ဒီဇင်ဘာလ ၃၀၊ ၂၀၂၁ - စစ်ကောင်စီကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ စစ်ဆေးအပြစ်ပေးဖို့ အချိန်ရောက်ပြီလို့ သုံးသပ်ကြပုံကို ဦးအောင်ခင်က ရေးသားပြီး ၊ ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြ ထားပါတယ်။
ဒီဇင်ဘာ ၂၃၊ ၂၀၂၁ - မြန်မာပြည် အရှေ့တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်က ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ဖိနှိပ်မှု၊ မတရားမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာတစောင် လွန်ခဲ့တဲ့လက ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
၂၀၂၁ ခုနှစ် အာရှဒေသရဲ့ စီးပွားရေးအခြေအနေ သတင်းဆောင်းပါးတွေကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
ဒီဇင်ဘာ ၁၆၊ ၂၀၂၁ - ကရင်နီ (ကယား) ပြည်နယ်က စစ်ကောင်စီ ဆန့်ကျင်ရေးနဲ့ ပြည်သူ့ကာကွယ်ရေး လှုပ်ရှားမှုဟာ နေပြည်တော်နဲ့ နီးကပ်တဲ့အတွက် ကရင်နီ (ကယား) စစ်မျက်နှာကို စစ်အင်အား ဖြည့်နေပုံရကြောင်း ဦးအောင်ခင်က ရေးသားပြီး ၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
တရုတ်နိုင်ငံက တည်ဆောက်ပေး လိုက်တဲ့ ရထားလမ်းသစ်ကြောင့် ကုန်းတွင်းပိတ် လာအိုနိုင်ငံ အနေနဲ့ စီးပွားရေး ပိုပြီး ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်ထားတဲ့ အကြောင်းနဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာတော့ အလိုအလျောက် မောင်းနေတဲ့ တက္ကစီ ကားတွေ စတင်ပြေးဆွဲ လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဒီဇင်ဘာလ ၉၊ ၂၀၂၁ - ကယားပြည်နယ်လို့ သတ်မှတ်ထားတဲ့ ကရင်နီဒေသက စစ်အာဏာရှင် တိုက်ဖျက်ရေးအကြောင်းကို ဦးအောင်ခင်က ရေးသားပြီး ၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒီဇင်ဘာ ၅၊ ၂၀၂၁ - အထွေထွေညီလာခံက ကော်မတီရဲ့ ဆုံးဖြတ်ချက် ရွှေ့ဆိုင်းမှုကို လက်ခံတယ်ဆိုရင် NLD အစိုးရကို ထောက်ခံတဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်ပြီးတော့ တာဝန်ယူခွင့်ရမှာ ဖြစ်ပါတယ်။ သံအမတ် ဦးကျော်မိုးထွန်းကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် နောက်ဆက်တွဲ စီးပွားရေးအပေါ်ရိုက်ခတ်လာမယ့် အန္တရာယ်အတွက် ပြည်တွင်းပြည်ပ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ မတည်မငြိမ် အခြေအနေတွေကြောင့် နိုင်ငံလူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမှုနဲ့ကြံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP က သတိပေးထားပါတယ်။
ဂျပန်-ရုပ်ပြကာတွန်း ရုပ်ရှင်ဇာတ်ကားတွေ ၊ ပိုပြီး ဖန်တီး ထုတ်လုပ်နိုင်အောင် လူငယ် အနုပညာရှင်တွေကို ဂျပန်နိုင်ငံမှာ လေ့ကျင့်မွေးထုတ် ပေးနေတဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံမှာတော့ မျောက်တွေကို အစာကျွေးတဲ့ ပွဲတော်ကျင်းပရင်း ဒေသခံတွေ စီးပွားရှာကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
“သင့်လျော်တဲ့ခေါင်းစဉ်တွေအောက်ကနေပြီးတော့ ပြည်သူ့အသံကို နိုင်ငံတကာကနေ ကြားအောင် တောက်လျှောက်လုပ်နေတဲ့အတွက်ကြောင့် ဒီလိုပဲ ဆက်လက်ဆောင်ရွက်သွားပါမယ်.. ပေါ့နော်၊ အခွင့်အရေး ရရင်ရသလို ဆောင်ရွက်သွားမယ်ဆိုတာလေးတော့ ပြောလိုပါတယ်ခင်ဗျ။“ (ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း)
ဒီဇင်ဘာ ၂၊ ၂၀၂၁ - ချင်း တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ဖယ်ဒရယ် နဲ့ ဒီမိုကရေစီ အရေးအတွက် တိုက်ပွဲဝင်နေကြပေမယ့်၊ ဒီမိုကရေစီ နိုင်ငံရေးဓလေ့ ကျင့်သုံးရာမှာ အားနည်းနေပုံကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်း Chun Doo-hwan ကွယ်လွန်သွားပေမဲ့ သူ့ လက်ထက်တုန်းက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှု ပြန်ရရေး ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဆက်လက် ကြိုးပမ်းသွားဖို့ စိတ်ပိုင်းဖြတ်ထားတဲံအကြောင်း Lee Hyun Choi ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အသက် ၉၀ အရွယ်ရှိတဲ့ တောင်ကိုရီးယား စစ်အာဏာရှင်ဟောင်း ချန်ဒူးဝမ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ သူ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ပိုးဇာကောင်တွေနဲ့ လုပ်ထားတဲ့ ကြောင်အစာက ဘက်တီးရီးယားကို သေစေပြီး ကြောင်ရဲ့အညစ်အကြေး အနံ့ကို လျော့ကျစေတဲ့အတွက် ထိုင်ဝမ်မှာ အရောင်းသွက်နေတဲ့ အကြောင်းနဲ့ စင်္ကာပူနိုင်ငံမှာကိုဗစ်ထိန်းချုပ်ကန့်သတ်မှုတွေ အောက်မှာ ရွှေ့ပြောင်းအလုပ်သမားတွေ အကျယ်ချုပ် ကျနေသလို ဖြစ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
နိုဝင်ဘာ ၂၅၊ ၂၀၂၁ - စစ်ကောင်စီ အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်နိုင်ငံတော် တည်ထောင်ရေးမှာ ချင်းအမျိုးသားတပ်ဦး နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ပါဝင်လာရပုံကို ဦးအောင်ခင်က ရေးပြီး ၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက် ထားပါတယ်။
တရုတ်နိုင်ငံမှာ အစားအသောက်လိုက်ပို့တဲ့ ဆိုင်ကယ်သမားတွေကို ခံစားခွင့် ပိုပေးဖို့ အစိုးရက တင်းကျပ်လာတဲ့အကြောင်းနဲ့ ဗီယက်နမ်ရဲ့ ဆိုင်ကယ်မြို့တော်ဖြစ်တဲ့ ဟနွိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှု၊ လေထု ညစ်ညမ်းမှုတို့ကို လျှော့ချဖို့ မြို့ပတ်ရထားလိုင်းသစ် စတင်ပြေးဆွဲ လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြပေးပါမယ်။
အောက်တိုဘာ ၁၈၊ ၂၀၂၁ - အခက်အခဲ အမျိုးမျိုးကို ကျော်လွှားပြီး ၊ ရခိုင် တိုင်းရင်း မီဒီယာတွေ ပေါ်ထွန်းလာပုံနဲ့ သူတို့ ပါဝင်တဲ့ အခန်းကဏ္ဍကို ဦးအောင်ခင်က ရေးပြီး ၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဂျပန်နိုင်ငံက မသန်စွမ်းသူတွေဟာ နေအိမ်မှာပဲနေရင်း လူမှုအဖွဲ့အစည်းကို ဝန်ဆောင်မှုပေးနိုင်မယ့်စက်ရုပ်တမျိုးကို တီထွင်စမ်းသုံးလာကြပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ ဆေးခြောက်စိုက်ပျိုးမှု ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေပါတယ်။ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို အပြင်းထန်ဆုံး ခံရတဲ့ နိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်က အဆင် ၇ မှာရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ် လယ်သမားတွေ ပုံမှန် မိုးလေဝသအောက်မှာ ထွန်ယက်စိုက်ပျိုးနိုင်အောင် ဝိုင်းဝန်းကူညီကြဖို့ IFAD က တိုက်တွန်းလိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။
အောက်တိုဘာ ၁၁၊ ၂၀၂၁ - ရခိုင်အမျိုးသား အဖွဲ့ချုပ်နဲ့ AA တပ်ဖွဲ့ဟာ ရခိုင်ပြည် ပြန်လည် တည်ထောင်ရေးအတွက် ကြိုးပမ်းနေပုံကို ဦးအောင်ခင်က ရေးပြီး ၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်