မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာရာက သွားလာလှုပ်ရှားမှုတွေ ပိုမိုတင်းကြပ်လာပါတယ်။ ကန့်သတ်ချက်တွေ ကြာလာတာနဲ့အမျှ စားဝတ်နေရေး အခက်အခဲကြုံနေရချိန်မှာ စေတနာရှင်တွေရဲ့ အလှူအတန်းတွေကို အားထားနေရတဲ့ ရန်ကုန်မြို့က ဒေသခံတချို့ရဲ့ အခြေနေတွေကို ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က တင်ပြထားပါတယ်။
ကပ်ရောဂါကြောင့် အဓိကထိခိုက်ခဲ့တဲ့အထဲမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပါဝင်ခဲ့သလို၊ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကိုလည်း ထိခိုက်ခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ပထမဆုံးအကြိမ် အတည်ပြုခဲ့တဲ့ ဒီနှစ်ဆန်းပိုင်းကစလို့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဆင်းရဲနွမ်းပါးသူတွေကို စေတနာရှင်တွေက တပိုင်တနိုင်လှူဒါန်းနေကြပါတယ်။ ဒါပေမဲ့လည်း ကြာလာတာနဲ့အမျှ အခက်အခဲတွေပိုတိုးလာတဲ့အကြောင်း ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က တင်ပြထားပါတယ်။
ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် ကုန်စည်စီးဆင်းမှုတွေမှာ အဟန့်အတားဖြစ်နေရတဲ့ အခြေအနေတွေကို ၂ နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပြီးနောက် ဒီနေ့ကစ ၁၀ ရက်ကြာ စမ်းသပ်ကာလအဖြစ် ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း မူဆယ်မြို့ အခြေစိုက် ဆန်ကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။
မြန်မာ့ရေထွက်ကုန်တွေအားလုံး ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးဖို့နဲ့ သတ်မှတ်ထားတဲ့ သီးသန့်သိုလှောင်ခန်းတွေနဲ့ ပို့ဆောင်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုတ်ပြည်နယ်ခွဲ တာဝန်ရှိသူတွေက ညွှန်ကြားချက် ထုတ်ပြန်လိုက်တဲ့အတွက် မြန်မာကုန်သည်တွေ အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။
ရွှေလီမြို့က ဘဏ်တွေမှာရှိနေတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာသေးခင်ကပဲ ပိတ်လိုက်တာကြောင့် အမြန်ဆုံးဖြေရှင်းပေးဖို့ မြန်မာတာဝန်ရှိသူတွေနဲ့ ကုန်သည်တွေ ဒီနေ့ပဲ တရုတ်နိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုလိုက်တာပါ။
ကမ္ဘာအဝန်း ကိုဗစ်ကာကွယ်ဆေး ရရှိအောင် ကူညီပေးမဲ့ COVAX အဖွဲ့ရဲ့ အကူအညီနဲ့ တရားဝင်ကာကွယ်ဆေးတွေ ဈေးကွက်မှာ ဝယ်လို့ရတဲ့အခါ မြန်မာနိုင်ငံအတွက် မှာယူနိုင်အောင် ကျန်းမာရေးတာဝန်ရှိသူတွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ် အနှစ် ၁ဝဝ ပြည့်အခမ်းအနားကို စည်စည်ကားကား ကျင်းပဖို့ တနှစ်လောက် အချိန်ယူခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အန္တရာယ်ကြောင့် အကန့်အသတ်နဲ့သာ ကျင်းပရတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးမှာပါ။
ရန်ကုန်တက္ကသိုလ်ဟာ တချိန်က အာရှမှာပါ ပညာရေးအရ ထင်ရှားခဲ့သလို ဗြိတိသျှကိုလိုနီ လက်အောက်က လွတ်လပ်ရေးကြိုးပမ်းမှုကနေ၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အုပ်ချုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်လှုပ်ရှားခဲ့ကြတဲ့ သမိုင်းအစဉ်အလာတွေလည်း ရှိခဲ့ဖူးပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC တာဝန်ရှိသူတွေနဲ့ ကချင်ပြည်နယ်မှာ ဒီနေ့တွေ့ဆုံပြီး စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပြမှာပါ။
ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး တရားဝင် ထွက်ပေါ်လာတဲ့အခါ မြန်မာနိုင်ငံမှာလည်း ဝယ်ယူအသုံးပြုနိုင်အောင် အစိုးရနဲ့ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတဲ့အကြောင်း တင်ပြပေးမှာပါ။
မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အထား အပါအဝင် တရားဝင်နေထိုင်ခွင့် လက်မှတ်တွေကို ပြည့်ပြည့်စုံစုံကိုင်ဆောင်ထားကြဖို့ ဒေသခံအာဏာပိုင်တွေ သတိပေးထားပါတယ်။
တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေတဲ့ မြန်မာနိုင်ငံထွက် ဖရဲသီးတွေကို အစောဆုံးရှေ့လဆန်းကစပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေကို တင်ပို့ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပေးမှာပါ။
မကြာသေးခင် လတွေကစလို့ မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တိုးလာတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်ဒေသမှာ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတဲ့အတွက် ကုန်သွယ်မှုတွေမှာ ထိခိုက်နေတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ နှစ် နိုင်ငံ ကုန်သည်တွေ ပြင်ဆင်နေကြပါတယ်။
ကိုဗစ်ရောဂါ တားဆီးဖို့အတွက် ယူနန်ပြည်နယ်၊ တယ်ဟုတ်ပြည်နယ်ခွဲ ကြယ်ဂေါင်မြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ၂ ရက်ကြာ ကိုဗစ်ရောဂါ စစ်ဆေးမယ့် အစီအစဉ်ကို ဒီကနေ့ပဲ စတင်လိုက်တာပါ။
ကိုဗစ်ကပ်ရောဂါကြုံနေရတဲ့ မြန်မာနိုင်ငံမှာ အချိန်မီပြင်ဆင်မထားနိုင်ရင် နောက်ထပ် ကလေး ၂ သန်းလောက် ဆင်းရဲမွဲတေမှုဒဏ် ခံရနိုင်တဲ့ အန္တရာယ် ရှိ ကြောင်း UNICEF က သတိပေးပါသည်။
ရွေးကောက်ပွဲမှာအနိုင်ရထားတဲ့ NLD ပါတီအနေနဲ့ ခေတ်အဆက်ဆက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကိုနိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဆုံးဖြတ်ထားကြောင်း အဖွဲ့ချုပ်ကထုတ်ပြန်လိုက်သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ကြဖို့တိုင်းရင်းသားပါတီ တခုချင်းဆီကို စာရေးသားပေးပို့ထားပါတယ်။ ကိုဇော်ထက် တင်ပြပေးထားပါတယ်။
NLD ပါတီအနေနဲ့ ခေတ်အဆက်ဆက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ ဆုံးဖြတ်ထားကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်လိုက်သလို ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ကြဖို့ တိုင်းရင်းသားပါတီ တခုချင်းဆီကို စာပေးပို့ထားပြီး ဒီအပေါ်မှာ အပြုသဘောဆောင်တဲ့ သဘောထားတွေနဲ့ တုံ့ပြန်လိုက်ပါတယ်။
ယူနန်ပြည်နယ်မှာ တရားမဝင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ လက်ခံထားသူတွေကို ကြီးလေးတဲ့ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ကြောင်း တရုတ်အာဏာပိုင်တွေ သတိပေးလိုက်ပါသည်။
မလေးရှားမှာ တရားမဝင် နေထိုင်နေတဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင်တွေမှာ တရားဝင်အလုပ်ပြန်ခန့်နိုင်ဖို့ ဆုံးဖြတ်ထားကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး Hamzah bin Zainudin က နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်