အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေကို အင်အားပြင်း ဟာရီကိန်း မုန်တိုင်း Milton ဝင်ရောက်ခဲ့လို့ ၂ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ လေပြင်းတိုက်ခတ်ပြီး မိုးသည်း ရေလျှံမှုတွေကြောင့် လူနေအိမ်တွေပျက်စီးခဲ့ပြီး ၃ သန်းထက်မနည်း လျှပ်စစ်မီး ပြတ်တောက်နေကြပါတယ်။
ကယားပြည်နယ်၊ ကရင်နီပြည်ထဲက ဒီးမော့ဆို၊ ရှားတောနဲ့ ဖရူဆိုမြို့နယ်တွေမှာ စက်တင်ဘာလ ဒုတိယပတ်ထဲက ရေကြီးခဲ့ပြီး တချို့နေရာတွေမှာ အခုရက်ပိုင်းအထိ တောင်ကျရေတွေ ကျနေဆဲဖြစ်ပါတယ်။ တလကျော် ရေဘေးဒဏ်ကြုံနေရတာကြောင့် ဒေသခံတွေ အထူးသဖြင့် စစ်ဘေးရှောင် နေရေး သွားရေး ဒုက္ခရောက်နေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီနဲ့ သီပေါမြို့တွေကို အခုရက်ပိုင်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်နေပါတယ်။ ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ခုလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ပြည်သူတွေ သေဆုံး ဒဏ်ရာရခဲ့တာမှာ သီပေါမြို့မှာ သီလရှင်တပါး သေဆုံးသွားပါတယ်။
စစ်ပွဲအတွင်း စိတ်ဒဏ်ရာရဖွယ်ရာ အဖြစ်တွေနဲ့ ကြုံခဲ့ရတဲ့ ဆယ်ကျော်သက် ယူကရိန်းလူငယ်တွေအတွက် အထူးနွေရာသီကျောင်းကို မနှစ်ကလိုပဲ ဒီနှစ်မှာလည်း ယူကရိန်းနိုင်ငံ၊ Carpathian တောင်တွေပေါ်မှာ ဖွင့်ထားပါတယ်။
၁၈ နှစ်အရွယ် နီပေါ တောင်တက်သမား Nima Rinji Sherpa ဟာ ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံး ထိပ်ကိုရောက်ခဲ့တဲ့ ကမ္ဘာ့အသက်ငယ်ဆုံး တောင်တက်သမား ဖြစ်သွားပါပြီ။ အောက်တိုဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီ ၅ နစ်မှာ နောက်ဆုံးတောင်ထိပ်ကို ရောက်ရှိခဲ့တာပါ။
ယူကရိန်းမှာကြုံနေရတဲ့စစ်ပွဲဟာ ၂၀၂၅ ခုနှစ်ထက် နောက်မကျဘဲ အဆုံးသတ်သွားမယ့် ခြေလှမ်းတွေလှမ်းဖို့ အခွင့်အလမ်း ဖန်တီးလာတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy က အောက်တိုဘာ ၉ ရက် ဗုဒ္ဓဟူးနေ့ ယူကရိန်းနဲ့ အရှေ့တောင်ဥရောပ နိုင်ငံတွေရဲ့ တတိယအကြိမ်မြောက် ထိပ်သီးအစည်းဝေးမှာ ပြောပါတယ်။
အစ္စရေးက အီရန်ရဲ့ မကြာခင်က မစ်ဇိုင်းဒုံးတိုက်ခိုက်မှုတွေအတွက် တုံ့ပြန်ဖို့စဉ်းစားနေသလို ဂါဇာနဲ့ လက်ဘနွန်မှာ ဆက်လက်ထိုးစစ်ဆင်နေချိန်မှာပဲ ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အစ္စရေးဝန်ကြီးချုပ် Netanyahu တို့ ဖုံးနဲ့စကားပြောခဲ့ပြီး ဒုသမ္မတ Harris လည်းပြောတယ်လို့ အိမ်ဖြူတော် က ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ လာအိုခရီးစဉ်အတွင်း မြန်မာ့အရေးကို ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိကြောင်းနဲ့ အိန္ဒိယအနေနဲ့ မြန်မာ့အကြပ်အတည်းအတွက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ပဲအဖြေရှာဖို့ ခိုင်ခိုင်မာမာရပ်တည် နေကြောင်းလည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ၊ ရေဦးမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ် တွေက တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံတွေ ထိခိုက် သေဆုံးခဲ့ကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ချင်းပြည်နယ်နေရာတော်တော်များများမှာ စစ်တပ်ဘက်က သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိဘဲ မြို့ရဲ့ နေရာအချို့မှာသာ ကောက်ယူနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပူးပေါင်းသူတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးအရေးယူတာတွေရှိနေပါတယ်။
တရုတ်လျှပ်စစ်ကားတွေဟာ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုတွေ မတရား ရနေတယ်လို့ ပြောဆိုပြီး ဒီလျှပ်စစ်ကားတွေ အပေါ် သွင်းကုန် အခွန် တိုးမြှင့်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ဥရောပသမဂ္ဂ အီးယူက မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။ တရုတ်ကဒါကို လက်တုံ့ပြန်မှာကိုလည်း အီးယူက ပြင်ဆင်ထားပါတယ်။
အမေရိကန် အရှေ့တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Helene ဟာရီကိန်းမုန်တိုင်းကြောင့် ဖလော်ရီဒါ ပြည်နယ်က ကမ်းရိုးတန်းမြို့ငယ်လေးဟာလဲ မုန်တိုင်းဒဏ်သင့်ခဲ့ရပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေ ကုန်းတွင်းပိုင်းဝင်ရောက်တဲ့ လမ်းကြောင်းမှာရှိပြီး အခုလည်း နောက်ထပ်မုန်တိုင်းကြီးတခု သူတို့ဆီ ဦးတည်လာနေပြန်ပါပြီ။
အင်အားပြင်း Milton ဟာရီကိန်းမုန်တိုင်းကြောင့် မိုးသည်းထန်၊ လေပြင်းတိုက်ခတ်ပြီး အသက်အန္တရာယ် ကျရောက်နိုင်တယ်လို့ သတိပေးထားတာကြောင့် အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်မှာ ဒီကနေ့ ကြိုတင်ပြင်ဆင်နေကြရပါတယ်။
သက်ရှိတွေရဲ့ ဘဝ ရှင်သန်ရေး အခြေခံ ဆဲလ်တွေမှာ မရှိမဖြစ် လိုအပ်တဲ့ ပရိုတိန်း အာဟာရဓါတ် ဖြစ်တည်မှုကို သုတေသနလုပ်ခဲ့တဲ့ ပညာရှင် ၃ ယောက်ကို ဒီနှစ် ဓါတုဗေဒ နိုဘယ်ဆုရှင်တွေ အဖြစ် ဆွီဒင်နိုင်ငံ နိုဘယ်ဆု ရွေးချယ်ရေး အကယ်ဒမီက ကြေညာပါတယ်။
လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနဲ့ ယဉ်ကျေးမှုကိစ္စရပ်တွေဆွေးနွေးတဲ့ ဒီ ကုလသမဂ္ဂရဲ့ တတိယကော်မတီ အစည်းအဝေးမှာ၊ ကုလဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း အခုလို ပြောခဲ့တာကို မနေ့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာပါ။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ လာမယ့်လထဲ ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တင်ပြဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေ ပြင်ဆင်နေကြပါတယ်။ ILO ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက မျှော်လင့်နေကြတာပါ။
မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် အကောင်အထည်ဖော်ရေး အခိုင်အမာ ရပ်တည်ပေမဲ့၊ အခုအချိန်အထိ အောင်မြင်မှု မရှိသေးကြောင်း ဖိလစ်ပိုင် သမ္မတက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက သွေးထွက်သံယို ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး ခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ စစ်ကောင်စီနဲ့ အတိုက်အခံ အင်အားစုတွေကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေ တောင်းဆိုလိုက်ပါတယ်။
မန္တလေးတိုင်း မြင်းခြံမြို့က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့ပြီး၊ လုံခြုံရေး တာဝန်ယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။ တိုက်ခိုက်မှုတွေ ဆက်လက် အရှိန်မြှင့်မှာ ဖြစ်တာကြောင့် မြို့ခံတွေ သတိနဲ့ သွားလာကြဖို့လည်း တိုက်တွန်းနေတာပါ။
ထိုင်းမြန်မာနှစ်နိုင်ငံ နယ်ခြား ရေလွှမ်းမိုးမှု ပြသနာကို ဖြေရှင်းရေး တစိတ်တပိုင်း အဖြစ် မယ်ဆိုင် ချောင်းထဲမှာ ကျုးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေ ဖျက်သိမ်းရေး နှစ်နိုင်ငံအရာရှိတွေ ဒီနေ့ ဆွေးနွေးကြမယ့်အကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။
နောက်ထပ်ကြည့်ရှုရန်