ရခိုင်ပြည်နယ် မင်းပြား၊ ဘူးသီးတောင်နဲ့ကျောက်တော်မြို့နယ်တွေ ထဲမှာ မနေ့က မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက် ကိုင် AAအဖွဲ့ တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ တချိန်ထဲ မှာပဲ ချင်းပြည်နယ် ပလက်ဝမြို့နယ် ဘက်မှာ တော့ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့က ရဲဝန်ထမ်းတွေရဲ့လစာငွေတွေ ကို သိမ်းယူခဲ့တာပါ။
ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ကြား လတ်တလော ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ပြိန်းတောကျေးရွာအုပ်စု မှာ နေထိုင်ကြတဲ့ရွာသား ၂၀၀၀ လောက် စစ်ဘေးတိမ်းရှောင်နေရပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မှာ ဒီကနေ့ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် အရပ်သား သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့သလို မြောက်ဦးနဲ့ ရသေ့တောင် မြို့နယ်တွေမှာလည်း မြေမြုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် သေဆုံးဒဏ်ရာ ရတာ တွေရှိနေခဲ့ပါတယ်။
မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား လာမယ့် ဖေဖေါ်ဝါရီလ ဆန်း လောက် မှာ တွေ့ဆုံဆွေးနိုင်ဖို့ စီစဉ်နေဆဲမှာဘဲ NCA အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNUနဲ့ မြန်မာစစ်တပ် တို့အကြား ဒေသအတွင်း စစ်ရေးတင်းမာမှုတွေ ရှိလာနေတာပါ။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နဲ့ ဖာပွန်မြို့နယ်အကြားမြန်မာ့တပ်မတော် စစ်ကြောင်းတခု ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရတာ ကြောင့် မြန်မာစစ်တပ်အရာရှိတဦး ကျဆုံးသွားတယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ စစ်ရေးတင်းမာနေဆဲရခိုင်ပြည်နယ်မှာစစ်ဘေးရှောင်ဦးရေ တစ်သိန်း ခြောက်ထောင်ကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က သတင်းထုတ်ပြန် ပါတယ်။
စစ်ရေးပဋိပက္ခပြင်းထန်နေဆဲ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ လုံခြုံရေး အခြေအနေအားနည်းနေတာကြောင့် လက်သည်မပေါ်ဘဲ လူသေဆုံးမှု ဖြစ်စဉ်တွေ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားတွေထိခိုက်မှု များပြားလာနေတာပါ။
လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE)ရဲ့ အပြီးသတ် အစီရင်ခံစာ ထွက်ပေါ်အပြီးမှာ တပ်မတော်ဘက်က မှားယွင်း လုပ်ဆောင်ချက်တွေ အတွက် ဆက်လက် စုံစမ်း စစ်ဆေးသွားမယ်လို့ တပ်မတော်ဖက်ကပြောပါတယ်။
ချင်းပြည်နယ်ပလက်ဝမြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးပြင်းထန် လာနေတာနဲ့အမျှ လုံခြုံရေးစိုးရိမ်တာကြောင့် ဝန်ထမ်း(၂၀၀)ကျော် ပြောင်းရွှေ့ခွင့် ရဖို့ စာတင်ထားတယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ကပြောပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ရွှေကျင်ကျေးရွာအနီး ဒီကနေ့ မြေမြှုပ်မိုင်းတလုံး ပေါက်ကွဲခဲ့လို့ ကလေးငယ်တွေနဲ့ အမျိုးသမီး စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ဆေးကုသခံနေရပါတယ်။
တရုတ်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ် ဒုတိယမြောက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ နှစ်နိုင်ငံအစိုးရ၊ ပြည်သူနဲ့ တပ်မတော်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အလေးပေး ဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်က ပြောပါတယ်။
တရုတ်နိုင်ငံသမ္မတ Xi Jinping ဒီကနေ့မြန်မာနိုင်ငံကို လာရောက်တဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ဖွံ့ဖြိုးရေးအတွက် ကောင်းမွန်တိုးတက်လာလိမ့်မယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။
စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မနေ့က မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား မြို့နယ် ၄ မြို့နယ်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သလို နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ AA နဲ့ တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင် AA ဘက်က ဖမ်းဆီးခံခဲ့ရတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်မောင်း ၁၆ ဦးနဲ့ ကျန် ၂ ဦး ပေါင်း ၁၈ ဦး ပြန်လွတ်လာတဲ့အခါ တာဝန်ကျရာ ခရီးလမ်းကို ဆက်မသွားတာကြောင့်ဆိုတဲ့ စွဲချက်နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ခုံရုံးဖွဲ့စစ်ဆေးမှာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လုံခြုံရေးအခြေ အနေအရ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇန်နဝါရီ ၉ ရက်နေ့ ကစပြီး သက်တမ်း ၂ လထပ်တိုးလိုက် ပါတယ်။
မြန်မာအစိုးရနဲ့NCA အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေး နွေးနေတဲ့တချိန်ထဲမှာဘဲ NCA မထိုးနိုင်သေးတဲ့ ရခိုင်လက်နက်ကိုင် AA နဲ့မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
NCA မထိုးနိုင်သေးတဲ့ AA နဲ့မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေဆဲဖြစ်သလို ဒီနေ့မနက် ဘူးသီးတောင်မြို့နယ် အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းသား ကလေးငယ် (၄) ဦးသေဆုံးပြီး (၆) ဦးဒဏ် ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်ညီနောင်မဟာမိတ်(၃)ဖွဲ့က တဖက်သတ် အပစ်ရပ်ကြေညာ ခဲ့တဲ့ နှစ်ဆန်း တရက်နေ့ကစပြီး ဒီအဖွဲ့တွေနဲ့ တပ်မတော်တို့ကြား ရခိုင်ပြည်နယ် ၊ချင်း ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေ အတွင်းမှာ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာပါ။
ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးအရ ကျောက်တော်စိုက်ပျိုးရေး သိပ္ပံကျောင်းကို ယာယီပိတ်ထား ရတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် တွေက ပြောပါတယ်။
တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က ၂ လတာ တဖက်သတ် အပစ်အခတ် ရပ်စဲလိုက်ကြောင်း ဒီကနေ့ ၂၀၂၀ ပြည့် နှစ်သစ်မှာပဲ ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်