မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဒေသတွင်း စီးပွားရေးအင်အားကြီးနိုင်ငံတွေ ပါဝင်မယ့် ဒေသတွင်း လွတ်လပ်တဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ဒီသီတင်းပတ်ထဲ လက်မှတ်ရေးထိုးမယ့်အကြောင်း ပြောပြပါမယ်။
ယူနန်ပြည်နယ်ထဲမှာ ကူးစက်မှု မရှိတော့ပေမဲ့ ပြင်ပကဝင်လာတဲ့ ကိုဗစ်ရောဂါကိုတော့ မြန်မာ ၃ ယောက်မှာ စတွေ့ရတယ်ဆိုပြီး ယူနန်ပြည်နယ် ကျန်းမာရေးကော်မရှင်က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
မြန်မာနိုင်ငံမှာ မနေ့တုန်းက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ အားနည်းချက်တချို့ ရှိခဲ့ပေမဲ့ ကြီးကြီးမားမား ပြဿနာမရှိခဲ့ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်အဖွဲ့တွေက သုံးသပ်ခဲ့တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ မနေ့တုန်းက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ အားနည်းချက်တချို့ ရှိခဲ့ပေမဲ့ ကြီးကြီးမားမား ပြဿနာမရှိခဲ့ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်အဖွဲ့တွေက သုံးသပ်ခဲ့တဲ့အကြောင်း တင်ပြပေးမှာပါ။
၂၀၂၀ ရွေးကောက်ပွဲပြီးရင်အလုပ်သမားတွေအနေနဲ့ လစာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပိုပြီး တိုးတက်ကောင်းမွန်မယ်လို့ မျှော်လင့်သလို အလုပ်သမား သမဂ္ဂတွေက တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့အပေါ်မှာလည်း သူတို့က အားကိုးတဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။
မဲပေးခဲ့ကြတဲ့ သူတွေထဲမှာ စက်ရုံလုပ်သား အများအပြားပါနေပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်သမားသမဂ္ဂတွေထဲက တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဉ်ပြိုင်လာတဲ့အပေါ်မှာလည်း အလုပ်သမားတွေက မျှော်လင့်ချက်တွေ ရှိခဲ့ကြတာပါ။
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်နဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ကြား ဘုရားသုံးဆူနယ်စပ်မှာ ဝင်ထွက် သွားလာမှုတွေကို စက်တင်ဘာလနှောင်းပိုင်းကစ ယာယီပိတ်ထားတဲ့ ထိုင်းနိုင်ငံက အခုနောက်ထပ် ၂ ပတ်ထပ်တိုးဖို့ ကြေညာလိုက်တာဖြစ်ပါတယ်။
တရုတ်နိုင်ငံ ရွှေလီမြို့က ဖုန်းအားသွင်းကြိုးစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအမျိုးသမီး ၃၉ ယောက်ဟာ အလုပ်ရှင်ကို လစာတိုးတောင်းပြီး မကြာခင်မှာပဲ အဆောင်ဝင်းထဲ ပိတ်လှောင်ခံခဲ့ရကြောင်း Facebook လူမှုကွန်ရက်မှာ ဖော်ပြလိုက်ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ကြတာပါ။
ကချင်ပြည်နယ် စိုက်ခင်းတွေကထွက်တဲ့ တစ်ရှုးငှက်ပျောတွေကို တရုတ်နိုင်ငံထဲ သယ်ယူပို့ဆောင်ပေးမယ့် ကုန်ကားတွေကို ဝင်ထွက်ခွင့်ပြုဖို့ ၂ နိုင်ငံ သဘောတူလိုက်ပေမဲ့ ကန့်သတ်ချက်တွေလည်း ရှိနေဆဲဖြစ်တဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်၊ ဖြန့်ဖြူးဖို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ရဲ့ မကြာသေးခင်က မြန်မာပြည်ခရီးစဉ်အတွင်း ကမ်းလှမ်းချက်ကို မြန်မာတာဝန်ရှိသူတွေက လက်ခံတဲ့အကြောင်း တုံ့ပြန်လိုက်တာပါ။
သာယာဝတီ ဗဟိုအကျဉ်းထောင်မှာ အကျဉ်းသား ၂၅၀ ကျော်ကို ကိုဗစ်ကပ်ရောဂါ ရှိ၊ မရှိ စစ်ဆေးရာမှာ ၁၆၀ ကို ရောဂါကူးစက်နေတာ တွေ့ရှိခဲ့တာပါ။ ရောဂါကူးစက်ခံရသူတွေကိုတော့ သီးသန့်ခွဲ စောင့်ကြည့်စစ်ဆေးနေတယ်လို့လည်း ပဲခူးတိုင်းကျန်းမာရေး ကူးစက်ရောဂါဌာန အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝင်းသူရမြင့်က ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ လူမှုကွန်ရက်မှာ နိုင်ငံရေး သဘောထားအမြင်တွေ ရေးသားဖော်ပြချက်တွေ များလာနေချိန်မှာပဲ Facebook ကလည်း စောင့်ကြည့် ထိန်းချုပ်မှုတွေ သိသိသာသာ လုပ်လာနေတာပါ။
ထိုင်းနိုင်ငံမှာ အစိုးရချင်း သဘောတူညီချက် MoU နဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးပေမဲ့ ကပ်ရောဂါကာလမှာ ဆက်လက်ခွင့်ပြုပေးဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးနေတဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံနဲ့နယ်စပ် တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီလဆန်းပိုင်းတုန်းက မြန်မာနိုင်ငံသားတွေ လူစုလူဝေးနဲ့ နိုင်ငံရေး စည်းရုံးလှုပ်ရှားခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက အလားတူ လုပ်ရပ်တွေ မဖြစ်အောင် တင်းကြပ်နေတာပါ။
ကိုဗစ်ကပ်ရောဂါကာလ အိမ်နီးချင်းတရုတ်နိုင်ငံက နယ်စပ်အဝင်အထွက်တွေမှာ လုံခြုံရေးနဲ့ စည်းကမ်းချက်တွေ တိုးမြှင့်ထားတာကြောင့် ကုန်သွယ်ရေး ထိခိုက်မှာ စိုးရိမ်နေတဲ့ မြန်မာကုန်သည်တွေက ဆွေးနွေးညှိနှိုင်းဖို့ မြန်မာတာဝန်ရှိသူတွေကို တိုက်တွန်းနေတဲ့အကြောင်း ကိုဇော်ထက် ပြောပြမှာပါ။
မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ ပြန်တိုးလာနေတဲ့အတွက် သွားလာလှုပ်ရှားမှုတွေကို ဒီနေ့ကစ ပြန်လည်ကန့်သတ်လိုက်တာကြောင့် မြန်မာနိုင်ငံသားတွေ သတိထား သွားလာကြဖို့ မြန်မာသံရုံးက သတိပေးလိုက်တဲ့အကြောင်း ပြောပြမှာပါ။
တရုတ်နိုင်ငံမှာ ၂ လနီးပါးအတွင်း ပထမဆုံးအကြိမ် ကိုဗစ်ကပ်ရောဂါ ပြည်တွင်းကူးစက်မှုတွေ တွေ့ရှိခဲ့တဲ့ နိုင်ငံအရှေ့ပိုင်း ချင်းတောင်မြို့မှာ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးနေသလို၊ အဲဒီမြို့မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ကလည်း အခြေအနေကို စိုးရိမ်နေကြပါတယ်။
ကပ်ရောဂါကာလ တမြို့ဝင်တမြို့ထွက် ကုန်တင်နေတဲ့ ကုန်ကားမောင်းသူတွေအတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ တသမတ်တည်း မရှိတာကြောင့် ကုန်စည်ပို့ဆောင်ရေးမှာ အခက်အခဲဖြစ်နေတဲ့အကြောင်း ပြောပြပါမယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးတာကို မလေးရှားနိုင်ငံမှာ ဒီနေ့စတင်ခဲ့ပြီး သူတို့အစိုးရရဲ့ ကိုဗစ်ကပ်ရောဂါ စည်းကမ်းချက် တွေကြားက မြန်မာနိုင်ငံသားတွေ အလွယ်တကူ မဲပေးနိုင်အောင် ပရဟိတအဖွဲ့တွေ ဝိုင်းဝန်းကူညီခဲ့ရပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားတဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံရွှေလီမြို့မှာ ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံတဲ့အနေနဲ့ စုဝေးလှည့်လည်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ အကြောင်းပြောပြပါမယ်
နောက်ထပ်ကြည့်ရှုရန်