ကယားပြည်နယ်လွိုင်ကော်မြို့နယ်တရားရုံးကနေ အမှုစီရင်ချက်ချမှတ်ခံရတဲ့ လူငယ်သမဂ္ဂအဖွဲ့ဝင်၅ ဦး အတွက် တရားရုံးရှေ့ ဆန္ဒ ဖေါ်ထုတ်မှုနဲ့ ကယန်းအမျိုးသားညီညွတ်ရေးဦးဆောင်ကော်မတီအတွင်းရေးမှူ း ခွန်အသန်းကယန်းအမျိုးသားပါတီဥက္ကဌ ခွန်ဘီဒူး ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ခူတူးရယ်တို့ကို ပုဒ်မ၁၉ နဲ့တရားစွဲဆိုခံရတာပါ။
KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား တစ်ဦး အသတ်ခံရတဲ့ကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြ ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကယားပြည်နယ်ကသမဂ္ဂအဖွဲ့ဝင် စုစုပေါင်း ၅ ဦးကို ဒီနေ့ လွိုင်ကော်မြို့နယ်တရားရုံးကနေစစ်ဆေးပြီး တရားစီရင် ချက်ချမှတ်ခဲ့ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား တစ်ဦး အသတ်ခံရတဲ့အပေါ် ကန့်ကွက် ဆန္ဒပြ ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂအပါအဝင် ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် စုစုပေါင်း ၅ ဦးကို ဒီနေ့ လွိုင်ကော်မြို့နယ်တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။
မငြိမ်းချမ်းနိင်သေးတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးဒေသမှာ မြန်မာ့တပ်မတော်ပိုင်ဧရိယာအတွင်း ထင်းခွေရှာတဲ့ရွာသား(၅)ဦးဟာ မြေမြုပ်မိုင်းနှစ်ကြိမ်နင်းမိတာကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး တရုတ်နိုင်ငံ မန်စီဆေးရုံမှာ ဆေးဝါးကုသခံနေရပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား လက်မှတ်ရေးထိုးထားတဲ့ NCA သဘောတူညီချက်တွေ လက်တွေ့ကျင့်သုံးမှုမှာ ကွဲလွဲလာလို့ ၂၁ ရာစုပင်လုံ တတိယအကြိမ်ညီလာခံကို ဆိုင်းငံဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ KNLA ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က အခုလိုပြောပါတယ်။
မြန်မာနိုင်ငံက အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့အတွင်း ဒီကနေ့ပဲ ခေါင်းဆောင်နေရာ အပြောင်းအလဲ လုပ်ခဲ့ကြပါတယ်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ တပ်ဖွဲ့ဝင် (၃)ဦးနဲ့ရွာသားတဦးကို မြန်မာ့တပ်မတော်တပ်ဖွဲ့တွေကနေ သတ်ဖြတ်ခဲ့တယ်လို့စွပ်စွဲချက်တင်ထားမှုနဲ့ ပက်သက်လို့ ပြည်ထောင်စုအစိုးရ အဆင့် စုံစမ်းစစ်ဆေးသွားမယ်လို့ ကယားပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူ တွေကပြောပါတယ်။
ဇန်နဝါရီလအကုန်မှာကျင်းပမဲ့ ၂၁ရာစုပင်လုံတတိယအကြိမ်ညီလာခံမှာတင်ပြဆွေးနွေးနိုင်ဖို့အတွက် ရှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြိုအဖြစ် လူထုတွေ့ဆုံဆွေးနွေးပွဲကျင်းပနေမှုကို ရှမ်းပြည်နယ်အစိုးရနဲ့တပ်မတော်တို့ ကနေတားဆီးပိတ်ပင်နေတာကြောင့် ကျင်းပဖို့ရပ်ဆိုင်းလိုက်ပြီးလို့ ရှမ်းနိုင်ငံရေးပါတီခေါင်းဆောင်တွေကပြောပါတယ်။
၂၁ရာစုပင်လုံတတိယအကြိမ်ညီလာခံမှာ တင်ပြဆွေးနွေးနိုင်ဖို့ အတွက် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲ ကျင်းပနိုင်ရေး ကူညီဖို့ ရှမ်းပြည်နယ် အစိုးရကနေ ညွှန်ကြား ထားပေမဲ့ တပ်မတော်ကနေ လာရောက် တားဆီးပိတ်ပင်နေတဲ့ အပေါ် မေးခွန်း ထုတ်စရာဖြစ်နေတယ် လို့ ရှမ်းနိုင်ငံရေးပါတီတွေက ဆိုပါတယ်။
လာမယ့် ဇန်နဝါရီလကုန်မှာကျင်းပသွားမယ့် ပြည်ထောင်စုညီလာခံခေါ် ၂၁ ရာစု တတိယအကြိမ်ပင်လုံညီလာခံကိုတက်ရောက်ဖို့ အစိုးရကနေဖိတ်ခေါ်မယ်ဆိုရင် တဖွဲ့ချင်းအနေနဲ့မဟုတ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အနေနဲ့သာတက်ရောက်မယ်လို့ မြောက်ပိုင်းဒေသလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကနေဦးဆောင်ကျင်းပမဲ့(၂၁) ရာစု ပင်လုံ တတိယအစည်းအဝေးမှာ ကဏ္ဍအလိုက်ကြိုတင်ပြင်ဆင်ဆွေးနွေးနိုင်ဖို့ အပစ်ရပ်NCAလက်မှတ်ရေးထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ ကနေ ထိုင်းနိုင်ငံမှာ အစည်းဝေးကျင်းပခဲ့တာပါ။
မြန်မာ့တပ်မတော်နဲ့ စစ်ရေးတင်းမာနေဆဲအဖွဲ့ဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ရဲ့ မြစ်ကြီးနားမြို့မှာရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ရုံးကို ကချင်ပြည်နယ် အာဏာပိုင်အဖွဲ့ကနေ ပထမဆုံးအကြိမ် ရှာဖွေစစ်ဆေး မှုတွေလုပ်ဆောင်ခဲ့ တာပါ။
ပြည်တွင်းစစ်ကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းက စစ်ပြေးဒုက္ခ သည်တွေအတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်ကနေ ဦးဆောင်ပြီးတော့ လာမယ့် ခရစ်စမတ်နေ့မှာထမင်းတနပ်အလှူ ပြုနိုင်ဖို့ လှုပ်ရှားမှုပြု လုပ်နေတာပါ။
၂၁ရာစုပင်လုံတတိယအကြိမ်ညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေဆဲတချိန်ထဲမှာဘဲ တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ လက်နက် ကိုင် အဖွဲ့တွေအကြား လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွါးနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုအလည်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ဘာသာကြီး ၄ ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်များ သီးသန့်တွေ့ဆုံခဲ့ရာမှာ ကက်သလစ်ဘာသာဝင် ကချင်တိုင်းရင်းသားများရဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကချင်ပြည်နယ် ဒီမို ကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကနေ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးအခြေအနေနဲ့ စစ်ဘေး ရှောင် တွေရဲ့အခြေအနေတွေကို နှုတ်နဲ့ရော စာနဲ့ပါတင်ပြခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးKIOတပ်ရင်း(၃)အဖွဲ့ကနေ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဒေသခံရှမ်းရွာသား တွေအပါအဝင် ခြံအလုပ်သမားအယောက်(၄၀)ကို တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာကိုပြန်လွှတ်ပေးဖို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေကနေ KIOဗဟိုဌာနချုပ်ကတောင်းဆိုခဲ့ပါတယ်။
နိုင်ငံတော်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တောင်ပိုင်းရှမ်းပြည် တပ်မတော် (RCSS/SSA) ကိုယ်စားလှယ်အဖွဲ့တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီကနေ့ နေပြည်တော်မှာတွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။
ကချင်ပြည်နယ်တနိုင်းမြို့နယ်က စစ်ဘေးရှောင်တထောင်ခန့်ကို နေရပ်ရင်းကိုပြန်နိုင်ဖို့ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ကချင်ငြိမ်းချမ်းရေးအဖွဲ့ တာဝန်ရှိသူတွေကနေ မြန်မာ့တပ်မတော်တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ပြေလည်မှု မရရှိသေးဘူးလို့ KBCအသင်းတော်တာဝန်ရှိသူတွေကပြောပါတယ်။
မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာမှာ သီးခြားတဖွဲခြင်းတွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ ကော်မီတီအစုအဖွဲ့အလိုက် ဆွေးနွေးသွားမယ်လို့ မြောက်ပိုင်းဒေသတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCCတာဝန်ရှိသူတွေကနေ ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရနဲ့ NCAအပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPရဲ့ မြန်မာ-အိန္ဒိယနယ်စပ် ဌာန ချုပ်စခန်းတခုကို ရခိုင်တပ်မတော်AAကနေ တိုက်ခိုက်မှုကြောင့် (၄)ဦးသေဆုံးခဲ့သလို ဒီကနေ့မှာဆုတ်ခွါခဲ့ရတယ်လို့ ALPတာဝန်ရှိသူတွေကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်