ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ရိုဟင်ဂျာတွေကို စစ်သားသစ်စုဆောင်းပြီး စစ်သင်တန်းတွေပေး၊ စစ်မှုထမ်းရမှာကို စိုးရိမ်တဲ့အတွက် ရိုဟင်ဂျာလူငယ်တွေ ဒုက္ခသည်စခန်းတွေက ထွက်ပြေးတယ်ဆိုတာတွေနဲ့ ရိုဟင်ဂျာတွေက AA အလိုမရှိလို့ ဆန္ဒပြတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။
မူဆယ်မြို့မှာ မတ်လ ၂၆ ရက်ကနေ ၂၉ ရက်နေ့အထိ တရုတ်ရဲတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ဟိုတယ်တွေ၊ကာစီနိုလောင်းကစားရုံတွေကို ဝင်ရောက်စီးနင်းတာ၊ဖမ်းဆီးတာတွေ လုပ်ဆောင်တဲ့ သတင်းတွေကို လည်း မီဒီယာတွေမှာ ဖော်ပြကြတာတွေ့ရပါတယ်။
တရုတ်ဟာ စစ်ကောင်စီအပါအဝင် မြန်မာ့နိုင်ငံရေးအင်အားစုတွေနဲ့ အဆက်အသွယ်ရှိသလို နိုင်ငံရေးအရလည်း ဩဇာညောင်းတာကို တွေ့နေရပါတယ်။ မြန်မာ့အရေး ဖြေရှင်းရေးမှာ တရုတ်အခန်းကဏ္ဍ ဘယ်လိုရှိသလဲဆိုတာကို ကမ္ဘာ့၊ မြန်မာ့ မီဒီယာ မြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
အကျိုးစီးပွါးက အဓိကဖြစ်တယ်၊ ပြီးတော့ Humanitarian Corridor ဆိုတာမျိုးက နောက်ပိုင်းမှာ Dialogue တွေ့ဆုံဆွေးနွေးရေးဖြစ်စေဖို့ ဦးတည်တာမျိုးဖြစ်တယ်၊ ဒါကြောင့် သတိထားပြီး စောင့်ကြည့်သင့်တယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရက စီစဉ်တဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီလက်အောက်ခံ ကြက်ခြေနီအသင်းကတဆင့် ပေးအပ်ခဲ့တာမို့ စစ်ဘေးရှောင်တွေဆီ အမှန်တကယ် ရောက်ရှိနိုင်ပါ့မလားဆိုတာ စောင့်ကြည့်လေ့လာသူတွေက ဝေဖန် ထောက်ပြကြပါတယ်။
Myanmar Now ရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့နဲ့ ဆက်သွယ်မေးမြန်းချက်မှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ တစ်ဦးဦးဟာ နေအိမ်မှာ မရှိရင် မိဘတွေ၊အုပ်ထိန်းသူတွေအနေနဲ့ ခိုင်လုံတဲ့ အကြောင်းပြချက် မပေးနိုင်ဘူးဆိုရင် အဲဒီသူကို တရားခံပြေးအဖြစ်သတ်မှတ်မယ်လို့ ဖြေကြားသွားတာ တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အလွှာအသီးသီးက ပြည်သူတွေ စိုးရိမ် ပူပန်နေကြပါတယ်။ တစ်ဦးချင်းဘဝတွေနဲ့ မိသားစုဘဝတွေသာမက လုပ်သားအင်အားကိုပါ ထိခိုက်စေတာမို့ ရေရှည်မှာ တိုင်းပြည်ရဲ့ စီးပွါးရေးကိုလည်း ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝန်း ကျင်းပပြုလုပ်နေချိန်မှာ ဝမ်းနည်းစရာကောင်းတာကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဘဝဟာ အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်၊ကြုံတွေ့ ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။
မတ်လ ၈ ရက်နေ့ဟာ ကမ္ဘာတဝန်းမှာ နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်နေချိန် မြန်မာနိုင်ငံမှာတော့ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ အကျဉ်းထောင်ထဲ ရောက်နေကြသလို နိုင်ငံတကာအမျိုးသမီးများနေ့ လှုပ်ရှားမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြတာ မတွေ့ရပါဘူး။
ထိုင်း၊ တရုတ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးမူဝါဒတွေ ပြောင်းလဲလာပုံရတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ညီနောင်သုံးဖွဲ့နဲ့ အပစ်ရပ်ရေး တရုတ်ကြားဝင်စေ့စပ်မှု၊ ထိုင်းလွှတ်တော်ထဲကဆွေးနွေးပွဲတွေက သာဓကတွေပါ။ ကမ္ဘာ့၊မြန်မာ့မီဒီယာမြင်ကွင်းမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့ အလိမ္မာ တင်ဆက်ထားပါတယ်။
စစ်ကောင်စီက စစ်မှုထမ်း ဥပဒေပြဌာန်းလိုက်ပြီးနောက် လူငယ်တွေဟာ စစ်မှုထမ်းရမှာကို ရှောင်နိုင်ဖို့ကြိုးစားကြတာ တွေ့ရပါတယ်။ ဒီဥပဒေဟာ နိုင်ငံအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေသလို အကြပ်အတည်းကြားက အခွင့်အလမ်းတွေလည်း ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းကို ပြည်သွေးနိုင်နဲ့အတူ အလိမ္မာက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံတွင်းက စစ်ရေးအခြေအနေတွေကြောင့် တော်လှန်ရေးအင်အားစုတွေအပေါ်မှာ အိမ်းနီးချင်းနိုင်ငံတွေ၊ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ သဘောထားအမြင်တွေပြောင်းလဲလာတာ တွေ့ရပါတယ်။
၂၀၁၀ မှာ စစ်အစိုးရထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်တော့မဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ အစီအစဉ်ကြောင့် ပြည်တွင်းပြည်ပ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေ ထွက်လာသလို လူထုကြားမှာလည်း အတော်အထိတ်တလန့်ဖြစ်နေကြတာပါ။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့ အလိမ္မာတင်ဆက်ထားပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်လာချိန် မြန်မာ့အရေးမှာ နိုင်ငံတကာ အကူအညီတွေ ထိထိရောက်ရောက်မရပေမဲ့ တရုတ်ရဲ့ဝင်ရောက်စွက်ဖက်မှုကတော့ ကြီးမားလာနေတယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ့ အဖွဲ့ကြီးက ထောက်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာအိုက စတင်တာဝန်ယူ၊ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့ ထူးခြားချက် ၂ ချက် ထွက်ပေါ်လာပါတယ်။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာက တင်ဆက်ထားပါတယ်။
၂၀၂၄၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ကအာဏာသိမ်းခဲ့တာ ၃ နှစ်ပြည့်တော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေရော၊ တခြားဒေသတွေမှာပါ စစ်မီးတောက်လောင်နေဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ တော်လှန်ရေးရေချိန် အမြင့်ဆုံးရောက်ပြီး စစ်တပ်ပြိုလဲမယ့် အနေအထားရှိနေပါပြီလား။
မြန်မာနိုင်ငံဟာ သတင်းထောက်ဖမ်းဆီးမှု ကမ္ဘာ့ဒုတိယအဆိုးဆုံးနေရာမှာရှိတယ်လို့ နိုင်ငံတကာသတင်းထောက်အခွင့်အရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ ကမ္ဘာ့၊မြန်မာ့မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံစစ်ရေးပဋိပက္ခတွေအတွင်း ကလေးသူငယ်နဲ့ အမျိုးသမီး ထိခိုက်နစ်နာမှု ကြီးမားပြီး သက်ကြီးရွယ်အိုတွေအပြင် သူတို့အတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောက့်ရှောက်မှုနဲ့ လုံခြုံရေးလိုအပ်ချက်က အထူးများပြားတာပါ။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်းကွင်းကို ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ထားပါတယ်။
နိုင်ငံရေးပဋိပက္ခတွေနဲ့ မြန်မာနိုင်ငံအရေးကိစ္စဟာကမ္ဘာကို ခြိမ်းခြောက်ကြီးတခုအဖြစ် Foreign Policy မဂ္ဂဇင်းကဖော်ပြပါတယ်။ နှစ်သစ် ကမ္ဘာ့အရေးဖြစ်နိုင်ခြေတွေကို ခန့်မှန်းသုံးသပ်ရာမှာ ထည့်သွင်းထားတာပါ။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
၂၀၂၃ ခုနှစ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြား ဖြစ်စဉ်တချို့နဲ့သုံးသပ်ချက်တွေကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတို့က တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်