ဒီနေ့ မနက် ပုဏ္ဏားကျွန်းမြို့ အေးစေတီအနီး ဈေးအနားမှာ အရပ်ဝတ်နဲ့ ဈေးဝယ်ထွက်လာတဲ့ နယ်မြေခံ ၅၅၀ တပ်ရင်းက တပ်မတော်အရာရှိ တဦး ဓားထိုးခံရပြီး တပ်သား တဦးဖမ်းဆီးခံရကြောင်း တပ်မတော်ပြောခွင့်ရဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။
တရုတ်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၄၀ ဦးကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ်အာဏာပိုင်တွေက မြန်မာနိုင်ငံဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လကစပြီး မြန်မာ့တပ်မတော်က လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ မိတ်စာဝ၊ ဝက်မ၊ နန်းချောင်း၊ ၀ ကျေးရွာက ရွာသား ၂၉ ဦး၊ ပလက်ဝမြို့ပေါ်နဲ့ ပီၤွဝုန်းရွာက ၈ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး အမည်မသိ အဖွဲ့က ပစ်ခတ်လို့ ၃ ဦး သေဆုံးခဲ့ကြောင်း စာရင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်အနီရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာဒုက္ခသည်တချို့ တရားမဝင်အပေါက်ကနေတဆင့် မောင်တောခရိုင်ဘက်ကို တရားမဝင် ပြန်လည်ဝင်ရောက်မှုတွေ ရှိနေလို့ ရောဂါဖြစ်ပွားမှာ ဒေသခံတွေ စိုးရိမ်နေကြတာပါ
မနေ့ညနေ ၅ နာရီအချိန်အထိ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ပြီး ARSA အဖွဲ့ရဲ့ အလောင်းနှစ်လောင်းနှင့်အတူ M-16 တစ်လက် BA-94 တစ်လက် သိမ်းပိုက်ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့၊ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့တွေကနေ ဇွန်လ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ နောက်ထပ် ၃ လ တဘက်သတ် အပစ်ရပ်ကြောင်း တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ အခြေပြုစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တပ်မတော်ဘက်က ပြောဆိုတဲ့အကြောင်း တင်ဆက်ပေးပါမယ်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က သဇင်မြိုင်နယ်ခြားစောင့်ကင်းစခန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဒီမနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်ထိခိုက်ပျောက်ဆုံးမှုရှိတဲ့ အခြေအနေ ပြောပြပါမယ်။
ယခင်က ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ကျူးကျော်တွေကို ဖယ်ရှားဖို့ အမိန့် ထုတ်ပြီးနောက်မှပဲ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းလိုက်တဲ့အပေါ်ဝေဖန်မှုတွေ ရှိနေတဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။
မိုင်းဆတ် တာချီလိတ်လမ်း လွယ်ဆမ်ဆုံတောင်အဆင်း ပါခါး ကျေးရွာအနီးမှာ ဒီကနေ့ ကားတစီး တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာတဲ့ လမ်းပြင်လုပ်သား ၁၉ ဦးအနက် ၁၀ ဦး သေဆုံးပြီး ကျန်သူတွေအားလုံးဒဏ်ရာ ရရှိသွားတယ်လို့မိုင်းဆတ်မြို့နယ် NLD အတွင်းရေးမှူး ဦးထွန်းအောင်ကပြောပါတယ်။
တကမ္ဘာလုံးမှာ ကူးစက် ပျံ့နှံ့နေတဲ့ COVID-19 ရောဂါထိန်းချုပ်ရေးကို အာရုံစိုက်နေချိန်မှာပဲ မြန်မာနိုင်ငံအတွင်း ဒီလပိုင်းအတွင်း တရားမဝင်မူးယစ်ဆေးကြွဆေး ဖမ်းဆီးရမှုတွေ အတော်မျာများ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မြန်ရောဂါ ပျံ့နှံမှု ရှိလာနေတဲ့တချိန်ထဲမှာပဲ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်၀ စစ်ရှောင်စခန်းတွေမှာ ရောဂါကူးစက်မှာ စိုးရိမ်နေကြပါတယ်။
AA အဖွဲ့လို့ယူဆရတဲ့ လက်နက်ကိုင်အဖွဲ့တခုကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာနဲ့ မာလာကျေးရွာက ရာအိမ်မှူးအပါအဝင် လူ ငါးဦး ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းကို တင်ဆက်ပေးပါမယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ကျူးကျော်အိမ်ပေါင်း ၁,၂၅၅ လုံးကို အချိန်သုံးလအတွင်း ဖယ်ရှားဖို့ မြို့နယ်အာဏာပိုင်တွေ သတိပေးထားတဲ့အကြောင်း တင်ဆက်ပေးပါမယ်။
မူဆယ်မြို့နယ်အတွင်းမှာ မြန်မာနိုင်ငံ မူးယစ်တိုက်ဖျက်ရေးနဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့တွေကနေ မေလ ၁၅ ရက် ကနေ မနေ့က ၁၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မူးယစ်ဆေးဝါးအများပြားနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။
စားနပ်ရိက္ခာအခက်ခဲရှိနေတဲ့ ပလက်ဝမြို့နယ်အတွက် ရိက္ခာတင်ဆောင်လာတဲ့ WFP မှ မော်တော်ယာဉ်တန်း ဧပြီလ ၂၉ ရက်နေ့က တိုက်ခိုက်ခံရတာဟာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ လက်ချက်ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးတင်းမာမှုအတွင်း အရပ်သားတွေထိခိုက်မှုတွေ ပိုတိုးပွားလာနေတာပါ။
ဧပြီလအတွင်း ကျင်ပဖို့ မှန်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံခေါ် ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ် ကျင်းပဖို့ ထပ်မံရက်ရွှေ့ဆိုင်းလိုက်တဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။
နိုင်ငံတော်သမ္မတရုံးကနေ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းလိုက်တဲ့အပေါ် နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့တွေရဲ့ အမြင်သဘောထားကို တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝန်ထမ်း တဦး ပစ်သတ်ခံရမှုနဲ့ စပ်လျှင်းပြီး လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးဖေါ်ထုတ်ဖို့နဲ့ COVID-19 ရောဂါကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ လက်နက်ကိုင်အဖွဲ့တွေ အပစ် ခတ်ရပ်စဲပေးဖို့ မြန်မာအရပ်ဘက်အဖွဲ့ပေါင်း ၂၇၈ ဖွဲ့က တောင်းဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်