ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ တရုတ်နိုင်ငံမှာ အမျိုးသမီးတွေရဲ့ မျက်နှာကို အသေးစိတ် အလှပြင်ပေးတဲ့ဆိုင်တွေ ခေတ်စားလာတဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံမှာတော့ ရှေးခေတ်ဟောင်း တရုတ်ရိုးရာ- အော်ပရာ ဇာတ်အဖွဲ့တွေ ဝင်ငွေ ကျဆင်းလာတဲ့အကြောင်း Chris Casquejo ရဲ့ သတင်းတွေကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ စက်သုံးဆီဈေး သိသိသာသာတက်နေတာကြောင့် အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းတွေ လုပ်ငန်း လည်ပတ်ဖို့ အခက်အခဲ ရှိနေပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းက ဈေးထက် ၂ ဆထက်မနည်း တက်နေပါတယ်။ စက်သုံးဆီ ဈေးတွေအပြင် လမ်းတွေမှာ ဂိတ်ကြေးပေးရတာလည်း ပိုများလာနေတယ်လို့ အဝေးပြေးကား လုပ်ငန်းရှင်တွေက ပြောပါတယ်။
ရေနံယိုဖိတ်ခဲ့တဲ့ ထိုင်းနိုင်ငံမှာ ဒေသတွင်း ခရီးသွားလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်း၊ ထိခိုက်လာမှာကို စိုးရိမ်နေကြတဲ့ အကြောင်းနဲ့ ထိုင်ဝမ်မှာတော့ လျှပ်စစ်-ဘက်ထရီနဲ့ 'အား' ပြန်ဖြည့်လို့ရတဲ့ ဆိုင်ကယ်တွေ ခေတ်စားလာတဲ့အကြောင်း Chris Casquejo ရဲ့ သတင်းတွေကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၂ - စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ မျိုးဆက်သစ် လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်ကြောင်း ဦးအောင်ခင် ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
အာရှစီးပွားရေး ကဏ္ဍမှာတော့ တရုတ်နှစ်သစ်ကူးအတွက် စင်္ကာပူနိုင်ငံ - တိရစ္ဆာန်ရုံက ကျားတွေကို နှစ်သစ်မင်္ဂလာ အစားသောက် ၊ ကျွေးမွေးပြုစုတဲ့ အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံရဲ့ နှစ်သစ်ကူး ကာလမှာလည်း လက်ဆောင်တွေ ပေးကြတာကြောင့် ကျားရုပ်တွေ ရောင်းကောင်းနေတဲ့အကြောင်း AFP သတင်းတွေကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို ကမ္ဘောဒီယားမှာ ဒီလထဲ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ တက်ရောက်ခွင့် ၊ ပိတ်ပင်လိုက်တဲ့ အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားရဲ့ဆုံးဖြတ်ချက်ကို နိုင်ငံတချို့က ကြိုဆိုလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဒီအကြောင်းတွေကို စုစည်း တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ တနှစ်ကြာလာတဲ့အချိန်မှာ မြန်မာ့ပညာရေးကဏ္ဍ သိသိသာသာ ထိခိုက်လာနေပြီး လာမယ့်နှစ်တွေအတွင်း နာလန်ပြန်ထူဖို့ အတော်ရုန်းကန်ရလိမ့်ဦးမယ်လို့ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘတချို့က သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်နဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်တဲ့ နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ အခက်အခဲ အကျပ်တည်းတွေ ကြုံလာရဖွယ် ရှိတယ်လို့ စီးပွားရေးပညာရှင်တချို့နဲ့ မြန်မာ့အရေး ကြိုးပမ်းသူတချို့က သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ဒီတပတ် အာရှ စီးပွားရေးကဏ္ဍမှာတော့ တရုတ် နှစ်သစ်ကူးကာလ နီးလာတာနဲ့အမျှ ဗီယက်နမ်နိုင်ငံက အမွှေးတိုင် ထုတ်လုပ်သူတွေ အလုပ် ပိုများလာတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံက ဆောင်းရာသီ အိုလံပစ်ပွဲ မတိုင်ခင် အာကစားဝါသနာရှင်တွေက အမှတ်တရပစ္စည်းတွေ ဝယ်ယူ စုဆောင်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြ ထားပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ် ရီခွပ်ဒါရ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကစစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်နေတာကြောင့် မြို့ခံ(၅၀၀)နီးပါး အိန္ဒိယနယ်စပ်ဘက်ကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဇန်နဝါရီ ၂၇၊ ၂၀၂၂ - စစ်ကိုင်းတိုင်းက ပြည်သူ့ခုခံစစ်မှာ - ချင်းတွင်းမြစ်ကြောင်းတွင်း ၊ တိုက်ပွဲတွေ ပါဝင်တဲ့အထိ ကျယ်ပြန့်လာပုံကို ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာတဲ့ ယီမင်နိုင်ငံမှာ အရပ်သားတွေနဲ့ အရပ်သား ပစ်မှတ်တွေကို အကြောင်းမဲ့ တိုက်ခိုက်နေကြတာက စစ်ရာဇဝတ်မှု မြောက်စေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက စစ်ပွဲမှာ ပါဝင်နေသူ အားလုံးကို သတိပေးလိုက်ပါတယ်။
နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ပြင်သစ်နိုင်ငံက Total နဲ့ အမေရိကန်က Chevron တို့ မြန်မာနိုင်ငံက လုပ်ငန်းတွေ ရပ်မယ့်အကြောင်း ကြေညာလိုက်တဲ့အပေါ် အကဲခတ်တချို့က သတိထားကြိုဆိုလိုက်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဂျပန်နိုင်ငံ ရိုးရာအရ Tuna ပင်လယ်ငါးကို - တိုကျို ငါးဈေးကွက်မှာ ဈေးပြိုင် လေလံစနစ်နဲ့ ရောင်းချတဲ့ အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံက ဒီဇိုင်းပညာရှင်တဦး ၊ နိုင်ငံတကာ ဈေးကွက်မှာ နာမည်ရလာဖို့ ကြိုးပမ်းနေတဲ့အကြောင်း Chris Casquejo ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြ ထားပါတယ်။
ဒီသီတင်းပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ ဂျပန်နိုင်ငံက ငါးရှဉ့်မွေးမြူရေး လုပ်ငန်းနဲ့ နိုင်ငံတကာ တင်ပို့မှုမှာ ကန့်သတ်ပိတ်ပင်တာတွေ ရင်ဆိုင်နေရတဲ့ အကြောင်းအပြင် အာဖဂန်နစ္စတန် ဆောင်းရာသီ ကျောက်မီးသွေး အရောင်းအဝယ် လုပ်ငန်းအကြောင်း ကိုညဏ်ဝင်းအောင် တင်ပြထားပါတယ်။
ပြည်တွင်းပြည်ပ ကန့်ကွက်မှုတွေကြားမှာပဲ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထိခိုက်နိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက သတိပေးလိုက်ကြပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ခရီးစဉ်အပေါ် အမြင်တွေကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ တရုတ်နိုင်ငံက ပန်း အရောင်းအဝယ် ဈေးကွက်ကြီးရဲ့ ထက်ဝက်လောက်ကို အွန်လိုင်းပေါ် မှာ လုပ်ကိုင်နေကြတဲ့ အကြောင်းနဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အဆိပ်သင့် မီးခိုးမြူ ထူထပ်တဲ့ပြဿနာ ပိုဆိုး လာတဲ့အကြောင်း Chris Casquejo ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဇန်နဝါရီ ၆၊ ၂၀၂၂ - (၂၀၂၀) ရွေးကောက်ပွဲဝင်ဖို့ တည်ထောင်လိုက်တဲ့ မွန်ညီညွတ်ရေးပါတီဟာ စစ်ကောင်စီနဲ့ ပူးပေါင်းလိုက်တဲ့အတွက် စည်းလုံးညီညွတ်ရေး ပျက်ပြားသွားရပုံကို ဦးအောင်ခင်က ရေးပြီး၊ ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
ထိုင်ဝမ်မှာ အိမ်မွေးသတ္တဝါအဖြစ် တရားဝင် ရောင်းဝယ်တဲ့ ဖါးပြုတ်တွေ၊ ခုတော့ လယ်ယာ စိုက်ခင်းတွေထဲ အစုအပြုံလိုက်ပွားများလာတဲ့အတွက် ဒါကို ထိန်းချုပ်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေတဲ့ အကြောင်း Chris Casquejo ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ကုန်လွန်သွားပြီဖြစ်တဲ့ ၂၀၂၁ ခုထဲမှာ မြန်မာနိုင်ငံတွင်း စစ်တပ်က အာဏာသိမ်းတာတွေ၊ ကိုဗစ် တတိယလှိုင်းရဲ့ ဆိုးရွားတဲ့ ဒဏ်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ၊ ၂၀၂၀ နှစ်ဆန်းပိုင်းက စလာခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ လှိုင်းတွေကြောင့် ပြည်သူတွေ စီးပွားရေး ပုံမှန်မလည်ပတ်နိုင် ဖြစ်လာခဲ့တာ အခုအချိန်ထိပဲလို့ ဆိုရမှာပါ။ ဒါကြောင့်
နောက်ထပ်ကြည့်ရှုရန်