မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်ပွါးရာ ကချင်ပြည်နယ်မိုးကောင်းမြို့နယ် နမ္မတီးမြို့က ဘာသာရေးအသင်းမှာ တိမ်းရှောင်နေတဲ့ ကဆုန့်ရွာသား တထောင်ကျော်ကို မနက်ဖြန်မှာ နေရပ်ပြန်ဖို့ပေးဖို့ စီစဉ်နေ ကြပါတယ်။ ဒေသခံတွေ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် ကချင်ငြိမ်းချမ်းရေးအဖွဲ့အနေနဲ့ အစိုးရနဲ့KIO အကြား ဝင်ရောက် ညိျှနှိုင်းဖို့ လုပ်ဆောင် နေတယ်လို့တာဝန်ရှိသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့တိုင်းရင်းသားလက်နက်အဖွဲ့တွေကြား တိုက်ပွဲ တွေ့ဖြစ်ပွါးခဲ့တဲ့ နောက်ပိုင်း ရွာထဲမှာမပေါက်ကွဲသေးတဲ့ လက်နက်တွေ ကျန်ရှိနေတဲ့အတွက် နမ်းခမ်း ဒေသခံတွေ အထူးစိုးရိမ် နေကြပါတယ်။စာသင်ကျောင်းတွေ ပိတ်ထားရသလို တောင်သူအလုပ်တွေကိုလည်း မလုပ်နိုင်ပဲ ဖြစ်နေကြပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နမ္မတီးခရစ်ယာန်အသင်းတော်မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ကဆုန့်ရွာသားထောင်ကျော်အနေ နဲ့ နေရပ်ပြန်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေကနေ ဒီကနေ့မှာ လာရောက်တွေ့ဆုံ တိုက်တွန်းခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ကောင်းဝိုင်းရွာမှာအခြေပြုနေတဲ့ TNLAတအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ အကြား ဒီကနေ့မှာတိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရွာသား(၄)ဦးလဲ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို နမ့်ခမ်းမြို့ ဆေးရုံမှာဆေးဝါးကုသခံနေဆဲလို့ ဒေသခံတွေကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း လက်ရှိစစ်ရေးတင်းမာနေဆဲ အခြေအနေတွေကြောင့် အမျိုးသားလူ့အခွင့်ကော်မရှင် အဖွဲ့ကနေ ရှမ်းပြည်နယ်ခရီးစဉ်တချို့ကိုဖျက်သိမ်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ နမ္မတူနဲ့မန်တုံဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့တအာင်းပလောင်TNLAတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေမှုကြောင့် ဒေသတွင်းလုံခြုံမှုအားနဲနေသလို မြို့အတွင်း ဖမ်းဆီးစစ်ဆေးမှုတွေလဲရှိနေဆဲအခြေအနေမှာရှိနေပါတယ်။
မြန်မာအစိုးရကနေ NCAအပစ်ရပ်လက်မှတ်ရေးထိုး ဖို့လက်မခံငြင်းပယ် ခံနေရတဲ့ TNLA တအာင်းပလောင် တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ အကြား ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့မှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအကျိုးဆက်ကြောင့် မန်တုံမြို့အတွင်း သွားလာခွင့်ကို ပိတ်ပင်ထားတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ ကပြောပါတယ်။
မြန်မာ့တပ်မတော်ကနေ တားမြစ်ကန့်ကွက်နေတဲ့ကြားက အနှစ်(၇၀)ပြည့်မွန်တော်လှန်ရေးနေ့စစ်ရေးပြ အခန်း အနားကို မွန်ပြည်သစ်ပါတီကနေ ဒီကနေ့မှာကျင်းပပြီးစီးခဲ့ပါတယ်။ လက်ရှိအစိုးရအနေနဲ့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပျက်ကွက်နေတာနဲ့ပတ်သက်လို့မွန်ပြည်သစ်ပါတီက မွန်တော်လှန်ရေးနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။
နှစ်စဉ်ကျင်းပနေကျ မွန်ပြည်သစ်ပါတီရဲ့တော်လှန်ရေးနေ့စစ်ရေးပြအခန်းအနားကို ဒီနှစ်မှာ မြန်မာ့တပ်မတော်ကနေ ပထမဆုံးအကြိမ်တားမြစ်ပိတ်ပင်ခဲ့တာပါ။ လက်ရှိထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့နယ်ဘက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အရိပ်လက္ခဏာရှိနေပေမဲ့ မွန်ပြည်သစ်ပါတီအနေနဲ့ အခမ်းအနားကိုဆက်လက်ကျင်းပသွားမယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့ (PPWT)တို့ ကနေ ဒီကနေ့ထိုင်းနိုင်ငံ ချင်းမိုင် မြို့ မှာတွေ့ဆုံခဲ့ကြတာပါ။
တိုက်ပွဲဖြစ်ပွါးမှုတွေ၊ ရွာသားတွေ ဖမ်းဆီးခံရမှုနဲ့ RCSS တပ်သားတွေ အဖမ်းဆီးခံရမှု ကိစ္စရပ်တွေ မဖြေရှင်းနိုင်တဲ့ အတွက် ငြိမ်းချမ်းရေး နောက်ကြောင်း ပြန်လှည့်နေပြီလို့ RCSS တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပဖို့လျာထားတဲ့ CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီအစည်းဝေးကို မြန်မာသံရုံးကနေ တားဆီး ပိတ်ပင်တဲ့ကိစ္စရပ်အပေါ် CSSU အလှည့်ကျသဘာပတိ RCSSဥက္ကဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်ကနေ နိုင်ငံတော်အတိုင်ပင်ခံရုံးကို စာရေးသားပေးပို့ခဲ့တာပါ။
နှစ်နိုင်ငံနယ်နမိတ် တိုင်းတာသတ်မှတ်နိုင်ခြင်းမရှိသေးတဲ့ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်စပ်ဒေသမှာ အာရှ အဝေးပြေး လမ်းမကြီးအတွက် ထိုင်းဖက်ခြမ်းကနေ လမ်းသစ်ဖေါက်လုပ် ရေမြောင်းလွှဲချခဲ့တဲ့ အတွက် ဘုရားသုံးဆူရပ်ကွက်တချို့ ရေလွှမ်း သွားခဲ့ပြီးနောက် အခြေအတင် ဖြစ်ပွါးရာကနေ နယ်စပ်မှာ လုံခြုံရေးတွေ တိုးမြင့်ချထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ မြန်မာ့တပ်မတော်နဲ့ ဒေသအတွင်း လှုပ်ရှားနေတဲ့ TNLA တအာင်းပလောင် တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒေသခံတွေ ပါ ထိခိုက်မှုတွေ ရှိနေတယ်လို့ TNLA ဘက်ကပြောပါတယ်။
UNFCဘက်က တင်ပြချက်အပေါ် ကော်မရှင် အကြံပေးအဖွဲ့နဲ့နီးစပ်မှုတွေရှိနေပေမဲ့ နှစ်ဖက်အပြန်အလှန် ကတိကဝတ်ပြုတဲ့(Deed Of commitment-DOC) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ အမြင်ကွဲလွဲမှုတွေရှိနေသေးတယ်လို့ UNFCခေါင်းဆောင်တွေကပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်တို့အကြားစစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း မန်ပူးကျေးရွာ သား(၁၇)ဦးကို TNLAဘက်က ဖမ်းဆီးထားတယ်ဆိုပြီး တပ်မတော်ဘက်ကသတင်းထုတ်ပြန်ထားတာပါ။
မြန်မာ့တပ်မတော်နဲ့တအာင်းပလောင်တပ်ဖွဲ့TNLAတို့အကြားဖြစ်ပွါးခဲ့တဲ့စစ်ရေးတင်းမာမှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းနမ့်ဆန်မြို့နယ် မန်လန်းကျေးရွာသား(၃၀၀)ခန့်ဟာလားရှိုးရောက်ရှိနေသလို အနီးဝန်းကျင်ရွာနဲ့ နမ္မတူ ကျောက်မဲမြို့နယ်ဘက်မှာ တိမ်းရှောင်နေကြရပါတယ်။
မြန်မာ့တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်းက မန်လန်း ရွာ သား(၃၀၀)ကျော်ကိုTNLAအဖွဲ့နဲ့ဆက်စပ်မှုရှိမရှိ တပ်မတော်ကနေ (၅)ရက်အကြာ ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်း စီစစ်အပြီးရွာသားတွေဟာ စိုးရိမ်စိတ်ကြောင့် မနေ့ကနဲ့ ဒီကနေ့မှာ နမ့်ဆန်မြို့နယ် နဲ့လားရှိုးမြို့တွေမှာ စစ်ဘေးတိမ်း ရှောင်နေကြတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှာမြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင် တပ်ဖွဲ့တို့အကြားတိုက်ပွဲကြောင့် ဒေသခံတွေရဲ့ နေ့စဉ်ဘဝရှင်သန်ရေး လုပ်ငန်းတွေ ရပ်ထားရပြီး စာသင်ကျောင်းလည်း ပိတ်ထားရတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ကချင်ပြည်နယ်မှာ တပ်မတော်ကနေ ဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၁၇(၁)နဲ့ အမှုဖွင့် အရေးယူခံထားရတဲ့ လူငယ် ၄၈ ယောက်ဟာ သူတို့အပေါ် စွဲတင် ထားတဲ့ ပုဒ်မ ၁၇ (၁) အစား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၀၂၊ ပြစ်မှုကျူးလွန်ပြီး သတင်းပေးပို့ရန်ပျက်ကွက်မှုနဲ့ ပြောင်းလဲ စွဲတင် ပြီး ပြစ်ဒဏ်ချမှတ်ပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ရက်ကပဲ ဗန်းမော်အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပါပြီ။
နောက်ထပ်ကြည့်ရှုရန်