ဥရောပသမဂ္ဂEU က ရခိုင်ပြည်နယ်ကနေ လူအစုအပြုံလိုက်တိမ်းရှောင်သွားနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ အရာရှိ ၇ ဦးကို အရေးယူဒဏ်ခတ်ဖို့ ပြင်ဆင်နေတာဟာ ထိရောက်မှုမရှိကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေက ဝေဖန်ကြပါတယ်။
ရခိုင်က ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ဒုက္ခသည်သိန်းနဲ့ချီ ထွက်ပြေးခဲ့တာကို ကြားနာစစ်ဆေးဖို့ ICC ကို တင်ပြချက်ကို မြန်မာအစိုးရက ရှေ့လနှောင်းပိုင်း နောက်ဆုံးထား အကြောင်းပြန်ဖို့ ပြောကြား လိုက်ပေမဲ့ မြန်မာအစိုးရကတော့ လက်ခံမှာမဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံတတိယအအစည်းအဝေးမှာ တရုတ်- မြန်မာနယ်စပ်ဒေသ အခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို ဖိတ်ကြားရေးနဲ့ပတ်သက်လို့ ပြန်လည်ညှိနှိုင်းဖို့ ရှိနေကြောင်း အစိုးရပြောခွင့်ရသူက ပြောပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ညှိနှိုင်းနေပြီး လာမယ့် ဇူလိုင်လအတွင်းလောက်မှာ ကျင်းပဖွယ် ရှိနေပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Christine Schraner Burgener ဟာ ဒီကနေ့ မနက်ပိုင်းမှာ နေပြည်တော်ကို ရောက်ရှိလာပြီး မနက်၁၀နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့သလို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ လွှတ်တော်ဥက္ကဌ တို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ရဲ့ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ အောင်အောင်မြင်မြင်ပြီးဆုံးသွားပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်လာတဲ့အပေါ် မြန်မာနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ ဒီ ထိပ်သီးအစည်းအဝေးကို စင်္ကာပူနိုင်ငံမှာ ကျင်းပနိုင်တဲ့အတွက် ဒါဟာ အာဆီယံနိုင်ငံတွေရဲ့ အောင်မြင်မှုအဖြစ်မှတ်ယူကြောင်းလည်း ပြောဆိုလိုက်ပါတယ်။
အင်္ဂါနေ့မှာ စင်္ကာပူနိုင်ငံမှာ စတင်တော့မှာဖြစ်ပြီး ဒီဆွေးနွေးပွဲကို မြန်မာပြည်က နိုင်ငံသမားတွေ၊ နိုင်ငံရေး လေ့လာသူတွေ က ကြိုဆိုကြသလို အများကြိုက်နိုင်ငံရေးလုပ်ကွက်တွေကြောင့် အတိမ်းအစောင်းဖြစ်နိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။
ဒီကနေ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က နိုင်ငံထိပ်သီးအကြီးအကဲတွေဟာ နေပြည်တော်က သမ္မတ အိမ်တော်မှာ အစည်းအဝေးတရပ်ကျင်းပပြီး ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေတွေ ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ လက်မှတ်ရေးထိုးတဲ့ နားလည်မှုစာချွန်လွှာ MOU မှာ ဘယ်လိုအချက်တွေ ပါဝင်သလဲဆိုတာ မသိရတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အားမလိုအားမရဖြစ်ရပြီး သူတို့တွက် ထည့်သွင်းစဉ်းစားချက်တွေမပါရင် လက်ခံနိုင်ဖို့ မရှိနိုင်ကြောင်း ရခိုင်ဒေသခံတွေက ပြောပါတယ်။
မေလကုန်က မူဆယ်တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံဖက်က နယ်စပ်အဝင်အထွက်ဂိတ်တွေကို စစ်ဆေးတင်းကြပ်နေတာကြောင့် အချိန်ကြန့်ကြာမှုတွေ ကုန်တင်ကားပိတ်ဆို့မှုတွေနဲ့ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်လာတယ်လို့ ကုန်သည်တွေက ပြောနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးဖို့လည်း တောင်းဆိုနေပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေငြိမ်သက်ပြီး အစိုးရတပ်ရင်းတပ်ဖွဲ့တွေ ပြန်လည် ရုတ်သိမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီပြန်လည်ရုတ်သိမ်းတဲ့တပ်တွေဟာ ကချင်လွတ်လပ်ရေး အဖွဲ့ KIOဌာနချုပ်လိုင်ဇာနဲ့ မိုင်ဂျာယန်ဘက်ကို ရွှေ့ပြောင်းချထားလာနေတယ်လို့ KIO ပြောခွင့်ရသူက ပြောပါ တယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ဇွန်လ ၃၀ရက်နေ့မှာ ကျင်းပဖို့အတွက် အစိုးရက လျာထားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ဖက်က အကြမ်းဖျဉ်းအားဖြင့် ဒီရက်အပေါ်မှာ သဘောတူညီထားပြီဖြစ်ပါတယ်။
နယ်စပ်အဝင်အထွက်ဂိတ်တွေကို တရုတ်နိုင်ငံဖက်က အစစ်အဆေး တင်းကျပ်နေတာကြောင့် မူဆယ်မြို့ကနေ တဘက်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သူတွေနဲ့ ကုန်တင်ကားအဝင်အထွက်တွေ အခက်အခဲဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ရကြောင်း မူဆယ်မြို့ခံတွေက ပြောပါတယ်။
အမေရိကန်အစိုးရက ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်တဲ့ နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် နှစ်ပတ်လည်အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ တိုးတက်မှုမမြင်ရသေးကြောင်း ဖော်ပြချက်ကို မြန်မာနိုင်ငံ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက အဆင့်မြင့်အရာရှိက ကန့်ကွက်ကြောင်း ပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာနဲ့ ပြည်တွင်းက Religions for Peace နဲ့ ဘာသာပေါင်းစုံကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောဒေသက အခြေအနေတွေကို သွားရောက်လေ့လာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လာရေးအတွက် စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို သူတို့နားလည်နိုင်တဲ့ဘာသာစကားနဲ့ ထုတ်ပြန်မယ်ဆိုရင် ယုံကြည်မှုတခု တည်ဆောက်နိုင်မယ်လို့ ရှုမြင်ကြောင်း ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။
AA ခေါ် ရခိုင်တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အစိုးရတပ်မတော်က တပ်ဖွဲ့ဝင် ၃ ဦးကို စစ်သုံ့ပန်း ဥပဒေအတိုင်း ထိန်းသိမ်းထားပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း AA တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်ရဲ့ ခရီးစဉ်ဟာ အဓိကအားဖြင့် တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာရေးအတွက် ဆွေးနွေးဖွယ်ရှိကြောင်း မြန်မာအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံတတိယအစည်းအဝေးကို မူလကသတ်မှတ်ထားတဲ့ မေလ ကုန်မှာ ကျင်းပဖို့ မဖြစ်နိုင်တော့ဘဲ ဇွန်လကုန်ပိုင်းလောက်မှာမှ ကျင်းပဖွယ်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောဆိုပါတယ်။
ကချင်ပြည်နယ်မြစ်ကြီးနား- မန္တလေးမီးရထားလမ်းပိုင်းမှာ အင်္ဂါနေ့ည သန်းခေါင်ယံအချိန်လောက်မှာ မိုင်းပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒီမိုင်ပေါက်ကွဲမှုဖြစ်စဉ်၃ခုဟာ မိုးကောင်းမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့ပြီး လူအထိအခိုက်အသေအပျောက်မရှိပေမဲ့ သံလမ်းတွေ ပျက်ဆီးသွားတာကြောင့် ရထားအသွားအလာတွေ ရပ်ဆိုင်းနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးဒေသမှာ ဒီကနေ့မနက်ခင်းပိုင်းက အစိုးရတပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကြားမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ဲပြီး ဒီတိုက်ပွဲဟာ ကားလမ်း ပေါ်မှာနဲ့ လူနေကျေးရွာတွေအနီးမှာ ဖြစ်ပွားတာ မဟုတ်တာကြောင့် ဒေသခံတွေ အထိအခိုက် မရှိပါဘူး။
နောက်ထပ်ကြည့်ရှုရန်