ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား ဒီကနေ့ တိုက်ပွဲဖြစ်တာမှာ ရွာထဲကို လက်နက်ကြီးကျတာကြောင့် ရွာသား ငါး ဦး သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္လာနေ့က မင်းပြားမှာဖြစ်တဲ့ တိုက်ပွဲအတွင်း၂ ဘက်လုံးမှာ ထိခိုက် ကျဆုံးတာတွေရှိတယ်လို့ တပ်မတော်ဘက်ကရော AA ဘက်ကပါ အတည်ပြု ပြောဆိုပါတယ်။ အဲဒီ တိုက်ပွဲအတွင်းမှာပဲ မြောက်ဦး မင်းပြားဒေသခံ ၅ ဦး ဒဏ်ရာရခဲ့ပြီး ရာနဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား ဒီနှစ်ပိုင်း (၅) လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြိမ် ထိခိုက်မှုအခြေအနေနဲ့ပက်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ စာရင်းထုတ်ပြန်လိုက်တာပါ။
ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဒုက္ခသည် ကူညီစောင့် ရှောက်ရေး စခန်းတည်ဆောက်ပေးဖို့ စီစဉ်နေတယ်ဆိုပေမဲ့ လက်ရှိအကောင်အထည် မဖေါ်နိုင်သေးသလို နေထိုင်ရေးတွေမှာပါ အခက်ခဲရှိနေတယ်လို့ အကူညီပေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော် AA အဖွဲ့အကြား မနေ့ကညပိုင်းအထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သလို နှစ်ဘက် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ တပ်မတော်ရော၊ AA တာဝန်ရှိသူတွေက ပြောပါတယ်။
မနေ့ကလည်း ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းဘက်မှာ မြန်မာစစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂ ဘက်ထိခိုက်မှုတွေရှိနေတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် စိုင်းဒင်ချောင်းရွာသားတွေလည်း စစ်ဘေး တိမ်းရှောင်နေရပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသလို ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ နှစ်ဘက်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တပ်မတော်နဲ့ ရခိုင် AA တပ်ဖွဲ့တို့ စစ်ရေးပဋိပက္ခတင်းမာနေဆဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ မနေ့က ပစ်ခတ်မှုဖြစ်တာကြောင့် ကျောင်းနေအရွယ် ကလေးငယ်တဦး သေဆုံးပြီး (၁၀) နှစ်အောက်ကလေးတွေနဲ့ ရွာသား (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့အတွက် ရိက္ခာစုဆောင်းတယ်ဆိုတဲ့ စွဲချက်နဲ့ ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ရပ်ရွာအုပ်ချုပ်ရေးမှူး တဦးကို မြန်မာစစ်တပ်က ဖမ်းဆီး ခဲ့ပြီး အဲဒီ ကျေးရွာတွင်းကိုလည်း တပ်က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ရခိုင်မြောက်ပိုင်း ကျောက်တန်းကျေးရွာမှာ ရွာသား ၃၀၀ လောက်ကို မြန်မာစစ်တပ်က ထိန်းသိမ်းထားစဉ် ညပိုင်း ပစ်ခတ်မှုဖြစ်တာကြောင့် သေဆုံးသူ (၆) ရှိခဲ့ရာမှာ ဒဏ်ရာရသူ (၈) ဦးထဲက တဦးဟာလည်း မနေ့က ရန်ကုန် မြောက်ဥက္ကလာပ ဆေးရုံမှာ ဆုံးပါးသွားပါတယ်။
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား ဒီကနေ့မှာလည်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတဦးအပါအဝင် ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကနေရာတချို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ဒီလိုဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအကြား ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကျောက်တန်းကျေးရွာသား (၂၂) ဦးကိုတော့ ဒီကနေ့မှာပဲ တပ်မတော်က ပြန်လည်လွှတ်ပေးခဲ့ပြီး (၈) ဦးကိုတော့ AA နဲ့ပက်သက် နေတယ်ဆိုပြီး စစ်တွေမှာ ဆက်လက် ထိန်းသိမ်းထားတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အကြား စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ဲပြီး ဗုံးခွဲတိုက်ခိုက်သူ AA တပ်ဖွဲ့ဝင်ကို အသေဖမ်းဆီးခဲ့တဲ့အကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း ကျောက်တော်မြို့အနားမှာ လမ်းလုံခြုံရေးယူနေတဲ့ မြန်မာ့ တပ်မတော်ယာဉ်တန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဒီကနေ့မနက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ AA တာဝန်ရှိသူ တွေနဲ့ တပ်မတော်တာဝန်ရှိသူတွေက အတည်ပြု ပြောဆိုပါတယ်။
မြန်မာစစ်တပ်က ထိန်းသိမ်းစစ်ဆေးနေတဲ့ ဒေသခံ ရွာသားတွေနဲ့ ဝန်ထမ်း (၁၂၀) ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်နေတဲ့ (၁၀၀) ကျော်ကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ တပ်မတော်တာဝန်ရှိသူတွေက ဒီနေ့ပဲ အတည်ပြု ပြောဆိုလိုက်ပါတယ်။
စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျေက်တန်းကျေးရွာက ရွာသား ၃၀၀ လောက်ကို မြန်မာစစ်တပ်က စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်သေကြရတာ ရှေး ဟောင်းအမွေအနှစ် ဘုရားပုထိုးတွေ ပျက်စီးတာတွေ ရှိနေတာကြောင့် ဒါတွေကို ရပ်တန့်ဖို့ အစိုးရတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား ပစ်ခတ်မှုတွေ ရပ်စဲပြီး တွေ့ဆုံ ဆွေးနွေးသွားဖို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်ရေးပဋိပက္ခအတွင်း နေရပ်ကနေ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ နွေရာသီ သောက်သုံး ရေပြတ်လတ်မှုနဲ့အတူ နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျှောနဲ့ ဖျားနာမှုတွေ သိသိသာသာ ဖြစ်လာနေတယ်လို့ အကူညီပေးအဖွဲ့တွေက ပြောပါတယ်။
စစ်ရေးပဋိပက္ခ မတည်ငြိမ်သေးတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စံဂိုးထောင် ကျေးရွာဘက်မှာ ဒီကနေ့ မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ရွာသားတွေ နေရပ်စွန့်ခွာပြီး စစ်ဘေး တိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် မြောက်ဦးနဲ့ မင်းပြားနယ်အစပ် ပန်းမြောင်းရှည်ချောင်းဘက်မှာ နှစ်ဘက်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်ကနေ လေကြောင်း အကူသုံး တိုက်ခိုက်တာတွေ ရှိတယ်လို့ AA တာဝန်ရှိသူက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသတွင်း ကျေးရွာလူထုကြား စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်