မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ၂၀၁၇ခုနှစ်မှာ သိသိသာကျဆင်းလာခဲ့ကြောင်း ၊ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းစာရင် ဘိန်းစိုက်ဧက ၃သောင်းခွဲကျော် ကျဆင်းခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းဆိုင်ရာရုံး UNODC က ဒီနေ့ အစီရင်ခံစာထုတ်ပြန်ပါတယ်။ ဒီလို ဘိန်းစိုက်ပျိုးတာတွေ ကျဆင်းလာတဲ့တချိန်တည်းမှာ ဘိန်းစိုက်ပျိုးရာဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဘာသာပေါင်းစုံ က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံဟာ မတူညီတဲ့အရာတွေ စုပေါင်းနေတာကြောင့် ဒါကို သဘောထားကြီးကြီးနဲ့ တန်ဖိုးထားပြီး ချစ်ချစ်ခင်ခင်နေထိုင်ကြရင် ကမ္ဘာ့အလယ်မှာ ငြိမ်းချမ်းတဲ့ နိုင်ငံတခု ဖြစ်နိုင်ကြောင်း မိန့်ကြားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီရက်အတွင်းမှာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ပီကင်းမြို့ကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ ရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ ချက်ချင်းဆိုသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ ခရီးစဉ်ကို ထုတ်ပြန်လိုက်တဲ့အပေါ် နိုင်ငံရေးသုံးသပ်သူတွေအကြားမှာ အလေးထားမှုတွေ မြင့်တက်စေခဲ့ပါတယ်။
ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော် ဘဒ္ဒန ္တပညာဝံသ (အဂ္ဂမဟာပဏ္ဍိတ) ဒီကနေ့ မနက်မှာ မလေးရှားနိုင်ငံမှာ ပျံလွန်တော်မူခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ကျော် ပြည်ပသာသနာပြုလုပ်ငန်းကို ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ပီနန်ဆရာတော်ဘုရားကြီးပျံတော်မူတာဟာ သာသနာပြန့်ပွားရေးအတွက် ဆုံးရှုံးမှုတခုအဖြစ် သုံးသပ်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာ ဒီလ ၁၅ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ အတန်အသင့်ငြိမ်သက်နေခဲ့ပြီး မိမိနေရပ်ကို စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူတွေ အတွက် စားနပ်ရိက္ခာနဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နေပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာ အစိုးရတပ်မတော်နဲ့ AA ခေါ် ရခိုင်လက်နက်ကိုင်တပ် အကြားမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို တိုက်ပွဲဖြစ်ပွားတာတွေဟာလည်း ရက်သတ္တ ၂ပတ်နီးပါးကြာမြင့်လာနေပြီ ဖြစ်ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသအတွင်းမှာ အစိုးရတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြားမှာ တိုက်ပွဲတွေဟာ ဒီနေ့သောကြာနေ့အထိ ဆက်လက်ဖြစ်ပွားနေသလို တိုက်ပွဲတွေဟာ ထပ်မံပြင်းထန်နိုင်တဲ့ အလားလာတွေ ရှိနေတယ်လို့ ရခိုင်တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ ဝ၊ မိုင်းလားအဖွဲ့တွေနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဒီရက်ပိုင်းအတွင်း နှစ်ဖက်တွေ့ဆုံဖို့ ရှိနေပြီး အဓိက နယ်စပ်ဖွံ့ဖြိုးရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိကြောင်း ဝအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းက ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဘင်္ဂလားဒေ့ရ်ှနယ်ခြားစောင့်တပ်ဖက်ကို ကန့်ကွက်စာ ပေးပို့ထားပါတယ်။ ဒီပစ်ခတ်မှုဟာ တနင်္ဂနွေနေ့ ညနေပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်သူကပစ်သလဲဆိုတာ အတိအကျ မသိရသေးပါဘူး။
ပုဂံ-ညောင်ဦးမြို့နယ်က ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ်ရှိ ဘုရင့်နောင်မင်းတရားကြီးရဲ့ ခေါင်းလောင်းစာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNSCO က ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ် လိုက်တဲ့အတွက် ဒေသခံတွေအကြားမှာ ပုဂံ-ညောင်ဦးကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ရေး မျှော်လင့်ချက်တွေ ပိုမိုမြင့်မားလာပါနေပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ ၂ရက်ကြာအစည်းအဝေး ဒီကနေ့ပြီးဆုံးသွားပြီး ဆွေးနွေးချက်အများစုနဲ့ပတ်သက်လို့ ပြီးပြတ်တဲ့ ဆုံးဖြတ်ချက် မချမှတ်နိုင်တာကြောင့် ပြန်လည်သုံးသပ်ရေးဆိုင်ရာ အလုပ်အဖွဲ့မျိုး ဖွဲ့စည်းပြီး နောက်လမှာ ထပ်မံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာလက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်လာစေရေး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ပံ့ပိုးဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ နေပြည်တော်မှာ ၂ ရက်ကြာကျင်းပနေတဲ့ UPDJC အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံက အာရှရေးရာအထူးသံတမန် Sun Guoxiang ဟာ ကြာသပတေးနေ့က ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ရောက်ရှိပြီး ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ သွားရောက်ဆွေးနွေး ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေအခြေအနေတည်ငြိမ်လာပြီလို့ဆိုပြီး နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ စစ်ကြောင်းတချို့ကို ဗူးသီးတောင် မောင်တောဒေသကနေ ရုပ်သိမ်းမယ်လို့တပ်မတော်က ကြေညာထားပါတယ်။ တပ်မတော်အပေါ် နိုင်ငံတကာဖိအားတွေရှိလာချိန်မှာ ခုလိုစစ်ကြောင်းတချို့ကို ရုပ်သိမ်းဖို့လုပ်နေတာဖြစ်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်NCA အကောင်အထည်ဖော်မှုု ပြန်လည်သုံးသပ်တဲ့အစည်းအဝေးကို ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။ ဒီလို ပြန်လည်သုံးသပ်ရတာဟာ နိုင်ငံရေးအရ တူညီတဲ့ ညှိနှိုင်းမှုရရေး၊ လက်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို စနစ်တကျဖြေရှင်းရေးနဲ့ ဖြေရှင်းဖို့ နည်းလမ်းရှာကြံရေးအတွက်ဖြစ်ကြောင်း NCAကိုလက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်က ပြောဆိုပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ သတ္တမအကြိမ်အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် ကျန်ရှိနေတဲ့ အချက် တချု့ိကို နိုဝင်ဘာလထဲမှာ ထပ်မံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ UNFC ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတ္တမအကြိမ်မြောက်တွေ့ဆုံဆွေးနွေးပါတယ်။ အဓိက ဆွေးနွေးချက်တွေကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တင်ပြထားတဲ့ အဆိုပြုချက် ၈ချက်အနက်က ကျန်ရှိတဲ့အချက်တွေကို ဆက်လက်ဆွေးနွေးနေပြီး သဘောတူညီချက်ရရင် NCAကို လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။
အစိုးရနဲ့ အပစ်ရပ်စာချုပ်ချုပ်ဆိုထားတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်က မိမိရဲ့ ခင်ပွန်းကို ဘင်္ဂလားဒေရှ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ဆက်စပ်တိုင်ကြားလို့ဖြစ်ကြောင်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုပြီး လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာမှ မိမိတို့ ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းမှာ နိုင်ငံသား စိစစ်ခံရမည့်သူရဲ့ သက်သေခံကဒ် National Verification Card ထုတ်ပေးတာတွေကို ကွင်းဆင်းဆောင်ရွက်ပေးနေပြီး လာရောက်ထုတ်ယူသူ နည်းပါးနေတာကြောင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းအပေါ် ပူးပေါင်းဆောင်ရွက်ကြဖို့ လဝက ပြည်နယ် ဦးစီးမှုးက တိုက်တွန်းပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားသူတွေ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးပုံစံတွေ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကိုပေးပို့ထားပြီး အထောက်အထားခိုင်မာသူတွေ ကိုပြန်လည်လက်ခံဖို့ ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်