ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွါးနေပြီး တိုက်ပွဲတွေအတွင်း အရပ်သားတွေအပေါ် ထိခိုက်မှုတွေ များပြားနေပါတယ်။
မြန်မာနိုင်ငံဒေသအနှံ့မှာ ရိုးရာသင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေပေမဲ့ စစ်ရေးပဋိပက္ခတင်းမာနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ သင်္ကြန်ပျော်ရွှင်ပွဲ မကျင်းခဲ့သလို ရန်ကုန်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ ရခိုင်ရိုးရာသင်္ကြန်ပွဲလည်း မကျင်းနိုင်ခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရဲတပ်ရင်းတခုကို ရခိုင့်တပ်တော် AA အဖွဲ့က ပြီးခဲ့တဲ့အင်္ဂါနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ခေါ်ဆောင်သွားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ရဲ့ အမျိုးသမီးနဲ့ ကလေးအပါဝင် စုစုပေါင်း ၇ ဦးကို AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့အကြား စစ်ရေးတင်းမာမှုတွေကြောင့် နေရပ်ကနေ တိမ်းရှောင် ထွက်ပြေးနေကြရတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင် ရွာသားတချို့နေရပ်ကို စတင်ပြန်နေကြပေမဲ့လည်း စိုးရိမ်စိတ်ကြောင့် အားလုံး မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခ အခြေအနေကြောင့် ပုဏ္ဏားကျွန်း ရသေ့တောင် ကျောက်တော် မြောက်ဦး မင်းပြား မြို့နယ်တို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီ အထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဒီလ ၁ ရက်နေ့ကပဲ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကနေ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စိုင်းဒင်တောင်တန်းပေါ်က ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ မြန်မာစစ်တပ်က AA အဖွဲ့ကို ပစ်ခတ်နှိမ်နှင်းရင်း အရပ်သားတွေကို ထိခိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်မှုဟာ မမှန်ကန်ကြောင်း AA အဖွဲ့က တုံ့ပြန်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မြောက်ဦးနဲ့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ရပ်ရွာအတွင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ရွာသား ၂၀၀၀ ကျာ် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှု တချို့ ဖြစ်ပွားခဲ့ပြီး ရွာသား ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိတဲ့အကြောင်း ဒေသခံနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။
မတ်လ (၂၁) ရက် ကြာသပတေးညက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခံရမှုကြောင့် ရွာသား(၅)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို လူဦးရေ (၄၀၀)ကျော် စစ်ဘေး တိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စနေနေ့မှာ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း လုပ်ငန်းခွင်သုံး အစိုးရပိုင် ကုန်တင်ဇက်သင်္ဘောဟာ လက်နက်ကိုင်အဖွဲ့တဖွဲ့ ပစ်ခတ်တိုက်ခိုက်တာခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ထဲကိုလည်း သောကြာညဘက်မှာ ပစ်ခတ်မှုတွေလုပ်ခဲ့လို့ မြို့ထဲမှာထိခိုက်မှုတွေရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေသလို၊ သံသယနဲ့ ဖမ်းဆီးခံရတဲ့ အရပ်သားတွေလည်း ပိုပြီး များလာနေပါတယ်။
စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်းမှာ အုပ်ချုပ်ရေးမှူးတချို့ကို အာဏာပိုင်တွေ ဖမ်းဆီးအရေးယူလိုက်တဲ့အတွက် လုံခြုံရေး စိုးရိမ်မှုကြောင့် ဒေသခံ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ နီးပါး ဒီနေ့ပဲ တာဝန်ကနုတ်ထွက်ကြောင်း ကြေညာလိုက်ကြပါတယ်။
စစ်ရေးပဋိပက္ခတင်းမာနေဆဲဖြစ်တဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေဆဲ ဖြစ်သလို တိုက်ပွဲအတွင်းအရပ်သားသေဆုံးမှုတွေ ဖမ်း ဆီးခေါ်ဆောင်မှုတွေလည်း ဖြစ်ပွါးနေပါတယ်။
မနေ့က ရခိုင်ပြည်နယ်မောင်တောမြို့နယ်က အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရဲကင်း အဖွဲ့ကို တိုက်ခိုက်တာဟာ ရခိုင့်တပ်မတော် AAနဲ့ ARSA အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တယ် လို့ တပ်မတော်ပိုင်သတင်းစာကနေ ထုတ်ပြန်တဲ့အပေါ် ရခိုင်လက်နက်ကိုင် AA ဘက်က ငြင်းဆိုခဲ့ပါတယ်။
လက်ရှိမြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခတင်းမာ နေတဲ့နေရာမှာ ရခိုင်ပြည်နယ် အတွင်းသာမက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ လည်း ရွာသားတွေစစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
မူလတန်း ကျောင်းသားကျောင်းသူတွေအပါအဝင် ပလက်ဝဒေသခံ ၂၀၀ လောက်ကို AA အဖွဲ့က ဘင်္ဂလား ဒေ့ရှ် နယ်စပ်ဘက် ခေါ်သွားတာဟာ ကြိုတင်ကြံစည်မှုတခုဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ က ပြောပေမယ့် AA ကတော့ ဒေသခံတွေက တောင်းဆိုလို့ လိုက်ပို့ပေးတာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်ရဲ့စစ်ကြောင်းတခုကို ဒီနေ့မနက်မှာ ရခိုင် တပ်မတော် AA ကနေ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် အဖွဲ့ AA တို့ကြား အခု နှစ်ရက်အတွင်း တိုက်ပွဲငြိမ်သက်နေကြောင်းနဲ့ ဒီကနေ့ နေပြည်တော်၊ စစ်သမိုင်းပြတိုက်က တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ AA တပ်ဖွဲ့ တည်နေရာနဲ့ပေါ်ပေါက်လာမှုနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ရှင်းလင်းချက်ကို AA ဘက်က လက်မခံဘဲ တုံ့ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဘူးသီးတောင် မောင်တောနယ်အစပ်တွေမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့AAတို့အကြားတိုက်ပွဲတွေဖြစ်နေဆဲပါပဲ။ဒီမနက်ရသေ့တောင်မြို့နယ်မှာဖြစ်တဲ့ တိုက်ပွဲ အတွင်း ဒေသခံရွာသားတွေ စစ်ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ အဲဒီဒေသတွင်းအကူအညီပေး အဖွဲ့ဝင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ဘက်က နယ်ခြားစောင့်စခန်းလေးခုကို ဒီကနေ့ လွတ်လပ်ရေးနေ့ မနက်ပိုင်းမှာ ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ AA က ဝင်တိုက်တယ်လို့ AA ဘက် ကရော တပ်မတော်ဘက်ကပါ အတည်ပြုပါတယ်။
နောက်ထပ်ကြည့်ရှုရန်