ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ နိဒင်ဒုက္ခသည်စခန်းကို ပိတ်သိမ်း လိုက်ပြီး စခန်းမှာ ရှိတဲ့ အိမ်ထောင်စုအားလုံးကိုနိဒင်ကျေးရွာအနီးမှာ ပြန်လည်နေရာချထားပေးခဲ့ပါတယ်။ ဒီလိုပိတ်သိမ်းတာဟာ စခန်းမှာနေထိုင်သူတွေရဲ့ သဘောတူညီချက်အရဆောင်ရွက်တာဖြစ်သလို သူတို့ရဲ့ လိုအပ်ချက်တွေကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူ တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အရေးအတွက် ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ သူတို့ရဲ့ လုပ်ငန်းအစီအစဉ်၊ လုပ်ငန်းတာဝန်သတ်မှတ်ချက် စတာတွေကို ဒီကနေ့ နေပြည်တော်မှာ ထုတ်ပြန်လိုက်ပြီး သူတို့လုပ်ငန်းစဉ်ဟာ တစုံတယောက်ကို ပြစ်တင်ရှုတ်ချဖို့မဟုတ်ကြောင်း ကော်မရှင် ဥက္ကဌက ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
မြန်မာအစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကို ကွင်းဆင်းဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂဌာနဆိုင်ရာ ဝန်ထမ်းတွေကို ကျေးရွာပေါင်း ၂၃ရွာကို ခရီးသွားလာခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်နိုင်အရေးအတွက် မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ရှိနေပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေး နဲ့ ရိဒ်ခေါရ်ဒါ-ဇိုခေါသာ နယ်စပ်ဂိတ်တို့ကို အပြည်ပြည်ဆိုင်ရာ ဂိတ်များအဖြစ် ဒီကနေ့ဖွင့်လှစ်လိုက်တာကြောင့်သက်တမ်းရှိ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့် ဗီဇာပါရှိ သူတွေဟာ နှစ်နိုင်ငံအကြား လွတ်လွတ်လပ်လပ်ကူးသန်းသွားလာနိုင်တော့မှာဖြစ်ပါတယ်။
အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်ပြည်မှာ တွေ့ဆုံကြရာမှာ တင်ပြတဲ့ ဆွေးနွေးမယ့် အခြေခံအချက်တွေအပေါ်မှာ နှစ်ဘက်စလုံးက အဆင်သင့်မရှိသေးတာကြောင့် ဆွေးနွေးပွဲဟာ မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ ကချင်သတင်းဌာနရဲ့ အယ်ဒီတာက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်က သစ်ချောက်ဒေသရှိ မြေအောက် ကျောက်မီးသွေးတွင်းမှာ အောက်စီဂျင် ပြတ်တာကြောင့် တရုတ်နိုင်ငံသား ၁ ဦးအပါအဝင် လုပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ကရင်အာဇာနည်နေ့အခမ်းအနားကျင်းပမယ့် KNU တပ်မဟာ ၅နယ်မြေ အတွင်းကို အစိုးရတပ်မတော်က စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အတွက် KNU ဘက်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှုးနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကို ကန့်ကွက်စာပေးပို့ထားပါတယ်။
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS က ခေါင်းဆောင်တွေနဲ့ ဒီ ကနေ့ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး ကြပါတယ်။
လက်ရှိလုပ်ငန်းတွေကို ပြန်သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ဖို့နဲ့ ငြိမ်းချမ်းရေး မဟာဗျုဟာ တစ်ရပ်ချမှတ်ဖို့ ၂၁ ရာစုပင်လုံတတိယအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းအစီအစဉ်သတင်းထောက် ကိုမိုးဇော်သတင်းပေးပို့ထားပါတယ်။
နေပြည်တော်မှာ ၆ရက်တာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးနောက်ဆုံးနေ့ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ညီလာခံအတွင်းမှာ မညှိနှိုင်းနိုင်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး လက်ရှိလုပ်ငန်းတွေကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းစဉ်ကို ချမှတ်ဆောင်ရွက် ဖို့နဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ငြိမ်းချမ်းရေးမဟာဗျူဟာတရပ်ချမှတ်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးက ဆွေးနွေးချက် ၊ ဆုံးဖြတ်ချက်တွေကို ဒီကနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာ အတည်ပြုရာမှာ ညီလာခံကို တင်သွင်းတဲ့ အချက် ၁၄ ချက်ကို အတည်ပြုနိုင်ခဲ့ပြီး မနက်ဖြန်မှာ လက်မှတ်ရေးထိုးထုတ်ပြန်မှာဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို လာရောက်တဲ့ မြောက်ပိုင်း မဟာ မိတ်အဖွဲ့ ၇ ဖွဲ့ဟာ ဒီကနေ့ နေပြည်တော်ကနေ ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။
နေပြည်တော်က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်လာကြတဲ့ တရုတ် မြန်မာနယ်စပ်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၇) ဖွဲ့နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကော် မရှင် တာဝန်ရှိသူတွေ ဒီကနေ့ တွေ့ဆုံ ခဲ့ကြပြီး စေ့စပ်ညှိနှိုင်းမှုတွေအတွက် မကြာခဏ ဆက်လက်တွေ့ဆုံသွားဖို့ သဘောတူခဲ့ကြပါတယ်။
နေပြည်တော်ကို ရောက်ရှိနေတဲ့ တရုတ်မြန်မာနယ်စပ်က မြောက်ပိုင်းအဖွဲ့ ၇ဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နှစ်သုတ်ခွဲပြီး တွေ့ဆုံခဲ့ရာမှာ ပထမအစုအဖွဲ့နဲ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းသစ်တခုနဲ့ ဆွေးနွေးနိုင်ဖို့ အဓိကဆွေးနွေးနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIOက ဒုဥက္ကဌ ဗိုလ်ချုပ် ဂွန်မော်က ပြောပါတယ်။
ဒီကနေ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ တတိယအကြိမ်ညီလာခံမှာတော့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတွေအကြား ညှိနှိုင်းမရဖြစ်နေတဲ့ “ ခွဲမထွက်ရေးမူ” နဲ့ပတ်သက်လို့ သက်ဆိုင်ရာခေါင်းဆောင်တွေက သူတို့ရပ်တည်ချက်တွေကို အဖွင့်မိန့်ခွန်းထဲမှာ ပြောခဲ့ကြပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ နိုင်ငံရေးသဘောတူညီချက်များများစားစားရစရာမရှိနိုင်ကြောင်း ဦးဆောင်ပါဝင်သူတွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။ ဒီတကြိမ်ညီလာခံဟာ တစ်နှစ်ကျော်ကြာမှ ပြန်လည်ကျင်းပနိုင်တာ ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသက်ဆက်ပေးတဲ့အနေအထားတခု ဖြစ်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ နိုင်ငံရေးသဘောတူညီချက် များများစားစား ရစရာမရှိနိုင်ကြောင်း ဦးဆောင်ပါဝင်သူတွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။
လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံတတိယအစည်းအဝေးမှာ တရုတ်-မြန်မာနယ်စပ်အခြေစိုက် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့အပါအဝင် အပစ်ရပ်စာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ ၉ဖွဲ့ကို ဖိတ်ကြားသွားဖို့ ရှိနေပါတယ်။
ICRC ဥက္ကဋ္ဌနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံ စဉ်မှာ ရခိုင်လူမှုအဖွဲ့ ကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ပေး ရာမှာ ဘက်လိုက်မှုမပြုဖို့နဲ့ တဘက်နိုင်ငံ ရောက်နေသူတွေ ကို ပြန်လည်လက်ခံရာမှာ အမှန်တကယ် မြန်မာပြည်မှာ နေထိုင်သူတွေကိုသာ လက်ခံဖို့ အဓိက ဆွေးနွေးခဲ့ပါတယ်။
မူဆယ် ကုန်သည်ကြီးများ အသင်းရဲ့ ပန့်ကြားချက်အရ မြန်မာအစိုးရနဲ့ တရုတ်အစိုးရအကြား ညှိနှိုင်းခဲ့တဲ့နောက်မှာ ပိတ်ပင်ခံထားရတဲ့ မြန်မာကုန်သည်တွေရဲ့ တရုတ်ဘဏ်စာရင်းတချို့ကို ဒီရက်ပိုင်းမှာ ပြန်ဖွင့်ပေးတာတွေ ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်