မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ဖက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့သလိုဒေသခံရွာသား(၄၀၀)ကျော် ပလက်ဝမြို့ပေါ်တိမ်းရှောင်နေရတယ်လို့ အကူညီပေးအဖွဲ့ဝင်တွေက ပြော ပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့AAရခိုင်လက်နက်ကိုင် အဖွဲ့ တို့ဖြစ်ပွါးတဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။
စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား တိုက်ပွဲဖြစ် ပွါးနေဆဲဖြစ်သလို ဒေသခံရွာသားတွေလဲ AAအဖွဲ့နဲ့ဆက်နွယ်နေတယ်ဆိုပြီး သံသယနဲ့ဖမ်းဆီးခံနေရတာပါ။
ရခိုင်ပြည်နယ်တွင်း မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တို့ အကြား တိုက်ပွဲတွေ မပြတ်ဖြစ်နေသလို၊ AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ မသင်္ကာဖြစ်မှုနဲ့ ဒေသခံအချို့ ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
AA အဖွဲ့နဲ့ ဆက်နွယ်နေတယ် ဆိုတဲ့ သံသယ နဲ့ တပ်မတော်ကနေ ထိန်းသိမ်းထားတဲ့ ရသေ့တောင်မြို့နယ်က ကျောက်တန်းရွာသား (၈၀)နီးပါးထဲက (၆)ဦးကို AAတပ်ဖွဲ့ဝင်အဖြစ် ဖေါ်ထုတ်ဖမ်းဆီးပြီး ဥပဒေအရ အရေးယူထားသလို AAနဲ့ပက်သက်မှုမရှိတဲ့ရွာသား(၃၅)ဦးကို ဒီက နေ့ မှာထပ်မံလွှတ်ပေးခဲ့တယ်လို့တပ်မတော်ဖက်ကပြောပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က AAနဲ့ပတ်သက်နေတယ်ဆိုပြီး မြန်မာစစ်တပ်က ဖမ်းဆီးခဲ့တဲ့ ရွာသား ၃၀၀ နီးပါးထဲက ၄၈ ဦးပါတဲ့ ဒုတိယအသုတ်ကို ဒီကနေ့ညနေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ၁၂၆ ဦးပါတဲ့ ပထမအသုတ်ကို လွှတ်ပေးခဲ့တာပါ။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ ဗုဒ္ဓဟူးနေ့ သန်းခေါင်ကျော် က ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လူ ၆ ဦး သေဆုံး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီလူတွေဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုတဲ့ သံသယနဲ့ မြန်မာစစ်တပ်က ထိန်းသိမ်းစစ်ဆေးနေတာဖြစ်ပါတယ်။
AA အဖွဲ့နဲ့ ပက်သက်ဆက်နွယ်နေတယ်ဆိုပြီး မြောက်ဦးမြို့နယ် လက္ကာရွာအတွင်းက တပ်မတော်ကမသင်္ကာလို့ ဖမ်းဆီးသွားတဲ့ လူ(၂၇)ဦးထဲက (၃)ဦးသေဆုံးသွားတယ်လို့ တပ်မတော်ဘက်က ပြောဆိုပါတယ်။ ဒီသေဆုံးမှုအတွက် အကြောင်းရင်းမှန်သိရအောင် ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့စုံစမ်းသွားမယ်လို့လဲ လွှတ်တော်အကြီးအကဲတွေက ပြောပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားတစ်စီး ဒီနေ့မနက်က မိုင်းခွဲ တိုက်ခိုက်ခံရပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာအတွင်း မြန်မာနှစ်ဆန်းတရက်နေ့ညပိုင်းက ပစ်ခတ်မှုတွေကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ ရွာလုံးကျွတ်နီးပါး စစ်ဘေး တိမ်းရှောင် နေရပါတယ်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်တွေအဖြစ် မသင်္ကာသူတွေကို ဖမ်းဆီးထားကြောင်း တပ်မတော်က ထုတ်ပြန်ပြောထားပေမဲ့၊ ဒေသခံတွေနဲ့ ကျေးရွာတာဝန်ရှိသူတွေ ကတော့ အခု အဖမ်းဆီးခံသူတွေဟာ AA အဖွဲ့ဝင်တွေမဟုတ်ဘဲ ကျေးရွာလုံခြုံရေး ကင်းစောင့်အဖွဲတွေလို့ ပြောဆိုပါတယ်။
ရခိုင်တပ်မတော် AA တည်ထောင်တဲ့(၁၀)နှစ်ပြည့်တဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ဒီကနေ့မှာဘဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အတွင်းက ရဲတပ်ရင်းနဲ့ မြန်မာစစ်တပ် လက်နက်ကြီးစခန်းတွေကို AA ဘက်က ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ AA နဲ့ တပ်မတော် နှစ်ဘက်စလုံးက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တောင်တန်းအနီးတဝိုက်မှာ အစိုးရတပ်မတော်ကနေ လေကြောင်းကနေ ပစ်ခတ်မှုကြောင့် မနေ့က ဒေသခံ (၅) ဦးထက်မနည်း သေဆုံးပြီး (၁၃) ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မြောက်ဦးမြို့နယ်အတွင်းမှာ ဒီလပိုင်းအတွင်း ဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး၊ မြောက်ဦး ဒေသခံ ၆၀၀၀ကျော် အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသတွင်း ကွင်းဆင်းလေ့လာနေတဲ့ ရခိုင်အမျိုးသားပါတီ စုံစမ်းရေးကော်မရှင်က ပြောပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်သလို တိုက်ပွဲကြောင့် ဒေသခံ ရွာသားတွေကလည်း စစ်ဘေး တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ရသေ့ တောင် မြို့နယ် ထဲမှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားနေတယ်လို့ တပ်မတော်တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆင်ရေးအတွင်း ဒေသခံရွာသား ထိခိုက်သေဆုံးမှုတချို့ ရှိသလို၊ သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခံရမှုတွေလည်း တိုးလာနေပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ လျော့ချရေး ဆက်လက် ဆွေးနွေးသွားဖို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နဲ့ သဘောတူခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာကိုပဲ၊ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမြို့နယ်အစပ်မှာ မြန်မာစစ်တပ် နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား စစ်ရေး လှုပ်ရှားမှုတွေကြောင့် ဒေသခံပြည်သူတွေထိတ်လန့်နေပြီး၊ လတ်တလောအားဖြင့် ရွာသား သုံးထောင်လောက် နေရပ် ကနေ တိမ်းရှောင်နေကြပါတယ်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခဟာ အရှိန် ပိုမြင့်တက်လာနေသလို မြန်မာစစ်တပ်ဘက်က တိုက်လေယာဉ်တွေနဲ့ အင်အားသုံး တိုက်ခိုက်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံအနောက်ဖက်ခြမ်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတပ်တို့အကြား လေးလကြာ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် နှစ်သောင်းနီးပါး ရှိလာပြီလို့ ရခိုင်ဒေသ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ် ။
နောက်ထပ်ကြည့်ရှုရန်