ထပ်မံပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုပြဌာန်းထားတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟာ ပြည်တွင်းငြိမ်းချမ်း ရေး တည်ဆောက်တဲ့ လုပ်ငန်းစဉ်မှာ အတားအဆီးဖြစ်နေတယ်လို့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။
လက်ရှိအာဏာရ အန်အယ်ဒီအစိုးရအနေနဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချဖို့ ရည်ရွယ်ပြီး ရေတို အတွက် ဆောင်ရွက်တာ မဟုတ်ဘဲ နောင်မျိုးဆက်အတွက် လုပ်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပုဂံသရပါဟိုတယ် ကနေအလုပ်ထုတ်ခံလိုက်ရတဲ့ဝန်ထမ်းတွေကအလုပ်ပြန်ရဖို့တောင်းဆိုတဲ့အနေနဲ့ဒီနေ့ဒီဇင်ဘာ၁၃ရက်မနက်ပိုင်းကပုဂံကနေနေပြည်တော်ထိလမ်းလျှောက်ချီတက်တာမှာရဲတပ်ဖွဲ့ကအင်အားသုံးဖြိုခွင်းတဲ့အတွက်ထိခိုက်ဒဏ်ရာရတာတွေရှိသွားပါတယ်။ဒါ့အပြင်သပိတ်ခေါင်းဆောင်အချို့လည်းဖမ်းဆီးခံထားရပါတယ်။
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ပြီးပြန်လာတဲ့ အမျိုးသမီးတစ်ယောက်ဆီက မြန်မာငွေတစ်သောင်းတန် အတုတွေမိတဲ့ကိစ္စမှာ လူမှုရေးအဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ရှေ့နေငှားပြီး ဝိုင်းဝန်းကူညီဖို့လုပ်ဆောင်နေပါတယ်။
အမေရိကန်စင်တာမှာ သုံးရက်ကြာကျင်းပတဲ့ “မြန်မာနည်းပညာ စခန်းသွင်းလေ့ကျင့်မှု-အနာဂတ် မျိုးဆက်အတွက် မီဒီယာသိနားလည်မှု” အစီအစဉ်အဆုံးသတ် ဒီနေ့မှာ လုပ်ကြံသတင်းနဲ့ အမှန်သတင်းတွေကြား ခွဲခြားသိနားလည်နိုင်စွမ်း အတိုင်းအတာတခုထိရှိဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံက မသန်စွမ်းကလေးငယ်တွေ ပညာသင်ယူရေးမှာ အတားအဆီးတွေရှိနေသေးတယ်လို့ ဒီကလေးတွေရဲ့ ပညာရေး ကူညီလုပ်ဆောင်ပေးနေသူတစ်ဦးကပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ရန်ကုန်ကန်တော်ကြီးဥယျာဉ်မှာလုပ်တဲ့ မသန်စွမ်းသူတွေကို ဂုဏ်ပြုကြိုဆိုပွဲအတွင်း မသန်စွမ်းလူငယ်တွေရဲ့ ပညာရေးအတားအဆီးအကြောင်း ဒီကလေးတွေရဲ့ ပညာရေး ကူညီလုပ်ဆောင်ပေးနေသူတဦးက VOA ကို ပြောပါတယ်။ ကိုဇော်ထက် တင်ဆက်ထားပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ ‘အသံ’ အဖွဲ့တည်ထောင်သူ မောင်ဆောင်းခကို နယ်သာလန်နိုင်ငံက Human Rights Tulip Myanmar 2018 ဆုကို ပေးအပ် လိုက်ပါတယ်။
ကချင်ပြည်နဲ့ ရှမ်းမြောက်ဒေသ စစ်ရှောင်စခန်းတွေရှိတဲ့ဒေသတွေမှာ အအေးလွန်ကဲနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့တွေကပြောပါတယ်။
ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်မှာအကောင်အထည်ဖော်မယ့်Eco Green City စီမံကိန်းဟာကာလရှည်ကြာနေပြီဖြစ်သလိုလူထုကိုအသိပေးချုပ်ဆိုထားတဲ့ သဘောတူညီချက်မဟုတ်လို့ပွင့်လင်းမြင်သာတဲ့စီမံကိန်းမဟုတ်ဘူးလို့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အရပ်ဘက်အဖွဲ့အစည်းတွေကဝေဖန်နေကြပါတယ်။
ပြည်တွင်းစစ်ကြောင့်နေရပ်စွန့်ခွာနေရတဲ့သူတွေ၊ ပြည်ပထွက်ပြီးအလုပ်လုပ်နေရတဲ့ တိုင်းရင်းသားဒေသကလူတွေအတွက် နေရပ်ပြန်ဖို့ အာမခံချက်မရှိသေးဘဲ မြေလွတ်မြေရိုင်းဥပဒေကို အစိုးရကအကောင်အထည်ဖော်မယ်ဆိုရင် ပြဿနာ ပိုကြီးသွားနိုင်တယ်လို့ မြေယာပြဿနာဆိုင်ရာ လှုပ်ရှား ဆောင်ရွက်နေသူတွေက ပြောပါတယ်။
မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဟာ အဖွဲ့ရဲ့ သဘောထား ရပ်တည်ချက်တွေကိ ညှိနှိုင်းဖို့ ဒီနေ့ကစလို့ ၅ ရက်ကြာ အရေးပေါ် အစည်းအဝေးတရပ် စတင်ကျင်းပနေပါပြီ။
၂၀၁၅ ခုနှစ်နောက်ပိုင်းလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေရဲ့ ပြည်နယ်မဲဆန္ဒနယ်တွေမှာ တိုင်းရင်းသားပါတီတွေ ပိုပြီး အားကောင်းလာတာသဘောရှိနေပါတယ်။
မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးခံစားခွင့် ပေးထားတာကို ပြန်လည်ရုပ်သိမ်းလိုက်မယ်ဆိုရင် ကြုံရနိုင်တဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂ (EU) အဖွဲ့ကို တင်ပြခဲ့ကြောင်း မြန်မာလုပ်ငန်းရှင်တွေက ပြောဆိုလိုက်ကြပါတယ်။
ရခိုင်ပြည်နယ်အရေးကိစ္စကိုအကြောင်းပြပြီး မြန်မာနိုင်ငံကိုပေးထားတဲ့ကုန်သွယ်ရေးအထူးအခွင့်အရေးတွေကို ဥရောပသမဂ္ဂ-EU ကရုပ်သိမ်းတာဟာပဋိပက္ခကိုနည်းမှန်လမ်းမှန်အဖြေရှာတာမဟုတ်ဘူးဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-CTUM တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သတင်းဌာနတွေဟာ မှားယွင်းတဲ့ အချက်အလက်တွေကို အခြေခံပြီး သတင်းတွေ ထုတ်ပြန်နေတယ်လို့ သေနင်္ဂဗျုဟာ လေ့လာရေးအဖွဲ့ (TISS) က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေက ဝေဖန်ကြပါတယ်။ ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။
UNDP၊ ဗဟိုစာရင်းအင်း အဖွဲ့ နဲ့ ကမ္ဘာ့ဘဏ်(မြန်မာ)တို့ ပူးတွဲပြုစုခဲ့တဲ့ မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်းရဲ့ စာရင်းအင်းတွေအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းက ကျန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာ ၁၆ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီး စီးပွားရေးဟာအရင်ကထက် ပိုပြီးခိုင်မာလာတယ်လို့ပြောပါတယ်။
သံလွင်မြစ်ပေါ်က ပြည်နယ်သုံးခုမှာအကောင်အထည်ဖော်မယ့် ရေကာတာစီမံကိန်း ၆ ခုကြောင့် ဒေသခံလူထုအတွက်နစ်နာဆုံရှုံးမှုတွေ ဖြစ်လာနိုင်သလို ဘာသာဝပတ်ဝန်းကျင်နဲ့ ဇီဝမျိုးစိတ်တွေအပြင် တိုင်းရင်းသားမျိုးနွယ်စုတချို့ရဲ့ ယဉ်ကျေးမှုဓလေ့တွေပါ ပျောက်ဆုံးသွားနိုင်တဲ့ ခြိမ်းခြောက်မှုတွေရှိနေပါတယ်။
မီးပုံးလေးတွေဖန်တီးပေးရတာနှစ်သက်သလို ရိုးရာဓလေ့မပျောက်ပျက်စေချင်တဲ့စိတ်နဲ့ သီတင်းကျွတ်မီးပုံလေးတွေ လုပ်ပြီးရောင်းတဲ့သူ၊ ရန်ကုန်တိုင်း၊ သန်လျှင်မြို့နယ် ဘုရားကုန်းကျေးရွာက ဦးဇော်ဝမ်းနဲ့ သူ့အကြောင်းအစီအစဉ်မှာ မိတ်ဆက်ပေးထားပါတယ်။ ကိုဇော်ထက် ရိုက်ကူးတင်ဆက် ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်