မကြာခင်ကျင်းပတော့မယ့် အမေရိကန်ရွေးကောက်ပွဲမှာ မဲန္ဒရှင်တွေ ဆုံးဖြတ်ချက်ဝေဝါးအောင်လုပ်ပြီး ရလာဒ်တွေ ပြောင်းလဲသွားအောင် တရုတ်၊ အီရန်နဲ့ ရုရှားနိုင်ငံတွေက တွန်းတွန်းတိုက်တိုက်လုပ်နေတဲ့ အထောက်အထားသစ်တွေ ထွက်လာပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာဒေသနဲ့ လက်ဘနွန် ပဋိပက္ခတွေကို ဆွေးနွေးဖို့အတွက် အရှေ့အလယ်ပိုင်း ဒေသကိုသွားရောက်နေပြီး ဒီနေ့မှာတော့ ကာတာနိုင်ငံကို အုပ်ချုပ်နေတဲ့ စော်ဘွား Sheikh bin Hamad Al Thani နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီရက်ပိုင်းထဲ တရုတ်နဲ့ ထိုင်းနယ်စပ် နှစ်ဘက်စလုံးမှာ မြန်မာနိုင်ငံကိုပို့မယ့် အခွန်မဆောင်ထားတဲ့ သွင်းကုန်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေလို့ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေ ပြည်တွင်းမှာ ရှားပါး၊ ပြတ်လပ်နေပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ စစ်တပ်နဲ့ AA အာရက္ခတပ်တော်တို့ကြားဖြစ်ပွားတဲ့ စစ်ပွဲတွေကြားမှာ ရိုဟင်ဂျာ မွတ်စလင်တွေဟာ အကြီးမားဆုံး အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်လို့ ၆ ဦး သေဆုံးပြီး တဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို နေအိမ်တွေ ပျက်စီးကုန်တယ်လို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
အိန္ဒိယထဲ ဝင်ရောက်သွားတဲ့ အင်းအားပြင်း ဆိုင်ကလုန်းမုန်တိုင်း “DANA” ရဲ့ မုန်တိုင်းအရှိန်က မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အထက်ပိုင်းနေရာတွေကိုသက်ရောက်နိုင်ပြီး မိုးများရေကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှူးက ဗွီအိုအေကိုပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း (၃) နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံက သတင်းဌာနတွေ သတင်းသမားတွေ ပြည်တွင်းမှာရော ပြည်ပမှာပါ ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကို မြန်မာ့သတင်း မီဒီယာလွတ်လပ်ခွင့်ကို ဆန်းစစ်ခြင်းဆိုတဲ့ သုတေသနစာတမ်းကနေ ထုတ်ဖော်ပြောကြားလိုက်ကြပါတယ်။
ထိုင်း-ကရင်နီနယ်စပ်နဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်တွေမှာ အခုရက်ပိုင်း စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ် တိုက်လေယာဉ်တွေနဲ့ ဒရုန်းထောက်လှမ်းမှုတွေ ခပ်စိပ်စိပ်စေလွှတ် ထောက်လှမ်းလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အနားယူသွားတာနဲ့ ပတ်သက်တဲ့ စကားတခွန်းကြောင့် သမ္မတကို နှုတ်ထွက်ပေးဖို့ ဦးဆောင်ကျောင်းသားအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ သောကြာနေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ဖို့ ကျောင်းသားလှုပ်ရှားမှုက သမ္မတကို အချိန် ၂ ရက် ပေးလိုက်တာပါ။
ထူးခြားဆန်းပြားတဲ့ အနုပညာတွေကို ဖန်တီးနေကြတဲ့ OSGEMEOS (အော့ဇူမိုးစ်) လို့ ခေါ်ကြတဲ့ ဘရာဇီးနိုင်ငံသား အမွှာညီအကို အနုပညာရှင် ၂ဦးဟာ သူတို့ရဲ့ အနုပညာတွေကို အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမြို့တော် မှာ ပြသနေကြပါတယ်။ ရုပ်ပြောင်ရေးဆွဲတာ၊ နောက်ခံမျိုးစုံနဲ့ လက်လှည့် အရုပ်တွေ ဖန်တီးတာတွေ ပါဝင်ပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားမှာ ရောက်ရှိနေတဲ့ အထောက်အထားတွေ ရရှိထားပြီး၊ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က သတင်းထောက်တွေကို ဒီနေ့ပဲ ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဗြိတိန်အာဏာရ လေဘာပါတီက ပြောင်ပြောင်တင်းတင်း စွက်ဖက်နေကြောင်း ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ရဲ့ စည်းရုံးရေးအဖွဲ့ရဲ့ စွပ်စွဲချက်ကို ဝန်ကြီးချုပ် Keir Starmer က ပုံမှန်လုပ်ရိုးလုပ်စဉ် စေတနာ့ဝန်ထမ်း ကူညီမှုအဖြစ် တုံ့ပြန်လိုက်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၆၀ ကျော်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိတာကြောင့် ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ ဓာတ်ပုံအတုတွေ မှတ်တမ်းအတု တွေကို အဖွဲ့အစည်းအလိုက်၊ တဦးချင်းစီ အလိုက်ဖန်တီးမှု များလာတာကို စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန် ရွေးကောက်ပွဲကို အကြောင်းပြပြီး နိုင်ငံရေးအရ ကွဲလွဲချက်တွေနဲ့ အမုန်းတရားတွေ ပိုကြီးထွားအောင်၊ အကြမ်းဖက်မှုတွေ ပေါ်လာအောင် ရန်ဖက် နိုင်ငံတွေက တိုးလုပ်လာနေတဲ့အကြောင်း အမေရိကန် ထောက်လှမ်းရေးဌာနက သတိပေးနေပါတယ်။
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ ရခိုင်ပြည်နယ်က အမ်းမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။အောက်တိုဘာလ ၂၃ရက်နေ့ ဒီကနေ့မှာတော့ အမ်းမြို့ပေါ်က စစ်ကောင်စီ စရဖတပ်ကို AA အာရက္ခတပ်တော် ဘက်က ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မြို့ခံတဦးကပြောပါတယ်။
“လူနာအများစုဟာ အားအင်ချိနဲ့နေကြပြီး၊ နှာဆေး၊ ချောင်းဆိုး၊ အဖျားမိနေကြပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ အခြေအနေကိုလည်း စစ်ဆေးပေးနေရပါတယ်။” လို့ ဒေသခံ Labuhan Haji ဆေးရုံက ဆရာဝန် Dr. Muhammad Iqram က AP သတင်းဌာနကို ပြောခဲ့တာပါ။
ကချင်ပြည်နယ်နဲ့ဆက်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါင်း လေးခုထက်မနည်းကို တရုတ်က လုံခြုံရေးအကြောင်းပြုပြီး ပိတ်ပစ်လိုက်တဲ့နောက် မြစ်ကြီးနားအပါအဝင် နယ်စပ်မြို့တချို့မှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက ဒီနေ့အောက်တိုဘာလ ၂၃ရက် တရက်တည်းမှာပဲ လေကြောင်းကနေ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ခြံနံပတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင် ရောင်းချနိုင်ဖို့ အရေး ဒုတိယအကြိမ်ဈေးခေါ်ထားတဲ့ လေလံကြမ်းခင်းဈေး ကျပ်ငွေ ၃၀၀ ဘီလီယံတန်ဖိုးကနေ ကျပ် ၁၀ဘီလီယံ လျော့ချပေးပြီး ကျပ်၂၉၀ ဘီလီယံနဲ့ လေလံတင်ဖို့ ဦးအောင်ဆန်းဦး ရှေ့နေက တရားရုံးကို လျှောက်ထားတင်သွင်းလိုက်ပါတယ်။
၂၀၁၄ ခုနှစ်က အီရတ်မှာ အသက် ၁၁ နှစ်အရွယ် Fawzia Amin Saydo ဟာ ISIS စစ်သွေးကြွအဖွဲ့ရဲ့ လိင်ကျေးကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရပြီး ၁၀ နှစ်အကြာ အောက်တိုဘာ ၁ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့တခုက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Amy Katz က မေးမြန်းတင်ဆက်ထားတာကို ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်