလ်မှူး ကြီး ဗထူးရဲ့နှစ်၁၀၀ ပြည့်အခမ်းအနားကို သူကျဆုံးခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ကျင်းပနေပြီး သူရဲ့ဇာတိမြေ တနင်္သာရီတိုင်းဒေသကြီးလောင်းလုံမြို့နယ် မှာတော့ မနက်ဖြန် မှာ ကျင်းပမှာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီကနေ့တက်ရောက်ခဲ့ပြီး ညီလာခံနဲ့ပတ်သက်လို့ မူဝါဒ လမ်းညွှန်ချက် ၄ရပ်ကို အဓိကဆွေးနွေးခဲ့ပါတယ်
နောက်ထပ်ကြည့်ရှုရန်