မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ဒုတိယအကြိမ်မြောက် ပေးအပ်တဲ့ ရှူးမန်း (Schuman Award) ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးဆုကို မြန်မာနိုင်ငံက လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ ဒေါ်ခင်သန်းထွေး၊ ချယ်ရီဇက်ဟောင်းနဲ့ ကိုဆွေဝင်း တို့သုံးဦးရရှိသွားပါတယ်။
ကချင်အမျိုးသားနှစ်ဦးအသတ်ခံရမှု ရဲစတင်စစ်ဆေး ကချင်ပြည်နယ်၊ မံစီမြို့အတွင်းက စစ်တပ် ကန့်သတ်နယ်အတွင်းမှာ မတ်လ ၈ ရက်နေ့က တွေ့ရှိခဲ့တဲ့ ကချင် စစ်ရှောင် ဒုက္ခသည်နှစ်ယောက်ရဲ့ အမှုကို စတင် စုံစမ်း စစ်ဆေးနေပြီး မျက်မြင် သက်သေ ၂ ဦးကိုလည်း ဒီကနေ့ စစ်ဆေးဖို့ ရှိနေပါတယ်။ သေဆုံးသူ နှစ်ဦးဟာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ယူဆရကြေင်း ဒီအမှုကို အစအဆုံး လိုက်ပါကူညီနေသူ တစ်ဦးက ပြောပါတယ်။
အမျိုးသမီးတွေဟာ အမျိုးသားတွေနည်းတူ စွမ်းဆောင်ရည် ရှိကြပေမယ့်လည်း ခွဲခြား ဆက်ဆံမှုတွေ မြန်မာနိုင်ငံမှာ ရှိနေဆဲ ဖြစ်တယ်လို့ မနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားမှာ ပါဝင်ဟောပြောခဲ့ကြသူတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က တင်ပြပေးထားပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးရုံးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကချင်ပြည်နယ်မှာ ဒီနေ့မနက်ပိုင်းက ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံ ဆက်ဆံရေးရုံးကတဆင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အပါအဝင် အခြား ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ တင်ပြထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ အာဏာပိုင်တွေက သူတို့နဲ့ အယူအဆ မတူသူတွေကို အလွယ်တကူ ဖိနှိပ် အရေးယူလို့ ရနိုင်အောင် ရည်ရွယ် ရေးဆွဲထားတဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ဒီဥပဒေ မူကြမ်းကို ဆန့်ကျင်သူတွေက ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာ အဲဒီ ငြိမ်းစုစီ ဥပဒေကြမ်းကို ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။
လွှတ်တော်မှာ ဆွေးနွေးဖို့တင်ပြထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့စီတန်းလှည့်လည်ခွင့် ပြင်ဆင်တဲ့ဥပဒေကြမ်းဟာ အာဏာပိုင်တွေက သူတို့နဲ့ အယူအဆမတူသူတွေကို အလွယ်တကူ ဖိနှိပ်အရေးယူဖို့ ရည်ရွယ် ရေးဆွဲထားတဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ဆန့်ကျင်သူတွေက ပြောပါတယ်။ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ထက်က တင်ပြပေးပါမယ်။