ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့နယ်ခွဲမှာ ဒီမနက်ပိုင်း သတ်ဖြတ်ခံရတဲ့ လူသေ အလောင်း နှစ်လောင်း တွေ့ရှိမှုနဲ့ ပတ်သက်ပြီး မြန်မာတပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ အကြား ဘယ်သူ့လက်ချက်ဆိုတာကို အပြန်အလှန် စွပ်စွဲနေကြတာပါ။
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို ဒီကနေ့ ဘူးသီးတောင်မြို့နယ်အနီး ဖြစ်တဲ့တိုက်ပွဲမှာ ရွာလုံးကျွတ် မီးလောင်သွားတယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ဘက်မှာ တပ်မတော်စစ်ကြောင်းတခု ဖြတ်သွားတဲ့အချိန် AA အဖွဲ့က ဗုံးခွဲပြီး ရွာထဲကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကြောင်းက ပြန်ပစ်ပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒါပေမယ့် AA အဖွဲ့ကတော့ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ငြင်းပါတယ်။
တိုက်ပွဲတွေလျှော့ချနိုင်ရေးအတွက် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးနေပေမဲ့လည်း ရခိုင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ဒီကနေ့မှာလည်း ဘူးသီးတောင်မြို့နယ်ဘက်မှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော်နဲ့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက်ဖြစ်တဲ့တိုက်ပွဲမှာ အရပ်သားသေကျေမှုတွေဖြစ်ခဲ့ရပြီး ဒီလို လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကလေးတွေအပါအဝင် အနည်းဆုံး လူ ၅ ဦးသေဆုံးသွားပြီး ဒီလို ကြားက အရပ်သားတွေနဲ့ စီးပွားရေးထိခိုက်မှုများတဲ့ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့လိုတယ်လို့ ဒေသကိုယ်စားလှယ်တွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မ ဲဆန္ဒနယ်က အမျိုးသားလွှတ်တော ်ကိုယ်စားလှယ်ဥ ီးခင်မောင်လတ်ကတော့ လင်းမြွေတောင် တိုက်ပွဲဖြစ်စဉ်အပြီး ဒီရက်ပိုင်းတွေမှာ မြန်မာစစ်တပ်ကရော ရခိုင်လက်နက်ကိုင် AA အဖွဲ့ကပါ ရိက္ခာတင်တာနဲ့ ကား သွားလာခွင့်ကို ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။
စစ်ရေးတင်းမာဆဲ ရခိုင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကနေ မြို့နယ် ၄ ခုမှာ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်လာနေတဲ့အတွက် မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်လာနေပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် သုံး မြို့နယ်မှာ မနေ့ကတရက်ထဲ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေ ဆက်လက် တင်းမာနေပါတယ်။ တိုက်ပွဲတွေ ဆက်လက် ဖြစ် ပွားဆဲ မင်းပြားမြို့နယ်မှာတော့ ဒေသခံရွာသားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့လို့ လူသေကြေထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာကရွာသားတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ ရွာသားတဝက်လောက် နေအိမ်ကနေစွန့်ခွါ စစ်ဘေး ရှောင်နေရပြီး စာသင်ကျောင်း ဆေးရုံတွေပိတ်ထားရတဲ့ အခြေအနေ ရှိနေတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ် တွေက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲမှာ မနေ့ကနဲ့ ဒီကနေ့အထိ စစ်ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ရတဲ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ်မှာရှိတဲ့ တိမ်ညို တင်းထိန်ကန်အပါဝင် စစ်ရှောင်စခန်း လေး ခုကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ကနေ ဒီလမှာ ဆန်ရိက္ခာထောက်ပံ့မှုကို ရပ်ဆိုင်းသွားမယ်လို့ အကြောင်းကြားလာတာကြောင့် စစ်ရှောင် စခန်းတွေမှာ စိုးရိမ်မှု တိုးပွားလာနေတာပါ။
AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ မနေ့က ရဲယာဉ်တန်းတိုက်ခိုက်ခံရလို့ ဒု ရဲမှုးတဦးအပါအဝင် လုံခြုံရေးတာဝန်ရှိသူ နှစ်ဦးသေဆုံးပြီး၊ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပြင်ဦးလွင်နဲ့ နောင်ချိုမြို့တွေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တဲ့ အကြောင်းရင်းတွေ ထဲမှာ ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့ စစ်ရေးအရ အရေးနိမ့်လာနေ တာဟာလည်း တစိတ်တပိုင်းအဖြစ် ပါဝင်ကြောင်းမြန်မာစစ်တပ်က ပြောပါတယ်။
ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးရဲ့ နေအိမ်ကနေ မူးယစ်ဆေးတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ တယ်လို့ တပ်မတော်က ပြောပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးနဲ့ မိသားစု သူတို့နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်သွားပြီးချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရှာပြီးနောက် ဘာသိမ်းဆည်းရမိတယ်ဆိုတာ သတင်းထုတ်ပြန်တာပါ။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ညောင်ချောင်းရဲစခန်းကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဒီမနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက တနာရီလောက် တိုက်ပွဲဖြစ်ခဲ့ကြောင်း တပ်မတော်က အတည်ပြုခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ မြန်မာ့တပ်မတော် ရေယာဉ်တွေ တိုက်ခိုက်ခံရကြောင်း တပ်မတော်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။
တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒီကနေ့လည်း အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်တွေမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး အထိအခိုက် ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
တရားမဝင် ကုန်သွယ်မှုကြောင့် ပြဿနာ ဖြစ်ပွားခဲ့တဲ့ မြန်မာနဲ့ အိန္ဒိယနိုင်ငံ အမှတ် ၂ နယ်စပ်ဂိတ်ကို အိန္ဒိယနိုင်ငံ အစိုးရကနေ မနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ မြန်မာဘက်ခြမ်း ရိခေါဒါရ် အာဏာပိုင်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ဒီရက်ပိုင်းတွေအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး စစ်ရှောင်စခန်းအပါဝင် ခန့်မှန်းခြေ ပြည်သူ တသိန်းနီးပါး ရေဘေးသင့်နေပြီးတော့ ကယ်ဆယ်ရေး အကူ ညီတွေ မရရှိသေးဘူးလို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး လေးမြို့ မြစ်ရေတက်လာမှုကြောင့် မြောက်ဦးမြို့နယ်က စင်းဘောကိုင်း ဒုက္ခသည်စခန်းနဲ့ မြတန်ဆောင်း စစ်ရှောင်စခန်းတွေမှာ ရေနစ်မြှုပ်ပြီး စခန်း နေရာပြောင်းရွှေ့နေရတယ်လို့ အကူညီပေးရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်