ဦးဝှေ့တင်းနည်းတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို အစိုးရကဖမ်းဆီးထားတဲ့ လုပ်ရပ်ဟာလည်း ဥပဒေကို လိုသလိုအသုံးချနေတာလို့လည်း ဆိုပါတယ်။
AA ရခိုင် လက်နက်ကိုင်အဖွဲ့က တလနီးပါးဖမ်းဆီးထားတဲ့ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းဆင်း မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်တာမှာ ဒီကနေ့စစ်တွေမြို့ကို ရောက်ရှိနေပြီးလို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို စုံစမ်းစစ်ဆေးစရာတွေရှိလို့ အခုအချိန်အထိ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ AA ရခိုင် လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်မှာ စစ်မှုထမ်းဟောင်း တဦး အပါဝင် အရပ်သား တဦးကို ရခိုင်လက်နက်ကိုင် AA ဘက်က ဖမ်းဆီးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မြန်မာ့တပ်မတောနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ဒီကနေ့မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေဆဲလို့ AA တာဝန်ရှိသူတွေကပြောသလို ဒီတိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားကလေးငယ် တဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံအကူညီပေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ရခိုင်လက်နက်ကိုင်AA အဖွဲ့က ဖမ်းဆီးသွားသူတွေအနက် ၁၄ ဦးကို ကယ်ဆယ်နိုင်ပြီး အဲဒီအထဲက တဦး ရေနစ် သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ဗွီအိုအေကို ပြောပါတယ်။
စစ်ရေးပဋိပက္ခပြင်းထန်နေဆဲရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်းမှာ မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဗုံးခွဲတိုက်ခိုက်မှုအပါဝင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေတာပါ။
ဖမ်းဆီးခံရတဲ့အထဲမှာပါတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို မြန်မာစစ်တပ်ရဲ့ အဓိကကျတဲ့ အရန်အင်အားအဖြစ်နဲ့ AA အဖွဲ့က သဘောထားတယ်လို့ ပြောပါတယ်။ မြန်မာစစ်တပ်ဘက်ကလည်း အဖမ်းခံရသူတွေ လွတ်မြောက်ရေးအတွက် နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ လုပ်နေပါတယ်။
စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့အကြား မနေ့က ဖြစ်ပွါးတဲ့ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာတိုက်ပွဲမှာ ရွာသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကွမ်းတောင်နဲ့ ကြာညိုပြင်ရွာဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီကနေ့မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရော နှစ်ထက်တပ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီကနေ့ မနက်အစောပိုင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဝရွာက ဘုန်းတော်ကြီး ပညာသင်ကျောင်းအတွင်း လက်နက်ကြီးပေါက်ကွဲခဲ့လို့ သံဃာနှစ်ပါးအပါဝင် ကျောင်းဆရာနဲ့ကျောင်းသား ခြောက် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တကြော့ပြန်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးပြီး ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြသူတွေအနေနဲ့ စခန်းအတွင်းမှာ စားဝတ်နေရေး အခက်အခဲ ရှိလာတာကြောင့် လွန်ခဲ့တဲ့ လပိုင်းအတွင်းကစလို့ သူတို့ သဘောဆန္ဒအလျှောက် မြန်မာနိုင်ငံဘက်ကို အသုတ်လိုက် တချို့ ပြန်လာနေကြပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူမျိုးဘာသာရေး အသွင်ဆောင်ပဋိပက္ခဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်နေရတဲ့သူတွေထဲက မွတ်ဆလင်ရွာသား၂၆ ဦးဟာ မောင်တောမြို့၊ ငါးခူရလက်ခံကြိုဆိုရေးစခန်းကို မနေ့က ဆန္ဒအလျှောက် ဝင်ရောက်လာခဲ့ပါတယ်။
ဒီကနေ့မှာ မြေပုံမြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ ၅ ရက်မြောက်တိုက်ပွဲဖြစ်ပွါးခဲ့သလို ဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်တဲ့အထိရှိခဲ့တယ်လို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က ဒီနှစ်ကုန်အထိ တစ်ဘက်သတ် အပစ်အခတ်ရပ်စဲဖို့ ကြေညာလိုက်တဲ့ တချိန်တည်းမှာပဲ အဖွဲ့ဝင်ဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA နဲ့ တပ်မတော်ကြား ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
စစ်ရေးပဋိပက္ခ မငြိမ်းနိုင်သေးတဲ့ ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ မြန်မာတပ်မတော် စစ်ကြောင်းကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေပါဆို ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၃ ရက်ဆက်တိုက် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တာပါ။
မြောက်ပိုင်းမဟာမိတ် လေး ဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုန်မြို့မှာ တွေ့ဆုံဆွေး နွေးနေဆဲ တချိန်ထဲမှာပဲ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း နယ် မြေခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံရွာသားတွေကပြောပါတယ်။
တိုင်းရင်းသားညီနောင် မဟာမိတ် ၄ ဖွဲ့နဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေချိန်မှာပဲ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။
ဘူးသီးတောင်မြို့နယ်မှာ တပ်မတော်ရဲ့စက်တပ်လှေတွေ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောတာကို ရခိုင် လက်နက်ကိုင်အဖွဲ့ AA ပြောခွင့်ရကလည်း အတည်ပြုပြောဆိုပါတယ်။ တပ်မတော်ဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတည်ပြုချက် မရပါဘူး။
ရှေ့သီတင်းပတ်ထဲ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ စီစဉ်နေချိန်မှာပဲ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်