(Zawgyi/ Unicode) ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၁၀၀ ကျော်လာပြီ ဖြစ်ပေမယ့် ရောဂါပိုးကူးစက်သူ အရေအတွက်ဟာ ၂ ရက်ဆက်တိုက် ကျဆင်းလာနေကြောင်း တရုတ် အာဏာပိုင်တွေက ပြောဆိုလိုက်တဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ အခုလနှောင်းပိုင်းမှာ ပြန်ကျသွားမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာပါတယ်။
တရုတ်အစိုးရကဟာ အများပြည်သူတွေ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်စနစ်တွေ တပ်ဆင်ပြီး လူထုကို ထိန်းချုပ်နိုင်ဖို့ စီစဉ်နေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်ဝန်ထမ်း အရာရှိတဦးဟာ တရုတ်ပြည်က ပြန်လာပြီးတဲ့ နောက် coronavirus ရှိမရှိ ၁၄ ရက် ကြာ စောင့်ကြည့်စစ်ဆေးခံဖို့မလုပ်ဘဲ ကုမ္ပဏီဝင်းထဲ ပြန်ဝင်လာတဲ့အတွက် မြန်မာဝန်ထမ်းတွေက ကန့်ကွက်ခဲ့ကြပါတယ်။
လတ်တလော ရပ်ဆိုင်းနေတဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုတွေ ပြန်စနိုင်ရေး ဒီခရီးစဉ်အတွင်း တရုတ်သမ္မတက နှစ်ဘက်စလုံးကို ဘယ်လောက်အထိ ဖိအားပေး ပြောဆိုမလဲဆိုတာကို အများက စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။
(Zawgyi / Unicode) ယူကရိန်း ခရီးသည်တင် လေယာဉ်ကို အီရန်စစ်တပ်က ပစ်ချလိုက်ကြောင်း ပြောကြားအပြီး ရက်ဆက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် အစိုးရအပေါ် ပြည်သူတွေက အတော်လေး မကျေမနပ် ဖြစ်နေတယ် ဆိုတာကို ပြသလိုက်တာပါ။
ကမ္ဘောဒီးယားနိုင်ငံအတွင်း ဒေါ်လာဘီလျံနဲ့ချီတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ အနောက်နိုင်ငံတွေကလို ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ နှောင်ကြိုးတွေ ပါမနေတာကြောင့် ဒီ ရင်းနှီးမြုပ်နှံမှုတွေကို ကြိုဆိုလက်ခံခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။
(Zawgyi/ Unicode) အိန္ဒိယနိုင်ငံ ဗြိတိသျှ ကိုလိုနီ လက်အောက် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ခဲ့ပြီး အခုချိန်မှာ မေ့လျော့ခံနေရတဲ့ Indian National Army အိန္ဒိယ အမျိုးသား တပ်မတော် အကြောင်း ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲကို အမေရိကန်အခြေစိုက် Amazon Prime အွန်လိုင်း Channel ကနေ မကြာခင် ပြသတော့မှာပါ။
ကမ္ဘာတလွှား ဒုက္ခသည်ပြဿနာ အမြင့်ဆုံးအနေအတားကိုရောက်ရှိလာနေပြီး ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဒုက္ခသည် ခိုလှုံခွင့်တောင်းခံသူတွေကို မျက်နှာလွှဲပစ်ပယ်ကြတဲ့အတွက် ပြဿနာပိုဆိုးလာမှာကို ဒုက္ခသည်အရေးဆောင်ရွက်သူတွေ စိုးရိမ်နေကြပါတယ်။ VOA သတင်းထောက် Ardita Dunellari ပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် တင်ပြပါမယ်။
(Zawgyi/ Unicode) ကမ္ဘာတလွှား ဒုက္ခသည်ပြဿနာပိုမို နက်ရှိုင်းလာနေပြီး နေရပ်စွန့်ခွာရမှုအခြေအနေဟာ အမြင့်ဆုံး အနေအတားကို ရောက်ရှိလာနေပြီလို့ ကုလသမဂ္ဂ ကဆိုပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲထားတဲ့အမှုကို စွဲချက်တင်ထားသူ ဂမ်ဘီယာအစိုးရနဲ့ ခုခံချေပသူ မြန်မာနိုင်ငံတို့ မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့က နောက်ဆုံး အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်နေတောကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တဲ့တွက်ကြောင့်ဆိုပြီး ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ၊ The Hague မြို့က နိုင်ငံတကာတရားရုံးမှာ စွဲဆိုထားတဲ့အမှုကို ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင် ကြားနာတော့မှာပါ။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇော်ဖြူနဲ့ သားသမီး နှစ်ဦးကို ထိုင်းနိုင်ငံ၊ မယ်ဆိုင် လဝကရုံးမှာ ဖမ်းဆီးထားပြီး မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် သမီးဖြစ်သူနဲ့ အဆက်အသွယ်မရတာ ဆယ်စုနှစ်နဲ့ ချီနေပြီလို့ ဖခင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ က ပြောပါတယ်။
ဒီမိုကရက်လွှတ်တော်အမတ်တွေက ဥပဒေပညာရှင် ၄ ဦးကိုဖိတ်ကြားပြီး သမ္မတကိုအရေးယူနိုင်မယ့် ဖွဲ့စည်းပုံပါ အခြေခံအကြောင်းတရားတွေအကြောင်း ကြားနာပွဲတခု ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ အောက်လွှတ်တော်တရားရေးကော်မတီမှာလုပ်တဲ့ ဒီကြားနာပွဲအကြောင်း Katherine Gypson ရဲ့သတင်းပေးပိုချက်ကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
NLD ပါတီနဲ့ တိုင်းရင်းသားလူမျိုးစု ပါတီတွေအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်ဆိုတဲ့ ဝေဖန်ချက်ဟာ NLD ကိုမလိုလားတဲ့ပါတီတွေရဲ့ ပြောဆိုချက်သာဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး (၃)၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ ကိုဇော်ဝင်းလှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
၁၉၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အမေရိကန်အမျိုးသား သဘာဝဥယျာဉ် သတ်မှတ်ချက်ဟာ နောက်ပိုင်းမှာ ပြောင်းလဲလာခဲ့ပါတယ်။ အမျိုးသားဥယျာဉ်သစ်တွေကို ဘယ်လို သတ်မှတ် ရွေးချယ်ကြသလဲဆိုတာနဲ့အတူ အင်ဒီယားနားပြည်နယ်က သဘာ၀ သဲတောင်ကုန်းကြီးအကြောင်း Erika Celeste ပေးပို့တဲ့သတင်းလွှာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
NCA သဘောတူညီချက်ပါ လုပ်ငန်းစဉ်တွေ မေ ျှာ်လင့်ထားသလောက်အောင်မြင်မှု မရသေးတာဟာ အချင်းချင်းကြား နားလည်မှုလွဲမှားတာ ယုံကြည်မှု လျော့ပါးလာတာတွေကြောင့်ဖြစ်တယ်လို့ ဒီကနေ့ကျင်းပတဲ့ NCA ၄ နှစ်ပြည့်အခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။
NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ပါ လုပ်ငန်းစဉ်တွေ မေ ျှာ်လင့်သလောက် မအောင်မြင်သေးတာက အချင်းချင်း နားလည်မှုလွဲမှား၊ ယုံကြည်မှုလျော့ပါး တာကြောင့်ဖြစ်တယ်လို့ NCA (၄) နှစ်ပြည့်အခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် တင်ပြပါမယ်။
မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ အထူးသဖြင့် ဆုံးဖြတ်ချက်ချနိုင်တဲ့ ခေါင်းဆောင်မှုအပိုင်းမှာ အားနည်းနေတာကြောင့် ဒါကိုမြှင့်တင်နိုင်ဖို့ ရည်ရွယ်တဲ့ ပညာပေးဟောပြောပွဲတခုကို ဒဂုံတက္ကသိုလ်မှာ ဒီကနေ့ ကျင်းပပါတယ်။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
“မြန်မာနိုင်ငံအနေနဲ့ ရာပြည့်ကာလကို ဂုဏ်ပြုတဲ့အနေနဲ့ ILO ရဲ့ ခြေခံပြဌာန်းချက်တခုဖြစ်တဲ့ အငယ်ဆုံး သက်ဆိုင်ရာပြဌာန်းချက် အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးနိုင်ရေး လိုအပ်တဲ့ လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အလေးထားပြီး အသိပေးလိုပါတယ်။ "
မြန်မာနိုင်ငံဟာ ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ရဲ့ ပြဌာန်းချက်တွေ အတိုင်း အလုပ်သမား အခွင့်အရေးတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်