မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ဒီနှစ်အတွင်း ပလပ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေးကို အဓိကထားပြီး စည်းရုံးလှုံ့ဆော်ပညာပေးတာတွေ လုပ်ဆောင်နေကြပါတယ်။
ဒါရိုက်တာ အေဝမ်းဦးတင်မောင် ၁၉၃၄ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ မြဂနိုင် ရုပ်ရှင်ဇာတ်ကားကို ယူနက်စကိုရဲ့ ဒေသတွင်းအမွေအနှစ်အဖြစ်နဲ့ စာရင်းသွင်းလိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရုပ်သံအမွေအနှစ်တွေကို အချိန်မီထိန်းသိမ်းဖို့လိုအပ်နေပြီး ပြည်တွင်းမှာ ဒီလို အမွေအနှစ် ဇာတ်ကားတွေရှိတယ်ဆိုတာ နိုင်ငံတကာ က သတိထားမိလာစေဖို့ ကြိုးစားခဲ့တာလို့ ဒီဇာတ်ကားကို ယူနက်စကိုအတွက် တင်သွင်းခဲ့တဲ့ Save Myanmar Film ရဲ့ ဦးဆောင်လူငယ်တစ်ဦးက ပြောလိုက်ပါတယ်။
အမေရိကန် ကုန်သွယ်ရေးပြပွဲ ရန်ကုန်မှာစတင် ဖွင့်လှစ်
American Trade Show ကို ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ အမေရိကန်ပစ္စည်းတွေအပါအဝင် မြန်မာနိုင်ငံတွင်း ဒေသ ထွက်ကုန်တွေကိုလည်း ယဉ်ကျေးမှုဖလှယ်တဲ့အနေနဲ့ ပြသထားပြီး ကုမ္ပဏီပေါင်း ၇၀ ကျော် ပါဝင်ပြသ နေပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ လက်နက်ဖြုတ်သိမ်းဖို့ တပ်မတော်ဖက်က လိုလားနေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖက်ကတော့ ဒီအချက်ကို လက်ရှိအချိန်မှာ လက်မခံနိုင်သေးဘူး လို့ပြောနေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးကိစ္စမှာ အစိုးရ တပ်မတော်နဲ့ NCA လက်မှတ်ထိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေတာပါ။
အသက် ၁၁ နှစ်ကစလို့ VFX ဗွီဒီယိုအထူးပြုလုပ်ချက်တွေကို ကွန်ပျူတာဆော့ဖ်ဝဲနဲ့ ဖန်တီးပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာတင်ရင်း နာမည်ရလာတဲ့ ကိုအောင်မျိုးမင်းမှာ ကြီးမားတဲ့ ရည်ရွယ်ချက်တွေရှိနေပါတယ်။ အခုအသက် ၁၅နှစ်ရှိပြီဖြစ်တဲ့ ဒီလူငယ်လေးရဲ့အိပ်မက်တွေကို သူ့အကြောင်း အစီအစဉ်မှာ ကိုဇော်ထက် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးကို ဝန်ကြီးဌာနရဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်စုံစမ်းရေး အဖွဲ့က စစ်ဆေးနေတာ သက်သေ ၁၇ ယောက်ထိရှိသွားပြီ်ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ကအတည်ပြုပါတယ်။
ကချင်ပြည်နယ် တိုက်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကယ်တင်ပေးဖို့ အစိုးရကို တောင်းဆို လှုပ်ရှားခဲ့တဲ့သူတွေထဲက ဖမ်းဆီးအရေးယူခံရသူပေါင်းဟာ အခုဆိုရင် တဒါဇင်ကျော်အထိ ရှိသွားပါပြီ။ အရပ်သားတွေ စစ်ဘေးဒဏ်ခံနေရတာကနေ လွတ်မြောက်ဖို့ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုခဲ့တာကို အရေးယူဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အပေါ်မှာတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြတာပါ။
ရန်ကုန်မြစ်ထဲမှာ တစ်နိုင်တစ်ပိုင် တံငါသည်တွေ များလာတဲ့အတွက် အပြိုင်အဆိုင် ငါးဖမ်းရင်း အသက်မွေးရတာ အရင်ကလောက် မလွယ်ကူတော့ဘူးလို့ တံငါသည်တွေကပြောကြပါတယ်။ ရန်ကုန်မြစ်နဲ့ ပဲခူးမြစ် ဆုံရာမှာ တံငါသည်တွေရဲ့ တစ်နေ့တာလှုပ်ရှားမှုကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ရိုက်ကူး၊ တင်ဆက် ထားပါတယ်။
အိန္ဒိယနိုင်ငံက ဒီဘဏ္ဍာနှစ်ထဲမှာ မြန်မာနိုင်ငံက မတ်ပဲနဲ့ ပဲတီစိမ်း နှစ်မျိုးပေါင်း တန်ချိန်သုံးသိန်းလောက် ပြန်လည်ဝယ်ယူမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်တာကြောင့် ပြည်တွင်းဈေးကွက်မှာ မတ်ပဲဈေးနှုန်း တက်သွားပါတယ်။
မြန်မာ့သမိုင်းတလျှောက် အင်အားအပြင်းထန်ဆုံး နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့တာ ဒီနေ့မေလ ၂ရက်မှာ ဆယ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ နာဂစ်နောက်ပိုင်းမှာ လူထုရဲ့ သတိရှိမှုနဲ့ အစိုးရ အဖွဲ့အစည်းတွေရဲ့ သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှု အပိုင်းတွေမှာ တိုးတက်လာပေမဲ့လည်း ဒီထက်ပိုပြီး လုပ်ဆောင်ဖို့လိုနေသေးကြောင်း မိုးလေဝသနဲ့ သဘာဝပတ်ဝန်း ကျင်လေ့လာရေး ပညာရှင်တချို့က ပြောပါတယ်။
ဒီနှစ်အတွက် ပေးအပ်တဲ့ Aurora ဆိုကို ကမ္ဘာတဝန်း ပရဟိအကျိုးသယ်ပိုးသူပေါင်း ၇၅၀ ထဲက သုံးယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဆုပေးအပ်ပွဲကိုတော့ လာမယ့် ဇွန်လ ၆ရက်၊ အာမေးနီးယားနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီနှစ်အတွက် ပေးအပ်တဲ့ Aurora ဆုကို ကမ္ဘာတဝန်း ပရဟိအကျိုးသယ်ပိုးသူပေါင်း ၇၅၀ ထဲက နောက်ဆုံး သုံးယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို လာမယ့် ဇွန်လ ၆ရက်၊ အာမေးနီးယားနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာ ဆုရှင် သုံးဦးထဲက တဦးကို ထပ်မံရွေးချယ်ပြီး လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေအတွက် ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၁.၁ သန်း ချီးမြှင့်မှာဖြစ်ပါတယ်။
ဖမ်းဆီးခံ Reuters သတင်းထောက်နှစ်ဦးနဲ့ ဒုရဲမှူး မိုးရန်နိုင် အမှုကိစ္စနဲ့ပတ်သတ်ပြီး ဥပဒေအတိုင်းဖြစ်ဖို့ မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီ PCMJ က လူ့အခွင့်အရေး ကော်မရှင် ကို တိုင်ကြားလိုက်တဲ့ တိုင်ကြားစာနဲ့ ပတ်သတ်ပြီး လူ့အခွင့် အရေး ကော်မရှင်က အမှုကို ထိခိုက်မှုမရှိဘဲ လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို မေတ္တာရပ်ခံ လိုက်ပါတယ်။
မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အကြီးအကဲကို လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှု စွပ်စွဲချက်နဲ့ ဒီနေ့မှာပဲ ဖမ်းဆီးအရေးယူလိုက်ပါတယ် ပုဂ္ဂလိက ကုမ္ပဏီတခုထံက လာဘ်ငွေယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ တိုင်ကြားချက်အရ အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် မှာ သမ္မတအဖြစ်ရွေးချယ်ခံရတဲ့ ဦးဝင်းမြင့်နဲ့ ဒုတိယ သမ္မတနှစ်ဦးက လွှတ်တော် နာယကတွေရဲ့ ရှေ့မှာ ကျမ်းကျိန် ကတိသစ္စာပြုလိုက်ပါတယ်။ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ပန်းတိုင်(၃)ရပ်ကို ဦးတည် လုပ်ဆောင် မယ်လို့ သမ္မတဦးဝင်းမြင့်ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။
လက်တလောတွေ့ကြုံနေရတဲ့ နိုင်ငံတကာ အရေးကိစ္စတွေနဲ့ ပတ်သတ်ပြီး သမ္မတဦးဝင်းမြင့်ရဲ့ လာမယ့် သုံးနှစ်တာ ကာလအတွင်းမှာ အစိုးရအဖွဲ့အနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ နဲ့ပတ်သတ်ပြီး အများစုက စိတ်ဝင်စား နေကြပါတယ်။ အစိုးရရဲ့ နိုင်ငံတကာ ဆက်ဆံရေး သံခင်းတမန်ခင်း ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ကျွမ်းကျင်တဲ့သူတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားသင့်တယ်လို့ နိုင်ငံရေးလေ့လာသူတစ်ချို့က သုံးသပ်ထားပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် သက်တမ်းထက်ဝက်မှာ နောက်ထပ် အရပ်သားသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်လိုက်ပါပြီ။ နိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အကျပ်အတည်းတွေ၊ နိုင်ငံခြားရေးရာ နဲ့ နိုင်ငံရေးမူဝါဒတွေ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးနဲ့ အစိုးရဝန်ကြီးဌာနတွေအပေါ် ကိုင်တွယ်ဖြေရှင်းမှုတွေမှာ ကောင်းသော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိပါတယ်။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အခြေခံပြီးမှ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံအဖြေရှာရေးဆောင်ရွက်ရမှာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်နေ့အခမ်းအနားမိန့်ခွန်းပြောဆိုခဲ့တဲ့အပေါ်၊ တိုင်းရင်းသားလက်နက်ကိုင်အချို့ကတော့ ဒါကို လက်မခံပါဘူး၊ NCA ကို ပြုလွယ်ပြောင်းလွယ်တဲ့အခြေအနေဖြစ်မှာသာ တွေ့ဆုံဆွေးနွေးရေးအတွက် အဆင်ပြေမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ AAPP-B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ကို နိုင်ငံရေး အခက်အခဲတွေကြားက ထိုင်း-မြန်မာ နယ်စပ်မှာ စတင် တည်ထောင်ခဲ့တယ်လို့ အဖွဲ့စတင်တည်ထောင်ခြင်း ၁၈ နှစ်ပြည့် အခမ်းအနားမှာ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ တပ်မတော်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အကြား ဖြစ်ပွားနေတဲ့ တင်းမာမှုတွေရပ်စဲသွားဖို့ အဓိကထားပြီး JMC-U ရဲ့ (၁၅)ကြိမ်မြောက် အစည်းအဝေး နှစ်ရက်တာကာလမှာ ဆွေးနွေးခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်