ရန်ကုန်တိုင်းအတွင်း အငှားအိမ်ယာ စီမံကိန်းတချို့ကို တိုင်းဒေသကြီးအစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေတာမှာ ဒေသခံတွေကြား စိုးရိမ်မှုတွေနဲ့ ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။
ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအတွက် တတိယအကြိမ် မြောက်ပေးအပ်တဲ့ Schuman Award ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံက လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ဒေါ်နန်ပူ၊ ဦးရောဘတ်စန်းအောင်နဲ့ ဦးအောင်ကျော်မိုး တို့သုံးဦးရရှိသွားပါတယ်။ဗွီအိုအေသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ သတင်း ပေးပို့ထားပါတယ်။
ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအတွက် တတိယအကြိမ် မြောက်ပေးအပ်တဲ့ ရှူးမန်း (Schuman Award) ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံက လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ဒေါ်နန်ပူ၊ ဦးရောဘတ်စန်းအောင်နဲ့ ဦးအောင်ကျော်မိုး တို့သုံးဦး ရရှိသွားပါတယ်။
ငြိမ်းချမ်းရေးရဖို့ဆိုရင် ပြည်သူအားလုံး ပါဝင်လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခု ရှိဖို့လိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာလုပ်တဲ့ (၇၂) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားမှာ အဲဒီလို ထည့်ပြောသွားတာပါ။
ရှမ်းပြည်နယ်က အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှာ ပါဝင်လုပ်ဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲက ပြင်သစ်အခြေစိုက် ENGIE စွမ်းအင်ကုမ္ပဏီ နုတ်ထွက်တော့မယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။
မြစ်ဆုံဆည်စီမံကိန်း ပြန်စမယ့် အရိပ်လက္ခဏာတွေ ပြန်ပေါ်လာနေတဲ့အတွက် ဒီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ လည်း တကျော့ ပြန်ပေါ်လာပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လုပ်မယ်ဆိုရင် လက်ရှိအာဏာရပါတီ NLD အနေနဲ့ အခြေခံ အချက်သုံးချက်ကို အရင်ဆုံး ပြင်ဆင်နိုင်အောင် ကြိုးစားသင့်တယ်လို့ နိုင်ငံရေး ပါတီ တချို့နဲ့ နိုင်ငံရေးလေ့လာသူတွေက အကြံပြု ကြပါတယ်။
လုပ်ပိုင်ခွင့်ဆိုင်ရာ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ထားတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အပေါ် တိုင်ကြားစာတစောင်ကို ဇန်နဝါရီလ ၂၄ ရက်၊ ကြာသပတေးနေ့ မှာ လက်ခံရရှိထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ပြောခွင့်ရတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။
လက်ရှိမှာ တရားမဝင်ဆန်တင်သွင်းတာတွေအားလုံးကို ယူနန်ဘက်က ပိတ်ထားသလို တရားဝင် ဆန်တင်သွင်းမှုအပေါ် သူတို့သတ်မှတ်ထားတဲ့ အခွန်နှုန်းထားကလည်းများနေလို့ တရုတ်ကုန်သည်တွေက မြန်မာ့ဆန်ကို မဝယ် တော့ဘဲ လက်ရှိမှာ အဝယ်အားလုံးကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။
တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရ တဲ့ ဒုက္ခသည်အရေအတွက်ဟာ ၆၀၀၀ ထိ ရှိလာ နေပြီလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRCနဲ့ ရခိုင်အနှံ့မှာ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ ဝံလက်ဖောင်ဒေးရှင်းတို့က အတည်ပြုပြောဆိုပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ နဲ့ အစိုးရ၊ တပ်မတော်တို့ကြား နေပြည်တော်မှာ ဒီလအတွင်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးတဦးက ဗွီအိုအေကိုပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းက လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RCSS နဲ့ SSPP တို့ကြား တိုက်ခိုက်နေတာတွေ အမြန်ဆုံးရပ်တန့်ဖို့ ဒေသခံ စစ်ရှောင်ပြည်သူတွေက တောင်းဆိုလိုက်ကြ ပါတယ်။
မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဂိတ်ကို လုံခြုံရေးကြောင့်ဆိုပြီး မြန်မာဘက်ခြမ်းပိတ်လိုက်တာအခုဆိုရင် ၁၂ရက် ရှိပြီဖြစ်လို့ မြန်မာဘက်က ဒေါ်လာသန်းချီနစ်နာဆုံးရှုံးမှုတွေရှိနေတယ်လို့ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း တာဝန်ရှိသူကပြောလိုက်ပါတယ်။
ကုန်ဆုံးသွားတဲ့၂၀၁၈တွင်း လူအများစုရဲ့စားဝတ်နေရေး စီးပွားရေးအပါအဝင် အခြေအနေအရပ်ရပ်ဟာ သိသိသာသာတိုးတက်မှုမရှိခဲ့ဘူးလို့ လေ့လာသုံးသပ်ထားကြပါတယ်။၂၀၁၉အတွက် ဘာတွေမျှော်လင့်ထားကြပါသလဲ။ ဘဝတွေအပေါ် တိုက်ရိုက်သက်ရောက်မှုဖြစ်စေမယ့် ဘယ်လို တိုးတက်မှုတွေကို မြင်ချင်ကြပါသလဲ။ ကိုဇော်ထက်နဲ့ ကိုစိုင်းတို့တင်ဆက်ထားပါတယ်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ဘက်က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ဆေးရေးတင်းကျပ် တာ၊ အဲဒီကနေ မူဆယ် ၁၀၅ မိုင်ဂိတ်ကို မြန်မာဘက်က ပိတ်လိုက်တာ စတဲ့ဖြစ်ရပ်တွေကြောင့် နစ်နာ ဆုံးရှုံးမှုတွေနဲ့ ကြုံကြရပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ညောင်ရွာကျေးရွာက အိမ်ခြေ ၁၀၀ ကျော်ကို ကျူးကျော်နေထိုင်တယ်ဆိုပြီး ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ်တွေ ဒီနေ့မနက်ပိုင်းက အင်အားသုံးဖျက်ဆီးဖို့ ကြိုးပမ်းလာလို့ ဒေသခံတွေဘက်ကလည်းခုခံကာကွယ်ရင်း ရုန်းရင်းဆန်ခတ်အနည်းငယ်ဖြစ်ပွားခဲ့ ပါတယ်။
အခြေခံပညာသင်ရိုးညွှန်းတန်း မူလတန်းအဆင့် စာရိတ္တနဲ့ ပြည်သူ့နီတိ သင်ခန်းစာမှာ စကားလုံးတချို့ က လူမျိုုး၊ ဘာသာခွဲခြား ဆက်ဆံပုံရတဲ့ အဓိပ္ပာယ်တွေပါဝင်ပြီး ဒါဟာ အမုန်းတရားကို အခြေခံတဲ့ပဋိပက္ခကို ဦးတည်နိုင်လို့ ပြန်ပြီးသုံးသပ်ပေးဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က သမ္မတကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။
TNLA ဘက်က ထုတ်ပြန်ထားတဲ့ တနင်္လာနေ့က ရှမ်းပြည်နယ်၊ ကွတ်ခိုင်ဒေသဘက်မှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်မှန်တဲ့အကြောင်း တပ်မတော်ဘက်က ငြင်းပါတယ်။
မြန်မာကျပ်ငွေတသောင်းတန်အတုတွေနဲ့ လက်ဝယ်ဖမ်းဆီးခံရမှုတွေ တဖြေးဖြေး စိတ်လာတာကြောင့် ၊ အများပြည်သူကြားထဲ ကျပ်တသောင်းတန်ငွေစက္ကူအပေါ် စိုးရိမ်စိတ်တွေဖြစ်လာနေပါတယ်။
မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိနေတဲ့ မြေမြှုပ်မိုင်းတွေကိုရှင်းလင်းဖို့ မလုပ်ဘူးဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အတားအဆီးဖြစ်လိမ့်မယ်လို့ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL တာဝန်ရှိသူ တဦးကပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်