ရသေ့တောင်မြို့နယ်ဘက်မှာ ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့်ကို ရေတပ်က ပိတ်ပင်ထားတဲ့အတွက် ဒေသခံတွေ ရိက္ခာ ပြတ်လုနီးဖြစ်နေပါပြီ။ ဒါ့အပြင် စစ်ဘေးဒဏ်ကနေ ပြေးလာကြရတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း စားနပ်ရိက္ခာအကူအညီ လိုအပ် နေပြီလို့ ပြောကြပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်ကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးကို ရခိုင်လူမျိုးစုလက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်သွယ် တယ်ဆိုတဲ့စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း တပ်မတော်ကပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းက ကျေးရွာတချို့မှာ မြန်မာစစ်တပ်က ကျောင်းဆရာတချို့ အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားအတော်များများ ဒီရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်အတွင်း မှာ တိုက်ပွဲတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ မြန်မာစစ်တပ်တာဝန်ရှိသူတွေရော AAအဖွဲ့ တာဝန်ရှိသူတွေကပါ ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့တို့ မင်းပြားမြို့နယ် အတွင်းဖြစ်ပွား နေတဲ့ တိုက်ပွဲကြောင့် ဖုံသာချောင်းဒေသ တဝိုက်က ရွာသား(၃၀၀၀)ကျော် တိုက်ပွဲအတွင်းပိတ်မိနေသလို ရွာအတွင်း ဝင်ထွက်သွားလာမှုကို မြန်မာစစ်တပ် ဘက်ကပိတ်ပင်ထားတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA ရဲ့ လေ့ကျင့်ရေးစခန်းတခုကို တပ်မတော်က သိမ်းလိုက်နိုင်တယ်လို့ ပြောတာကို AA ဘက်ကငြင်းပါတယ်။ ရခိုင်ပြည်နယ်၊ မင်းပြားနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေ ဘက်မှာ တိုက်ပွဲဖြစ်တာတွေကိုတော့ နှစ်ဘက်စလုံးက အတည်ပြု ပြောဆိုပါတယ်။
ဒီရက်ပိုင်းအတွင်း ရသေ့တောင်မြို့နယ်မှာAA စစ်လေ့ကျင့်ရေးစခန်း တခုကို မြန်မာစစ်တပ်ဖက်က သိမ်းပိုက် ရရှိခဲ့တယ်လို့ တပ်မတော်ဖက်က ဒီကနေ့မှာ ထုတ်ပြန် ထားသလို AAဖက်ကတော့ ငြင်းဆန်ခဲ့ပါတယ်
စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရန်ကုန်-စစ်တွေကားလမ်း ပေါ်မှာ ဒီမနက် ဗုံးနှစ်လုံးကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ပါဘူး။ မနေ့ကလဲ မြို့နယ်(၅) မြို့နယ်မှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင် AAအဖွဲ့ တို့အကြား တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား နပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သူတွေနဲ့ ကုလားတန် စီမံကိန်း လုပ်ငန်းခွင်ကနေ ဖမ်းဆီးခဲ့တဲ့ ဝန်ထမ်းတွေကို ပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်း၊ မြောက်ဦးမြို့ပေါ်က INGO နိုင်ငံတကာအဖွဲ့အစည်းက မြန်မာဝန်ထမ်းတဦးဟာ မနေ့ညပိုင်းတုန်းက မြန်မာစစ်တပ်က ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရတာကြောင့်၊ အခုသေနတ်ဒဏ်ရာနဲ့ စစ်တွေဆေးရုံတင် ထားရပါ တယ်။ မြန်မာစစ်တပ်ဖက်ကတော့ သူ့ဆီကလက်နက်မိတာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူ ထားတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ၊ဘူးသီးတောင် ၊မင်းပြားမြို့နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AAရခိုင် လက်နက်ကိုင်အဖွဲ့ တို့ မနေ့ကနဲ့ ဒီကနေ့ဖြစ်ပွား ခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံရွာသားတွေ နေရပ်ကနေ တိမ်းရှောင် ထွက်ပြေးနေရပါတယ်။
ရခိုင်ပြည်နယ်မှာ မြန်မာ့စစ်တပ်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားနေသလို တိုက်ပွဲအတွင်းကျေးရွာ မီးလောင်မှုတွေလည်း ဖြစ်နေပြီး ရွာသားတွေစစ်ဘေး တိမ်းရှောင်နေရပါတယ်။
ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာကို မြန်မာစစ်တပ်က ပိတ်ဆို့ပြီး၊ ကျေးရွာသားတွေကို စစ်ဆေး မေးမြန်းနေတာ သီတင်းတပတ်ကျော်သွားပါပြီ။ ဒီအတွက် ကျေးရွာသားတွေရဲ့ နေရေးစားရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက စိုးရိမ်မကင်းရှိနေပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်နဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွေထဲမှာ အခုဇူလှိုင်လဆန်းအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ AA နဲ့ ဆက်နွယ်နေတယ် ဆိုပြီး မြန်မာစစ်တပ်က မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေရာမှာ ဖမ်းဆီးခံရတဲ့ ရွာသားအချို့ သေဆုံးတာတွေ ရှိနေပါတယ်။
မြန်မာ့တပ်မတော်ကနေ စစ်တိုင်း(၅)တိုင်းမှာ အပစ်ရပ်စဲရေး ကာလ နောက်ထပ်(၂)လ တိုးကြောင်း ထုတ်ပြန်တဲ့ မနေ့က တရက်ထဲမှာဘဲ ရခိုင်ပြည်ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မြန် မာစစ်တပ်နဲ့ AAအဖွဲ့တို့ တိုက်ပွဲ အပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့AAရခိုင်လက်နက်ကိုင်အဖွဲ့တို့စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသက စစ်ရှောင်စခန်းနဲ့ စစ်ရေးပဋိပက္ခဒေသက သောင်းနဲ့ချီတဲ့ကလေးတွေ ပညာသင်ကြားရေးမှာ အခက်ခဲတွေရှိနေတယ်လို့ ရခိုင်လူမှုအဖွဲ့ အစည်း တာဝန်ရှိသူတွေကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AAရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြားစစ်ရေးပဋိပက္ခတွေ ကျယ်ပြန့်လာ နေသလို တိုက်ပွဲတွေလည်း ပြင်းထန်လာနေတာပါ။ မနေ့ကနဲ့ဒီကနေ့မှာ မင်းပြားမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားနေတယ် လို့ မြန်မာစစ်တပ်ကရောAA ဘက်ကပါ ပြောပါတယ်။
မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာမှာ ဒီကနေ့ညနေပိုင်းက ပစ်ခတ်မှုတွေကြောင့် ရွာသား ၅ ဦး ထိခိုက် ဒဏ် ရာရခဲ့ပါတယ်။ အစိုးရတပ်က ကျေးရွာကို ဒီနေ့တနေ့လုံး ဝိုင်းထားပြီး ညနေပိုင်း ပစ်ခတ်တာဖြစ်တယ်လို့ ရွာခံတွေ က ပြောပေမယ့်လည်း ၊ တပ်မတော်ဖက်ကတော့ AA နဲ့ တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ ကို နှစ်လ ထပ်မံတိုးမြင့်လိုက်ပေမယ့်၊ လုံခြုံရေးအခြေအနေကတော့ သိသိသာသာ ဆိုးဆိုးဝါးဝါးဖြစ်လာ တာမရှိ ဘူး လို့ တပ်မတော်ဖက်ကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်