ဒေါက်တာ William Schabas ဟာ မတ်လ ၅ ရက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ လုပ်တဲ့ ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောပွဲကို တက်ရောက်ပြီး တက္ကသိုလ်ပေါင်းစုံက ဥပဒေ ကျောင်းသားတွေ၊ ဥပဒေ ပါမောက္ခ၊ ကထိကတွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။
တရုတ်အကျဉ်းစခန်း ၁၈ ခုမှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာသင်္ဘောသား ၆၃ ယောက်ရဲ့ အမှုတွေအတွက် အမြန်စီရင် ဆောင်ရွက်ပေးနိုင်အောင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက် ပေးနေတယ်လို့ ပေကျင်းမြန်မာသံရုံးက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် Covid 19 တရုတ်ပြည်တွင်းပျံ့နှံ့နေတာကို တားဆီးနိုင်ဖို့ ယူနန်ပြည်နယ်၊ ရွှေလီမြို့ အာဏာပိုင်တွေက တလလောက်ပိတ်ထားခဲ့တဲ့ မြန်မာ- တရုတ် နှစ်နိုင်ငံကြား မူဆယ်ကုန်သွယ်ရေးဂိတ်တွေကို ဖေဖော်ဝါရီ ၂၃ ရက်က ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံသား တရားမဝင်အလုပ်သမားတွေ နေရ ပ်ပြန်ချင်တဲ့အတွက် မြန်မာ တာဝန်ရှိသူတွေကို အကူအညီတောင်းနေကြတာမှာ နန်နင်းမြို့ကောင်စစ်ရုံးကို ဆက်သွယ်ထားသူ ၈၀၀ ကျော်ရှိ ပြီလို့ ကောင်စစ်ရုံးတာဝန်ခံက ဗွီအိုအေကိုပြောပါတယ်။
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို တသီးပုဂ္ဂလအစီအစဉ်နဲ့ လာရောက်မယ့်သူတွေ တရုတ်အစိုးရက တရားဝင် ထုတ်ပေးတဲ့ ကျန်းမာရေးထောက်ခံစာ တင်ပြနိုင်ရင် e-visa လျှောက်ထားနိုင်တယ်လို့ ဟိုတယ်နဲ့ခရီးသွား ဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန် ပါတယ်။
တရုတ်နိုင်ငံကနေ လည်ပတ်မယ့် ဧည့်သည်တွေဆီကနေ ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး ဆက်လက်ဆောင်ရွက်ရန် ဆိုတဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထုတ်ပြန်ချက်အပေါ်မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတချို့က ဒီအစီအစဉ်ကို မသိထားကြောင်း ငြင်းဆိုလိုက်ပါတယ်။
လုပ်ခလစာတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုအပေါ် အလုပ်ရှင်နဲ့အစိုးရက တာဝန်ယူ ဖြေရှင်းပေးဖို့ တောင်းဆိုနေတဲ့ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားဆန္ဒပြပွဲဟာ ၄ ရက်မြောက်အထိ ပြေလည်မှုမရသေးပါဘူး။
တရုတ်ပြည်တွင်း Covid 19 ကိုရိုနာဗိုင်းရပ် ကူးစက်နှုန်းဆက်ပြီး တိုးနေသလို တရုတ်နဲ့ စီးပွားရေးအရ ပတ်သက်မှုရှိတဲ့ မြန်မာနိုင်ငံလို ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေးကိုလည်း ရိုက်ခတ်လာပါတယ်။
ကူးစက်မြန် အဆုတ်ယောင် ရောဂါ ဖြစ်ပွါး နေနိုင်တယ်လို့ ယူနန်အစိုးရ သံသယရှိတဲ့ ပျောက်ဆုံးနေတဲ့ ဝူဟန်မြို့သား ၅ ယောက် ထဲက နောက်ထပ် တယောက်ကို တရုတ်နိုင်ငံထဲမှာပဲ ပြန်တွေ့ပြီလို့ တရုတ်အာဏာပိုင်တွေက မူဆယ် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။
ပြင်းထန် အဆုတ်ယောင်ရောဂါ ဖြစ်စေတဲ့ Corona ဗိုင်းရပ်စ်ပိုး မပျံ့ပွားအောင် ထိန်းချုပ်တဲ့အနေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အာဏာပိုင်တွေ ပိတ်ထားခဲ့တဲ့ ရွှေလီ- မူဆယ်နယ်စပ် ကုန်သွယ်ရေး ဂိတ်ကို နောက်ထပ် ၂ ပတ် ထပ်တိုးပြီး ပိတ်ထားမယ်လို့ ပြောဆိုလိုက်ပါတယ်။
နည်းပညာအထောက်အကူနဲ့ ကလေးတွေ ပညာသင်ကြားရေး စနစ်တခု ဖန်တီးနိုင်ခဲ့တဲ့ 360ed အဖွဲ့ဟာ ဂျပန်နိုင်ငံ Nikkei Asian Review က ပေးအပ်တဲ့ ‘အကောင်းမွန်ဆုံး ဖန်တီးထုတ်လုပ်မှု’ ဆုကို ရရှိခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စတင်ခဲ့တဲ့ တရုတ် နိုင်ငံ ကနေ မြန်မာနိုင်ငံကို မကြာသေးခင်ကမှ လာရောက်တဲ့ တရုတ်နိုင်ငံသားတွေကို အထူးသတိထား စောင့်ကြည့် နေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးမှူးတွေက ပြောပါတယ်။
Coronavirus ပိုး ပျံ့နှံနေချိန်မှာတရုတ်နိုင်ငံသားတွေ အိမ်နီးချင်း မြန်မာနိုင်ငံထဲကို တရားမဝင် နယ်စပ်ဂိတ်တွေကနေ တဆင့် အလွယ်တကူဖြတ်သန်း ဝင်ရောက်တာတွေ ရှိနေတာကြောင့် အတတ်နိုင်ဆုံး ထိန်းချုုပ်ဖို့ ကြိုးစား နေတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တရုတ်နိုင်ငံမှာ ပြည်နယ် ပေါင်း ၃၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ပျံ့နှံ့တဲ့နောက် မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ ယူနန်ပြည်နယ်ထဲက မြန်မာအလုပ်သမား ထောင်ချီပြီး နေရပ်ပြန်နေကြသလို ဒေသခံတွေ ဘက်ကလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
ကိုရိုနာဗိုင်းရပ်ပိုးသစ် ကူးစက်ပျံ့နှံ့မှု စတင်ရာ တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသား အယောက် ၆၀ ကျော်ကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ စတင် ခေါ်ဆောင်ဖို့ လုပ်ဆောင် နေပါပြီ။
တရုတ်ယူနန်ပြည်နယ်ထဲမှာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် စက်ရုံအလုပ်ရုံတွေပိတ်လိုက်တဲ့ အတွက် ရာနဲ့ချီတဲ့ မြန်မာ အလုပ်သမားတွေ နေရပ်ပြန်နေကြပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မှာစ တင်ဖြစ်ပွါးတဲ့ ကူးစက်မြန် အဆုတ်ရောင်ရောဂါ ပျံ့နှံ့လာတဲ့ ယူနန်ပြည်နယ် မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား တချို့ကို ဒီနေ့လွှဲပြောင်းပေးမယ်လို့ ယူနန်အစိုးရဘက်က ပြောလာတဲ့အတွက် အရေးပေါ်ပြင်ဆင်မှုတွေလုပ်နေကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးကပြောပါတယ်။
မြန်မာနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်ကူးစက်ပြီး အဆုတ်ရောဂါဖြစ်ပွားတဲ့သူ ၁၆ယောက်ကို တွေ့ရတယ်လို့ ယူနန်ပြည်နယ် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာကော်မရှင်က မနေ့က ကြေညာချက်ထုတ်ပြန် ခဲ့တဲ့အတွက် မြန်မာဘက်က အရေးယူ ဆောင်ရွက်မှုတွေ တိုးလုပ်လာပါတယ်။
ရန်ကုန်အမေရိကန်စင်တာမှာ ၂ ရက်ကြာ ကျင်းပမယ့် MakerFest 2020 နည်းပညာ၊ အနုပညာ တီထွင်ဖန်းတီးမှု ပွဲတော်ကို ဒီနေ့ ဇန်နဝါရီ ၂၄ရက်နေ့မှာ စတင်လိုက်ပါပြီ။
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် တရုတ်သမ္မတရဲ့ မြန်မာပြည် ၂ ရက်တာ ခရီးစဉ်မှာ နှစ်နိုင်ငံကြား စီးပွားရေး၊ စိုက်ပျိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှု ၃၃ ခု ရရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်