ကမ္ဘောဒီးယားက တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု
ကမ္ဘောဒီးယားနိုင်ငံအတွင်း ဒေါ်လာဘီလျံနဲ့ချီတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ အနောက်နိုင်ငံတွေကလို ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ရမယ်ဆိုတဲ့ နှောင်ကြိုးတွေ ပါမနေတာကြောင့် ဒီ ရင်းနှီးမြုပ်နှံမှုတွေကို ကြိုဆိုလက်ခံခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံထဲက တရုတ်တွေရဲ့ အလုံးအရင်းလာနဲ့ ချေးငွေတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် တိုင်းပြည်က ပေးဆပ်ရတာတွေ ရှိနေပါတယ်။ One Belt One Road ရပ်ဝန်းတခု လမ်းကြောင်းတခုလို့ ခေါ်တဲ့ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအကြောင်းပြ ဖွံ့ဖြိုးရေးအကူအညီတွေနဲ့ သြဇာလွှမ်းမိုးမှုတွေအကြောင်း ဗွီအိုအေ သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က ပြောပြပါလိမ့်မယ်။