ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနဲ့ ဆန်လုပ်ငန်းရှင်တွေ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဘဏ်ဥက္ကဋ္ဌတွေနဲ့ ဘဏ်တာဝန်ရှိသူတွေ နေပြည်တော်မှာ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီလိုသတင်းတွေကြောင့် ဘဏ်တွေမှာ ငွေလိုသလောက် ထုတ်ယူမရတော့ဘဲ စျေးကွက်ထဲ ကမောက်ကမ ဖြစ်နေတဲ့အကြောင်း ပြည်သွေးနိုင် ဆွေးနွေးတင်ပြထားပါတယ်။
တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ(၅)ချက် ချမှတ်ခဲ့တဲ့ နှစ် ၇၀ ပြည့် အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်သလဲဆိုတဲ့အကြောင်း ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ပြည်သွေးနိုင်က တင်ပြထားပါတယ်။
ဆန်ဈေးတွေတက်လို့ ဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေနဲ့ ဆန်ပွဲရုံပိုင်ရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးတဲ့သတင်းတွေထွက်လာပါတယ်။ အဲဒီလို ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာဟာ ကုန်ဈေးနှုန်းတွေတက်တာ၊ စီးပွါးရေးကျဆင်းနေတာတွေရဲ့ အဖြေပါလား။
၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲလုပ်လို့ ရနိုင်ပါ့မလား။ ရွေးကောက်ပွဲရော လုပ်သင့်ပါရဲ့လား။ စစ်ကောင်စီဟာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ရွေးကောက်ပွဲကို လုပ်မှာပါလဲ။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် NLD အစိုးရလက်ထက် စီးပွါးရေးအကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ပါမောက္ခရှောင်တာနယ်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၆၅၀ နေခဲ့ရပါတယ်။ ဒီအကြောင်းကို အခြေခံပြီး ပါမောက္ခရှောင်က "သူမတူအကျဉ်းသား"ဆိုတဲ့ စာအုပ်ရေးသားခဲ့ပါတယ်။
ရွှေဆိုင်ပိုင်ရှင်တွေထဲ အဖမ်းခံတဲ့သူခံရ၊ ထွက်ပြေးတဲ့သူက ပြေးနဲ့ စီးပွါးရေးလောကမှာ ကျီးလန့်စာစား ဝရုန်းသုန်းကားဖြစ်နေချိန်မှာပဲ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်တဲ့အခါ ဘာတာစနစ်ကိုကျင့်သုံးရမယ်ဆိုတဲ့ ကြေညာချက်ကို ကုန်သည်ကြီးများနဲ့ စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ထုတ်ပြန်ပါတယ်။
ဒီရက်ပိုင်းအတွင်း ဒေါ်လာဈေး၊ ရွှေဈေးတွေ အတက်ကြမ်းနေပါတယ်။ အလားတူပါပဲ စားသုံးကုန်၊ လူသုံးကုန်ပစ္စည်းတွေ အပါအဝင် လောင်စာဆီဈေးနှုန်းနဲ့ ဆေးဝါးဈေးတွေလည်း တရိပ်ရိပ်တက်နေပါတယ်။ လျှပ်စစ်မီးပျက်တာကလည်း ပိုဆိုးလာသလို အလုပ်အကိုင်အခွင့်အလမ်းကလဲ ရှားပါးပြီး ဝင်ငွေတွေလည်း ကျဆင်းလာနေပါတယ်။
စစ်ကောင်စီကို ဦးစားပေး ဆက်ဆံနေကြတဲ့ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ဟာလည်း ခုချိန်မှာ မူဝါဒတွေ ပြောင်းလဲလာပြီး စစ်ကောင်စီကို ဆန့်ကျင်ကာ ခုခံတော်လှန်စစ်ဆင်နွှဲနေကြတဲ့ တော်လှန်ရေး အင်အားစုတွေကို ထိတွေ့ဆက်ဆံလာကြတာ တွေ့လာရတဲ့အကြောင်း ဆောင်းပါးရှင် ပြည်သွေးနိုင်က သုံးသပ်တင်ပြထားပါတယ်။
ဒေါက်တာတေဇာစန်းက NUG အောက်ခြေယန္တရား ယိုယွင်းနေတယ် NUG လက်အောက်ခံ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေ ကျင့်ဝတ်စည်းကမ်းလျော့ရဲမှု၊ ဖောက်လွဲဖောက်ပြန်မှုတွေ ပိုမိုဆိုးရွားလာနေတယ်။ဒီကိစ္စတွေကို ဖြေရှင်းဖို့ NUG အနေနဲ့ တုန့်ဆိုင်းမနေသင့်ဘူးဆိုတဲ့ သတိပေးချက် ထွက်ပေါ်လာတာတွေ့ရပါတယ်။
ရာသီဥတု ပူပြင်းလို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ ရွှေ့ပြောင်းထားတယ်လို့ စစ်ကောင်စီပြောခွင့်ရကပြောပေမဲ့ ဘယ်မှာထားတယ်ဆိုတာ တိတိကျကျ မပြောပါဘူး။ဒီလို အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်နေရာမှာထားတယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်တဲ့ အနေအထားပါ။
စစ်ကောင်စီလက်အောက် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ရသင့်၊ ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။ ညှဉ်းပမ်းနှိပ်စက်ခံရတာ၊ လုံလောက်တဲ့ ဆေးကုသခွင့်မရတာ၊ ထောင်ဝင်စာ တွေ့ခွင့်မရတာတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ပန်းလိုဖြစ်ကြောင်း၊ ဒီမိုကရေစီမရှိရင် သတင်းလွတ်လပ်ခွင့် မရှိနိုင်ကြောင်း၊ ထို့အတူ သတင်းလွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီဆိုတာလည်း မရှိနိုင်ကြောင်း၊ သတင်းသမားဟာ မလိုရင် ထိုးချ၊ လိုရင် ပင့်ပေးလုပ်လို့မရကြောင်း၊
မေလ ၃ ရက်နေ့ကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ သတင်းလွတ်လပ်ခွင့်အရေးပါပုံကို လူတွေ ပိုသိရှိစေဖို့၊ သတင်းလွတ်လပ်ခွင့်ကို အလေးထားဖို့နဲ့ အကာအကွယ်ပေးရမယ့်တာဝန်ရှိတယ်ဆိုတာ အစိုးရတွေ သတိထားမိစေဖို့ ဒီကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို သတ်မှတ်ပြဋ္ဌာန်းပေးခဲ့တာဖြစ်ပါတယ်။
"... တိုင်းပြည်မှာ လက်တွေ့ဖြစ်နေတာ။ဒီအခြေအနေကိုကြည့်လိုက်ရင် တိုင်းပြည်စီးပွါးရေး ပုံမှန်လည်ပတ်ဖို့တောင် အတော်ကြီးကို ခက်သွားပြီ။ဒီကြားထဲ စစ်မှုထမ်းဥပဒေကြောင့် လူငယ်ပညာတတ် အင်အားစုပါ နေ့စဉ်ဆိုသလို ဆုံးရှုံးနေတော့ တိုင်းပြည်အခြေအနေဟာ နူရာဝဲစွဲလို့ပဲ ပြောရတော့မှာပဲ”
မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွားပျက်တဲ့အသံတွေ ပိုကြားလာရပါတယ်။ လောင်စာဆီ ဈေးနှုန်းတွေလည်း ပိုတက်လာတာ တွေ့ရပါတယ်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွေကလည်း ရပ်တန့်သလောက်နီးပါးဖြစ်နေတဲ့အတွက် ကုန်သွယ်ရေး ကျဆင်းကာ စီးပွါးရေးကို သိသိသာသာ ထိခိုက်နေချိန်ဖြစ်ပါတယ်။
ပြည်သူ့ညီလာခံနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေမှာ ဆူဆူညံညံ၊လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တာကတော့ ညီလာခံနောက်ဆုံးရက်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ မတက်ရောက်တဲ့သတင်း ဖြစ်ပါတယ်။
ဒုတိယအကြိမ်ပြည်သူ့ညီလာခံကြီးကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ( NUCC )က ကြီးမှူးပြီးတော့ ဧပြီလ ၄ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ညီလာခံနောက်ဆုံးနေ့မှာ CRPH နဲ့ NUG တို့ မတက်ရောက်ခဲ့တဲ့သတင်းဟာ လှုပ်ခတ်ခဲ့ပါတယ်။ ပြည်သူ့ညီလာခံအပြီးမှာ NUCC အပေါ် ဘယ်လို မြင်ကြသလဲ။
ဧပြီလအတွင်းမှာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နဲ့ ပြင်ဦးလွင်မြို့တို့ကို အသေခံဒရုန်း၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခြင်း ခံခဲ့ရသလို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီလည်း ခုခံ တော်လှန်ရေးအင်အားစုတွေ လက်ထဲကျရောက်ခဲ့တာ တွေ့ရပါတယ်။
အတာသင်္ကြန်ကာလာကို ကျော်လွန်လို့ နှစ်သစ်ကို ကူးပြောင်းရောက်ရှိခဲ့ပါပြီ။ နှစ်သစ်မှာ ဘာတွေများ အသစ်ဖြစ်ပေါ် ပြောင်းလဲလေမလဲဆိုတာ မြန်မာပြည်သူတွေ မျှော်လင့်တမ်းတကြပါတယ်။ ပြည်တွင်းစစ်အရှိန်က မြင့်နေချိန်ဆိုတော့ မြန်မာပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ အနိဋ္ဌာရုံသတင်းတွေကိုသာ မြင်တွေ့၊ကြားသိနေကြရတာများပါတယ်။
ပြောရရင် စစ်ကောင်စီအနေအထားဟာ ဖရိုဖရဲဖြစ်နေပါပြီ။ထိန်းချုပ်နိုင်တဲ့ နယ်မြေဧရိယာတွေ တဖြည်းဖြည်း ဆုံးရှုံးလာကာ နေပြည်တော်သည်ပင်လျှင် လုံခြုံစိတ်ချရတဲ့ အနေအထား မရှိတော့ပါဘူး။
နောက်ထပ်ကြည့်ရှုရန်