မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ကင်းစောင့်နေသူကိုပစ်ခတ်ခဲ့တဲ့အတွက် ၂ ယောက်ထိမှန် တဦးသေဆုံးခဲ့သလို မွန်ပြည်နယ်၊ ပေါင်မြို့မှာလည်း ညဘက်လမ်းထွက်လာသူ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး တဦး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ လွှတ်တော်အကြီးအကဲတွေကို ဒီရက်တွေမှာ ထောင်ထဲအကျဉ်းချ အမှုဖွင့်တာရှိနေသလို တချို့ကိုတော့ပြန်လည်လွှတ်ပေးနေတာပါ။
ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ရှမ်းပြည်နယ် တောင်ကြီး၊ တနင်္သာရီတိုင်း ထားဝယ်မြို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ပွဲ ဆက်လက်ပြုလုပ်နေတာမှာ လုံခြုံရေးတပ်ဖွဲ့တွေကနေ အင်အားသုံးဖြိုခွင်းခဲ့လို့ ထိခိုက်သူတွေရှိခဲ့သလို အဖမ်းဆီးခံရသူတွေကလဲ အများပြားရှိနေတာပါ။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေ ဖြိုခွင်းခဲ့ရာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူအများအပြားဖမ်းဆီးခံခဲ့ကြရပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ NCA အပစ်ရပ်သဘောတူညီချက်အတိုင်း လိုက်နာ အကောင်အထည်ဖော်ကြဖို့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ဒီနေ့လုပ်တဲ့ စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာစစ်တပ်တို့အကြား ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်သလို ဒီလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံရွာသားတွေ စားသောက်နေထိုင်ရေး အခက်တွေ့နေရပြီး အကူအညီ လိုအပ်နေပါတယ်။
NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား ဖာပွန်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်ဘက် စစ်ရေးတင်းမာနေသလို ထောင်နဲ့ချီတဲ့ ရွာသားတွေ တိမ်းရှောင်နေရပါတယ်။
မြန်မာအစိုးရနဲ့ NCAအပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်း အရုံးKNUနဲ့ မြန်မာစစ်တပ်ကြား ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်မှာ စစ်ရေး တင်းမာနေတဲ့အပေါ် ဒေသခံတွေစိုးရိမ် နေပါတယ်။
ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကိုယ်စားလှယ်တွေနဲ့ ကချင်ပြည်နယ်က တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ကရင်ပြည်နယ် ဖာပွန်ဒေသမှာ မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွ့ဲတခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားနေပြီး၊ ပဋိပက္ခတွေ ကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင် တပ်မဟာ ၅ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ဖာပွန်မြို့နယ် မဲဝိုင်ဒေသမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။
ကရင်ပြည်နယ်ဘက်မှာ KNLA တပ်မဟာ ၅ နဲ့ တပ်မတော်ကြား စစ်ရေးဂယက်ကြောင့် ဒေသခံတွေ စစ်ဘေးတိမ်း ရှောင်နေရပြီး မြဝတီမြို့မှာလည်း လုံခြုံရေးတပ်းကြပ်ထားတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ဘက်မှာ ပစ်ခတ်မှုတွေရှိနေလို့ ဒေသခံတွေ သွားလာနေထိုင် လုပ်ကိုင်ရေးတွေမှာ အခက်အခဲတွေ့ရသလို စိုးရိမ်ပူပန်နေကြပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပုဇွန်ကန်အလုပ်သမား မွတ်စလင်အမျိုးသား ၅ ဦးကို အမည်မသိ အဖွဲ့အစည်းတခုကနေ ဖမ်းဆီးခေါ်ဆောင်တာ ခံနေရပါတယ်။
မြန်မာ့တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်နေဆဲ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ NLD အစိုးရ၊ တပ်မတော်တို့နဲ့ တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဖော်ဆောင်ဖို့ တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်နေကြပါတယ်။
စစ်ပွဲပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်လက်နက်တွေကြောင့် အရပ်သားထိခိုက်မှုတွေ ရှိနေပါတယ်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲ ဖမ်းဆီးခံရတယ်ဆိုတဲ့ ရေလုပ်သား ၅၀ ကျော်အနက် အများစု ပြန်လွတ်လာပေမယ့် AA လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တယ်လို့ မသင်္ကာမှုနဲ့ ဖမ်းဆီးခံရမှာစိုးရိမ်ပြီး ဒေသခံတွေ တိမ်းရှောင်နေကြပါတယ်။
အောက်တိုဘာ ၅ ရက်နေ့တုန်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည် (မွတ်စလင်) ကျေးရွာက လူငယ်လေးနှစ်ဦး သေဆုံးတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထီးဆွဲနဲ့အောင်သာစည်ကြား ရခိုင်လက်နက်ကိုင် AA အဖွဲ့တပ်စွဲထားတဲ့ တောင်ကုန်းကို ဒုတိယနေ့အဖြစ်တပ်မတော်ကနေ ကြည်းရေလေပူးပေါင်းတပ်ဖွဲ့နဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲ မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသမီးတဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်