ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းကြီးဖြစ်တဲ့ မန္တလေး -လားရှိုး- မူဆယ်လမ်းမှာ ဒီကနေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ကားအသွားအလာတွေ လုံးဝရပ်တန့်မသွားပေမဲ့ အထိတ်တလန့်နဲ့ သွားလာနေကြရပါတယ်။
တရုတ်နိုင်ငံအပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးအရေးယူဖို့ မြန်မာအစိုးရကို ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ်နေရာ ၁၃နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ရက်နေ့မှာ ကျင်းပဖို့ရှိနေပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမယ့်ရက်ကို တာကို တလအတွင်းလောက်မှာ ကြေညာဖွယ်ရှိနေပါတယ်။
ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လေ့ာဒ်ရွာက တိမ်းရှောင်သွားတဲ့ ဒုက္ခသည် ၂ထောင်လောက်ဟာ တောတောင်တွေထဲမှာ ပုန်းရှောင်နေပြီး အဆက်အသွယ်ပြတ်တောက်နေတာ သီတင်း၃ပတ်နီးပါးရှိပြီလို့ တနိုင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခမှာ ဒုက္ခသည်တွေထွက်ပြေးရတဲ့အခြေအနေကို စုံစမ်းစစ်ဆေးဖို့အတွက်ဆိုရင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို ပြန်လည်လက်ခံဖို့နဲ့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ Fact Finding Mission ကို လက်ခံဖို့ သင့်ကြောင်း လူ့အခွင့်အရေးဆောင်ရွက်သူနဲ့ နိုင်ငံတကာအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေက မြန်မာနိုင်ငံကို လာလေုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့က နည်းလမ်း ၂ခုတင်ပြထားအပေါ်မှာ အခုလို သုံးသပ်လိုက်တာဖြစ်ပါတယ်။
ကချင်ပြည်နယ် တိုက်ပွဲတွေပြင်းထန်လာတာကြောင့် စစ်ရှောင်ပြည်သူဦးရေဟာ ပိုမိုမြင့်တက်လာနေပြီး ဒီရက်ပိုင်းတွင်းတိုက်ပွဲကြောင့် အင်ဂျန်းယန်မြို့နယ်အတွင်းမှာကျေးရွာ ၁၀လောက်က ပြည်သူ တစ်ထောင်ကျော်ဟာ မြစ်ဆုံက တန်ဖဲရွာကို တိမ်းရှောင်ရောက်ရှိလာသလို ထပ်မံထွက်ပြေးလာသူတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့အနီးက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံနယ်စပ်မျဉ်းမှာ ထောင်နဲ့ချီတဲ့ နေရပ်စွန့်ခွာသူ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်နေကြပြီး သူတို့တွေဟာ နေရပ်ရင်းကျေးရွာကို တိုက်ရိုက်ပြန်ပို့ပေးဖို့၊ နိုင်ငံသားဖြစ်ခွင့်ချက်ချင်းပေးဖို့နဲ့ သူတို့ လုံခြုံရေးတွေကို အာမခံချက်ပေးဖို့ စတာတွေကို တောင်းဆိုနေကြပါတယ်။
ရခိုင်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့နားက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ်မျဉ်းမှာ ထောင်နဲ့ချီတဲ့ နေရပ်စွန့်ခွာသူ အစ္စလာမ်ဘာသာဝင်တွေဟာ နေရပ်ရင်းကို တိုက်ရိုက်ပြန်ပို့ပေးဖို့ တောင်းဆိုနေကြပါတယ်။ မောင်တောဒေသကို ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ဆက်ထားပါတယ်။
မနှစ်တုန်းက ရခိုင်မြောက်ပိုင်းပဋိပက္ခတွေပြီးတဲ့နောက် မြန်မာ ဘင်္ဂလားဒေ့ရ်ှနယ်စပ် မျဉ်းနေရာကို ထွက်ပြေးပြီး၊ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာတဲ့ မွတ်ဆလင် မိသားစုဝင် ငါးဦးကို ဗွီအိုအေ သတင်းထောက်ကိုမိုးဇော်က မောင်တောမြို့မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်း မောင်းတောမြို့နယ်ထဲက ဒုက္ခသည်တွေကို ယာယီလက်ခံမယ့် လှဖိုးခေါင်စခန်းမှာ လုံခြုံရေးပြင်ဆင်မှုအပြင် လာမယ့်ဒုက္ခသည်တွေအတွက် ကျန်းမာရေး လူမှုဖူလုံရေး နိုင်ငံသား စီစစ်ရေးတွေကို ဆောင်ရွက်ဖို့ ပြင်ဆင်ထားတာတွေ တွေ့ခဲ့ရတယ်လို့ လှဖိုးခေါင်စခန်းကို ရောက်ခဲ့တဲ့ ဗွီအိုအေ သတင်းထောက်ကပြောပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ IDP ခေါ် ဒုက္ခသည်စခန်းတွေ အားလုံးကို ပိတ်သိမ်းဖို့အတွက် မကြာခင်မှာ စီမံချက်တခု ရေးဆွဲ ဆောင်ရွက်ဖို့ရှိနေပြီး လတ်တလောမှာ မြို့နယ်အချို့က IDP စခန်းတချို့ကို စတင်ပိတ်နေပြီး ဒုက္ခသည်တွေကို လုံးချင်းအိမ်ယာတွေမျာ ပြန်လည်နေရာချထားရေးအတွက်လည်း စီစဉ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ရောက် ဒုက္ခသည်တွေဟာမြန်မာအစိုးရက ပေးပို့ထားတဲ့ စိစစ်ရေးပုံစံ စာရွက် Form တွေကို မသိကြောင်းပြောဆိုတဲ့အတွက် ရခိုင်ပြည်နယ်က တိမ်းရှောင်သွားသူတွေ နေရပ်ပြန်နိုင်ရေး အတွက် အရေးကြီးဆုံးအဆင့်ဖြစ်တဲ့ မြန်မာအစိုးရက ပေးပို့ထားတဲ့ စိစစ်ရေး ပုံစံစာရွက် Form တွေကို တိကျမှန်ကန်စွာဖြည့်ပို့နိုင်ရေး ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာ ဆွေးနွေးနိုင်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ဒီကနေ့ ကျရောက်တဲ့ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ်နဲ့ နိုင်ငံတော်သမ္မတက နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား ၈၅၄၁ ယောက်ကို လွတ်ငြိမ်း ခွင့်ပြုလိုက်သလို၊ လွတ်ငြိမ်းခွင့်ပြုရာမှာလည်း အရင်ကပြဌာန်းထားတဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးလိုက်ပါတယ်။ သမ္မတရဲ့ အမိန့်ထုတ်ပြန်ချက်အပေါ် နိုင်ငံရေး အကျဉ်းသား အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆို လိုက်ကြပေမဲ့၊ ကျန်နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေးအမှုတွေနဲ့ ရင်ဆိုင်နေရသူတွေအတွက်ပါ ဆက်လက် စဉ်းစားပေးဖို့လည်း တိုက်တွန်းနေကြတာပါ။
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာ အနီးကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိသလို နမ္မတီးမြို့နယ်က ရွာတရွာမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သားတဦး သေဆုံးပြီး တဦးဒဏ်ရာရခဲ့ပါတယ်။
ကချင်ပြည်နယ်က တိုက်ပွဲတွေဟာ ဒီကနေ့ထိ ဆက်လက်ဖြစ်ပွားနေပြီး တနိုင်းနဲ့ ကားမိုင်းဒေသြက်တွေမှာ တိုက်ပွဲပြင်းထန်သလို ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
လတ်တလော စစ်ရေးအခြေအနေတင်းမာနေတဲ့ ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်ဖက်က ဒီကနေ့နေ့ခင်း ၁နာရီလောက်က စတင်ပြီး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ် လိုင်ဇာအနီးကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့သလို မန်စီ၊ နမ္မတီးဖက်မှာ အခြေစိုက်ထားတဲ့ KIA တပ်ရင်းတွေကိုလည်း တချိန်တည်းလို့ ပစ်ခတ်တာတွေရှိနေပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIA အကြား ဒီကနေ့ မနက် အစောပိုင်းက တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မြစ်ကြီးနား-ဖားကန့်လမ်းဟာ နေ့တပိုင်းကျော် လောက် ကားအသွားအလာတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရနဲ့တွေဆုံဆွေးနွေးခဲ့သလို IDP ခေါ် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်တွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ပို့ဖို့အတွက် ပေးပို့ထားတဲ့ လူ ၈၀၀၀ကျော် စာရင်းကို မြန်မာနိုင်ငံက စိစစ်ရာမှာ အထောက်အထားခိုင်မာသူ လူ ၈၀၀ကျော်ကို အတည်ပြုပြီး ပြန်လည်လက်ခံဖို့ အသင့်ရှိတယ်လို့ အကြောင်းကြားထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုအလုပ်အမှုဆောင် လက်ရှိ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံရသူ ဦးဝင်းမြင့်ကို ဒုဥက္ကဌ ၁အဖြစ် တာဝန်ပေးအပ်လိုက်သလို ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်မှုဆောင်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်