တရုတ် ဥရောပ သွင်းကုန်ခွန် အငြင်းပွားမှု
တရုတ်လျှပ်စစ်ကားတွေဟာ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုတွေ မတရား ရနေတယ်လို့ ပြောဆိုပြီး ဒီလျှပ်စစ်ကားတွေ အပေါ် သွင်းကုန် အခွန် တိုးမြှင့်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ဥရောပသမဂ္ဂ အီးယူက မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။ တရုတ်ကဒါကို လက်တုံ့ပြန်မှာကိုလည်း အီးယူက ပြင်ဆင်ထားပါတယ်။ တရုတ်အနေနဲ့ ဒီ လုပ်ရပ်ကို ထောက်ခံခဲ့တဲ့ အီးယူတနိုင်ငံချင်းဆီကို ပစ်မှတ်ထားနိုင်တဲ့အကြောင်း Henry Ridgwell သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
Forum