လာမယ့်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသား အဓိကနိုင်ငံရေးပါတီ နှစ် ခုက လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၀၀ ကျော်အတွက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲအတွင်း ဒေသခံရွာသားတချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း ပြောပြပေးပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်SSPP/SSAအဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့သတင်းတင်ပြပါမယ်။
မင်းပြားမြို့နယ်မှာ သင်တန်းသားစစ်သည် အရာရှိတွေကို တင်ဆောင်လာတဲ့တပ်မတော်ယာဉ်တန်း တနင်္လာနေ့တုန်းက တိုက်ခိုက်ခံရပြီး နောက်ဆက်တွဲတိုက်ပွဲတွေ ဒီနေ့အထိ ဆက်ဖြစ်နေပါတယ်။
ကရင်ပြည်နယ်ဖာပွန်မြို့နယ်ပိုလိုထကျေးရွာက အမျိုးသမီးတစ်ဦးကိုပစ္စည်းလုယက်သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာစစ်သားနှစ်ဦးကိုအရေးယူပေးဖို့တောင်းဆိုတဲ့သတင်းကိုတင်ပြပါမယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်က စစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့အကြောင်း ကြေညာခဲ့ပြီးနောက် ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အကြောင်း ပြောပြပါမယ်။
တပ်မတော်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေလုပ်မယ်လို့ ကြေညာခဲ့တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ အရပ်သားတချို့ပါထိခိုက်မှုတွေ ကြုံနေရတာပါ။
မနေ့တုန်းကလည်း မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ရသေ့တောင်မြို့နယ်မှာ ရှိတဲ့ ကိုးတန်ကောက်နဲ့ ချိန်ခါလီကျေးရွာ အကြား တိုက်ပွဲဖြစ်ရာမှာ ဒေသခံရွာသားတချို့ သေဆုံးဒဏ်ရာ ရရှိခဲ့တယ်လို့ ချိန်ခါလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောပါတယ်။
အလားတူ ကျောက်ဖြူမြို့နယ်၊ အတွင်း တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကပ်သပြေ ကျေးရွာသား ၇ ဦးနဲ့ စိုင်ခြုံကျေးရွာ ရာအိမ်မှူးတဦးကိုလည်း အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင် ဘူးသီးတောင်ဒေသ ချွတ်ပြင်ရွာနဲ့ မောင်နုရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ တပ်မတော်ကနေ အထူးစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းတဲ့ သတင်းကို တင်ဆက်ပေးချင်ပါတယ်။
ကျောက်ဖြူမြို့နယ်၊ ကပ်သပြေ ကျေးရွာကလူငယ် ခုနစ်ဦးနဲ့ စိုင်ခြုံ ဒွိန်ကျေးရွာရာအိမ်မှူး တဦး စုစုပေါင်း ရှစ်ဦးကို ဓညဝတီရေတပ်စခန်းကနေ ကျောက်ဖြူမြို့မ ရဲစခန်းကို မနေ့နှောင်းပိုင်းက လွှဲပြောင်းပေးခဲ့ကြောင်း ကပ်သပြေကျေးရွာ အုပ်ချုပ်ရေးမှူးဦးမောင်ခင်ဦးက အတည်ပြုပြောဆိုခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအနီး နယ်မြေခံတပ်က လစာငွေထုတ်တဲ့ တပ်မတော်ယာဉ်တန်းတစ်ခု မနေ့က မိုင်းဆွဲတိုက်ခိုက်ခံရအပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကနေ့ပဲ ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အစိုးရကနေ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတဝိုက်မှာ နယ်မြေရှင်းလင်းရေး ညွှန်ကြားချက်ကို ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုပေမဲ့ တိုက်ပွဲဖြစ်ပွားနေဆဲ အခြေအနေကို တင်ဆက်ပေးပါမယ်။
ရခိုင်ပြည်နယ် ရသေ့တောင် ကျောက်တန်းရွာအနီး ၁၇ ရွာကို တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှာမို့လို့ ဒေသခံတွေ ခေတ္တတိမ်းရှောင်ကြဖို့ ဒေသခံအာဏာပိုင်တွေ သတိပေးထုတ်ပြန်လိုက်တဲ့နောက် ဒေသအတွင်း တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အခြေအနေကို ပြောပြပါမယ်။
ရသေ့တောင်မြို့နယ်၊ နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင် သုံး ဦးကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်းက မြန်မာရေတပ်သင်္ဘောကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဒီမနက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားကြောင်း ရသေ့တောင်မြို့ပရဟိတအဖွဲ့ဝင် ကိုဘက္ကာကပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA တို့ရဲ့ COVID-19 ကပ်ရောဂါ စစ်ဆေးရေးဂိတ်တွေကို တပ်မတော်ကနေ ဟန့်တားပိတ်ပင်တဲ့အခြေအနေကို တင်ဆက်ပေးပါမယ်။
COVID-19 ကူးစက်ရောဂါဖြစ်ပွါးမှု မြင့်မားနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ လာအိုနိုင်ငံက တရားမဝင်ခိုးဝင်လာသူတွေနဲ့ လူပွဲစားတွေကို လူဝင်မှု ကြီးကြပ်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ နိုင်ငံတော် သမ္မတရုံးကနေ ပြောဆိုခဲ့တဲ့အကြောင်းတင်ဆက်ပေးမှာပါ။
ကွတ်ခိုင်မြို့နယ် နောင်ဖန်းကျေးရွာ အနီးမှာ KIO တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ဇွန်လ ၁၆ ရက်နေ့ကနေ ဒီမနက်အထိ ၃ ရက်ဆက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကာလိုင် ဇွတ်အောင် စစ်ရှောင်စခန်းကော်မီတီအကြံပေးဆရာ နောင်လတ်ကပြောပါတယ်။
၁၉၉၇ ခုနှစ်တုန်းက ရှမ်းပြည်အရှေ့ပိုင်း ကွန်ဟိန်းမြို့နယ်ထဲ ဒေသခံကျေးရွာသား ၅၀ ကျော် အစုလိုက်အသတ်ခံရတဲ့နေ့ကို အစွဲပြုပြီး အခု ဇွန်လ ၁၆ ရက်နေ့ကို ရှမ်းအမျိုးသားလူ့အခွင့်အရေးနေ့အဖြစ် ရှမ်းပြည်နယ်တွင်းက အဖွဲ့အစည်းတွေက သတ်မှတ်ကြေညာတဲ့ သတင်းကို ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်